Match Report Premier League

ချဲလ်ဆီးကွင်းမှာ လူမစွမ်း နတ်မ,လို့ သရေရခဲ့တဲ့ ဖျင်ယားမှု ရောဂါရှင် အာဆင်နယ်

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ ဂူစတို၊ သီယာဂို ဆေးလ်ဗား၊ ကောလ်ဝီလ်နဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂါလာဂါနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ စတာလင်နဲ့ မူဒရစ်ခ်တို့ကို အပြောင်းအလဲ သိပ်မရှိဘဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဇင်ချန်ကိုတို့နဲ့ အပြောင်းအလဲ မရှိခဲ့ပေမယ့် စိတ်ပျက်စရာ ကိုယ့်အသင်း ကိုယ်ပြန်သတ်တဲ့ အမှားဖြစ်တဲ့ ဂျော်ဂျင်ညိုကို ရိုက်စ်၊ အော်ဒီဂွါဒ်တို့နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ခင်းကျင်းလာခဲ့တာပါ။

အိမ်ရှင်နည်းပြ ပိုချက်တီနိုအနေနဲ့ အလကားနေရင်း ဖျင်မယားသင့်ကြောင်းကို အတွေ့အကြုံတွေအရ သဘောပေါက်ထားခဲ့လို့ သူ့ရဲ့ ရစ်သမ် မိနေခဲ့တဲ့ အသင်းကို ဖုန်တောင် မခါဘဲ သုံးခဲ့ချိန်မှာ ဧည့်သည်နည်းပြ အာတီတာကတော့ အတွေ့အကြုံဆိုတာ ဒီတစ်သင်းသာ ရှိသေးတာကြောင့် ငါလုပ်ရင် အကုန်ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုံးဝအံမဝင်တဲ့ ဂျော်ဂျင်ညိုကို ထည့်သွင်းခဲ့ရာမှာ ငါးပါးမှောက်ခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးတို့ရဲ့ လျင်မြန်တဲ့ တောင်ပံနဲ့ တိုက်စစ်က တိုးအားတွေကို ထိန်းမယ့်သူက ဇင်ချန်ကိုနဲ့ ဂျော်ဂျင်ညိုဆိုတော့ ကြည့်လိုက်တာနဲ့ အာဆင်နယ်ဖန်တွေ ငိုချင်လောက်အောင်ဖြစ်ခဲ့ရပြီး ပါတေးကို ဘာဖြစ်လို့ မသုံးရဲတာလဲလို့ မေးရမယ့်အချိန်မှာ အချိန်တန်ရင် ရှုံးထွက်အဆင့်ကနေ လှည့်ပြန်ရမယ့် ချန်ပီယံလိဂ်ကို အရေးကြီးတဲ့ လန်ဒန်ဒါဘီထက် မျှော်လင့်ချင်နေတာလားလို့ ဒေါသထွက်စရာလည်းဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၁၅ မိနစ်မှာ မူဒရစ်ခ်ရဲ့ ခေါင်းတိုက်ချက်ကို လက်နဲ့ ပိတ်မိတဲ့ ဆာလီဘာကြောင့် အာဆင်နယ်တို့ ထိုက်ထိုက်တန်တန် ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ခြေစွမ်းပြနေတဲ့ ပါးလ်မားက ညာဘက်ကို ဒိုက်ပစ်တဲ့ ရာယာနဲ့ ဆန့်ကျင်ဘက် ဘယ်ဘက်တိုင်ခြေကို အသာအယာပဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကွင်းလယ်မှာ ကပ္ပတိန် အော်ဒီဂွါဒ်က စုတ်ပြတ်နေတာ လေးငါးပွဲ ရှိနေပြီဖြစ်သလို သူနဲ့ Pressing ဒဏ် မခံနိုင်တဲ့ ဂျော်ဂျင်ညိုနဲ့ ပေါင်းလိုက်ချိန်မှာ ချဲလ်ဆီးတို့ကပဲ ကွင်းလယ်ကြောကို စိုးမိုးထားခဲ့ပြီး ဆာကာနဲ့ ဘန်ဝှိုက်တို့ကလည်း ညာခြမ်းမှာ အတွဲမမိသလို ဂျေဆူးစ်ကလည်း ဒဏ်ရာက ပြန်လာပြီး လူစားဝင်အဆင့်မျိုးသာ ရှိတော့တာကြောင့် ဒီပုံစံနဲ့ ချန်ပီယံဖြစ်ဖို့ ဘာမှ မဆိုင်သေးဘူးလို့ပဲ ပြောရဖို့ ရှိနေတာပါ။

ပထမပိုင်းမှာ ချဲလ်ဆီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ အဝါထိပြီး အလုပ်မဖြစ်တဲ့ ဇင်ချန်ကိုအစား တိုမီယာစုကို ထည့်သွင်းခဲ့ပေမယ့် သုံးစားမရတဲ့ ဂျော်ဂျင်ညိုကိုတော့ ပါတေးနဲ့ မလဲရဲဘဲဖြစ်နေခဲ့တာကြောင့် ကစားကွက်က ဘာမှ ထူးလာတာမျိုး မရှိဘဲ မာတီနယ်လီ ပတ်ပြေးနေတာပဲ အဖတ်တင်ခဲ့သလို အာဆင်နယ်တို့ အိုးနင်းခွက်နင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၈ မိနစ်မှာတော့ ချဲလ်ဆီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဘန်ဝှိုက် ပေးတာကို အော်ဒီဂွါဒ် မဆင်မခြင်နဲ့ အထိန်းအသိမ်း မတတ်တာကနေ ဂါလာဂါက ဖြတ်လုပြီး ကောင်တာပြန်ဝင်ခဲ့ရာကနေ ခင်းပေးတာကို မူဒရစ်ခ်က ဘယ်ခြမ်းက ကံစမ်းကန်ချက်နဲ့ ဂိုးထဲကို အရောက်လှမ်းပို့ခဲ့ရာမှာ ဂိုးသမားစဉ် သိပ်မမီဘဲ ပုနေတဲ့ ရာယာ မမီဘဲ ဘားအောက်ကပ်ဝင်သွားခဲ့တာပါ။

ဒါတောင်မှ ဒီလူတွေကို လဲဖို့ မလိုသေးတဲ့ ပုံစံနဲ့ မိနစ် ၂၀ လောက် ဆက်ကစားနေသေးတာကြောင့် အာဆင်နယ်ခံစစ်တစ်တန်းလုံး ဖိအားဝင်နေတဲ့ ပုံစံက ဇီးရွက်လောက် မျက်နှာတွေမှာ ပေါ်နေခဲ့ပြီး ရာယာကလည်း တစ်လုံးထပ်ရောင်းခဲ့သေးချိန်မှာ ပါးလ်မားက မြန်မြန်ဆန်ဆန် မကန်နိုင်ခဲ့တာကြောင့် ခြေထဲကို လိုက်ပိတ်ခံခဲ့ရလို့ သုံးဂိုးမဖြစ်ခဲ့ရဘဲ သက်သာခဲ့ရပါတယ်။

ရှုံးနေလို့ဆိုပြီး လူလဲချလိုက်ပြန်တော့လည်း ဂျော်ဂျင်ညိုနဲ့ ဂျေဆူးစ်တို့အစား နကီးတီးယားနဲ့ စမစ်ရိုးဆိုတော့ ကွင်းလယ်အထိုင်ပါ ပျောက်ပြီး တော်တော်လေး နုံချာသွားခဲ့ပြန်သလို ချဲလ်ဆီးတို့ကတောင် ပွဲကို စိုးမိုးထားခဲ့ပြီး ဖူလ်ဟမ်ကိုတောင် မကစားနိုင်ခဲ့တဲ့ ဆရာကြီးစတိုင်မျိုးကို အာဆင်နယ်တို့အပေါ်မှာ ပညာပြသွားခဲ့သေးတာကြောင့် ဒီပုံစံနဲ့တော့ ဘယ်လိုမှ ချေပဂိုး မသွင်းနိုင်ဘူးလို့တောင် သုံးသပ်ရမလိုဖြစ်ခဲ့တာပါ။

ပွဲချိန် ၇၇ မိနစ်မှာတော့ လူမစွမ်းချိန်မှာ နတ်မ,သွားခဲ့ပြီး ဘယ်လိုမှ အဖြစ်မရှိတဲ့ အာဆင်နယ်တို့ကို ချေပဂိုးလက်ဆောင် ပြန်ပေးသွားခဲ့သလို ဒီဂိုးကိုတော့ ဂိုးသမား ဆန်ချက်ဇ်ရဲ့ ကိုယ့်လူဆီ မရောက်ခဲ့တဲ့ လူပေးမှုကနေ ဒက်ကလန် ရိုက်စ်က ကွင်းလယ်မှာ ပြန်ရပြီး ချက်ချင်း အဝေးက တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ ဘယ်ဘက်တိုင်ခြေကို ကပ်ဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

ဒီအခါမှာတော့ အာဆင်နယ်တို့ဘက်က သုံးစားမရတဲ့ အော်ဒီဂွါဒ်အစား ဟာဗတ်ဇ်နဲ့ မာတီနယ်လီအစား ထရော့ဆတ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင်ခဲ့ရာမှာတော့ ပွဲချိန် ၈၄ မိနစ်မှာ ညာခြမ်းကနေ ပိတ်ထားတဲ့ နောက်ခံလူနှစ်ဦးကြားက အဝေးတိုင်ဘက်ကို ဆာကာက ဖြတ်တင်ပေးခဲ့ရာမှာ ထရော့ဆတ်က ချဲလ်ဆီးခံစစ်ရဲ့ Blind Spot ကို ကွက်တိပြေးဝင်ပြီး ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

သရေကျအပြီးမှာတော့ ချဲလ်ဆီးတို့ကလည်း ဒီရလဒ်ကို ရောင့်ရဲနေသလို အာဆင်နယ်တို့ကလည်း နိုင်ဖို့ ဖိတိုက်ရင် ရှုံးမှာစိုးလို့ ဒီလောက်နဲ့ပဲ ကျေနပ်သွားခဲ့ကြပြီး နှစ်သင်းစလုံးအနေနဲ့ တစ်သင်းကလည်း ဘာမှ မဖြစ်နိုင်သေးချိန်မှာ တစ်သင်းကလည်း ချန်ပီယံနာမည်ခေါ်တာနဲ့ ကြောက်လန့်ပြီး ဝမ်းသွားတတ်ကြောင်းကိုပဲ တွေ့မြင်ခဲ့ရတာဖြစ်လို့ ဒီတစ်ပတ် လန်ဒန်ဒါဘီကတော့ ပရိသတ်တွေ ထင်သလိုမဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ ဂူစတို၊ သီယာဂို ေဆးလ္ဗား၊ ေကာလ္ဝီလ္နဲ႔ ကူကူရဲလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ ဂါလာဂါနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပါးလ္မား၊ စတာလင္နဲ႔ မူဒရစ္ခ္တို႔ကို အေျပာင္းအလဲ သိပ္မရွိဘဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အသင္းကေတာ့ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဇင္ခ်န္ကိုတို႔နဲ႔ အေျပာင္းအလဲ မရွိခဲ့ေပမယ့္ စိတ္ပ်က္စရာ ကိုယ့္အသင္း ကိုယ္ျပန္သတ္တဲ့ အမွားျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳကို ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္တို႔နဲ႔ တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ခင္းက်င္းလာခဲ့တာပါ။

အိမ္ရွင္နည္းျပ ပိုခ်က္တီႏိုအေနနဲ႔ အလကားေနရင္း ဖ်င္မယားသင့္ေၾကာင္းကို အေတြ႕အႀကဳံေတြအရ သေဘာေပါက္ထားခဲ့လို႔ သူ႔ရဲ႕ ရစ္သမ္ မိေနခဲ့တဲ့ အသင္းကို ဖုန္ေတာင္ မခါဘဲ သုံးခဲ့ခ်ိန္မွာ ဧည့္သည္နည္းျပ အာတီတာကေတာ့ အေတြ႕အႀကဳံဆိုတာ ဒီတစ္သင္းသာ ရွိေသးတာေၾကာင့္ ငါလုပ္ရင္ အကုန္ျဖစ္တယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ လုံးဝအံမဝင္တဲ့ ေဂ်ာ္ဂ်င္ညိဳကို ထည့္သြင္းခဲ့ရာမွာ ငါးပါးေမွာက္ခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးတို႔ရဲ႕ လ်င္ျမန္တဲ့ ေတာင္ပံနဲ႔ တိုက္စစ္က တိုးအားေတြကို ထိန္းမယ့္သူက ဇင္ခ်န္ကိုနဲ႔ ေဂ်ာ္ဂ်င္ညိဳဆိုေတာ့ ၾကည့္လိုက္တာနဲ႔ အာဆင္နယ္ဖန္ေတြ ငိုခ်င္ေလာက္ေအာင္ျဖစ္ခဲ့ရၿပီး ပါေတးကို ဘာျဖစ္လို႔ မသုံးရဲတာလဲလို႔ ေမးရမယ့္အခ်ိန္မွာ အခ်ိန္တန္ရင္ ရႈံးထြက္အဆင့္ကေန လွည့္ျပန္ရမယ့္ ခ်န္ပီယံလိဂ္ကို အေရးႀကီးတဲ့ လန္ဒန္ဒါဘီထက္ ေမွ်ာ္လင့္ခ်င္ေနတာလားလို႔ ေဒါသထြက္စရာလည္းျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာ မူဒရစ္ခ္ရဲ႕ ေခါင္းတိုက္ခ်က္ကို လက္နဲ႔ ပိတ္မိတဲ့ ဆာလီဘာေၾကာင့္ အာဆင္နယ္တို႔ ထိုက္ထိုက္တန္တန္ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ေျခစြမ္းျပေနတဲ့ ပါးလ္မားက ညာဘက္ကို ဒိုက္ပစ္တဲ့ ရာယာနဲ႔ ဆန႔္က်င္ဘက္ ဘယ္ဘက္တိုင္ေျခကို အသာအယာပဲ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကြင္းလယ္မွာ ကပၸတိန္ ေအာ္ဒီဂြါဒ္က စုတ္ျပတ္ေနတာ ေလးငါးပြဲ ရွိေနၿပီျဖစ္သလို သူနဲ႔ Pressing ဒဏ္ မခံႏိုင္တဲ့ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေပါင္းလိုက္ခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကပဲ ကြင္းလယ္ေၾကာကို စိုးမိုးထားခဲ့ၿပီး ဆာကာနဲ႔ ဘန္ဝႈိက္တို႔ကလည္း ညာျခမ္းမွာ အတြဲမမိသလို ေဂ်ဆူးစ္ကလည္း ဒဏ္ရာက ျပန္လာၿပီး လူစားဝင္အဆင့္မ်ိဳးသာ ရွိေတာ့တာေၾကာင့္ ဒီပုံစံနဲ႔ ခ်န္ပီယံျဖစ္ဖို႔ ဘာမွ မဆိုင္ေသးဘူးလို႔ပဲ ေျပာရဖို႔ ရွိေနတာပါ။

ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ အဝါထိၿပီး အလုပ္မျဖစ္တဲ့ ဇင္ခ်န္ကိုအစား တိုမီယာစုကို ထည့္သြင္းခဲ့ေပမယ့္ သုံးစားမရတဲ့ ေဂ်ာ္ဂ်င္ညိဳကိုေတာ့ ပါေတးနဲ႔ မလဲရဲဘဲျဖစ္ေနခဲ့တာေၾကာင့္ ကစားကြက္က ဘာမွ ထူးလာတာမ်ိဳး မရွိဘဲ မာတီနယ္လီ ပတ္ေျပးေနတာပဲ အဖတ္တင္ခဲ့သလို အာဆင္နယ္တို႔ အိုးနင္းခြက္နင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ဘန္ဝႈိက္ ေပးတာကို ေအာ္ဒီဂြါဒ္ မဆင္မျခင္နဲ႔ အထိန္းအသိမ္း မတတ္တာကေန ဂါလာဂါက ျဖတ္လုၿပီး ေကာင္တာျပန္ဝင္ခဲ့ရာကေန ခင္းေပးတာကို မူဒရစ္ခ္က ဘယ္ျခမ္းက ကံစမ္းကန္ခ်က္နဲ႔ ဂိုးထဲကို အေရာက္လွမ္းပို႔ခဲ့ရာမွာ ဂိုးသမားစဥ္ သိပ္မမီဘဲ ပုေနတဲ့ ရာယာ မမီဘဲ ဘားေအာက္ကပ္ဝင္သြားခဲ့တာပါ။

ဒါေတာင္မွ ဒီလူေတြကို လဲဖို႔ မလိုေသးတဲ့ ပုံစံနဲ႔ မိနစ္ ၂၀ ေလာက္ ဆက္ကစားေနေသးတာေၾကာင့္ အာဆင္နယ္ခံစစ္တစ္တန္းလုံး ဖိအားဝင္ေနတဲ့ ပုံစံက ဇီး႐ြက္ေလာက္ မ်က္ႏွာေတြမွာ ေပၚေနခဲ့ၿပီး ရာယာကလည္း တစ္လုံးထပ္ေရာင္းခဲ့ေသးခ်ိန္မွာ ပါးလ္မားက ျမန္ျမန္ဆန္ဆန္ မကန္ႏိုင္ခဲ့တာေၾကာင့္ ေျခထဲကို လိုက္ပိတ္ခံခဲ့ရလို႔ သုံးဂိုးမျဖစ္ခဲ့ရဘဲ သက္သာခဲ့ရပါတယ္။

ရႈံးေနလို႔ဆိုၿပီး လူလဲခ်လိုက္ျပန္ေတာ့လည္း ေဂ်ာ္ဂ်င္ညိဳနဲ႔ ေဂ်ဆူးစ္တို႔အစား နကီးတီးယားနဲ႔ စမစ္႐ိုးဆိုေတာ့ ကြင္းလယ္အထိုင္ပါ ေပ်ာက္ၿပီး ေတာ္ေတာ္ေလး ႏုံခ်ာသြားခဲ့ျပန္သလို ခ်ဲလ္ဆီးတို႔ကေတာင္ ပြဲကို စိုးမိုးထားခဲ့ၿပီး ဖူလ္ဟမ္ကိုေတာင္ မကစားႏိုင္ခဲ့တဲ့ ဆရာႀကီးစတိုင္မ်ိဳးကို အာဆင္နယ္တို႔အေပၚမွာ ပညာျပသြားခဲ့ေသးတာေၾကာင့္ ဒီပုံစံနဲ႔ေတာ့ ဘယ္လိုမွ ေခ်ပဂိုး မသြင္းႏိုင္ဘူးလို႔ေတာင္ သုံးသပ္ရမလိုျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ လူမစြမ္းခ်ိန္မွာ နတ္မ,သြားခဲ့ၿပီး ဘယ္လိုမွ အျဖစ္မရွိတဲ့ အာဆင္နယ္တို႔ကို ေခ်ပဂိုးလက္ေဆာင္ ျပန္ေပးသြားခဲ့သလို ဒီဂိုးကိုေတာ့ ဂိုးသမား ဆန္ခ်က္ဇ္ရဲ႕ ကိုယ့္လူဆီ မေရာက္ခဲ့တဲ့ လူေပးမႈကေန ဒက္ကလန္ ႐ိုက္စ္က ကြင္းလယ္မွာ ျပန္ရၿပီး ခ်က္ခ်င္း အေဝးက တိုက္႐ိုက္ကန္သြင္းခဲ့ရာမွာ ဘယ္ဘက္တိုင္ေျခကို ကပ္ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျပန္ျဖစ္ေနခဲ့ပါတယ္။

ဒီအခါမွာေတာ့ အာဆင္နယ္တို႔ဘက္က သုံးစားမရတဲ့ ေအာ္ဒီဂြါဒ္အစား ဟာဗတ္ဇ္နဲ႔ မာတီနယ္လီအစား ထေရာ့ဆတ္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင္ခဲ့ရာမွာေတာ့ ပြဲခ်ိန္ ၈၄ မိနစ္မွာ ညာျခမ္းကေန ပိတ္ထားတဲ့ ေနာက္ခံလူႏွစ္ဦးၾကားက အေဝးတိုင္ဘက္ကို ဆာကာက ျဖတ္တင္ေပးခဲ့ရာမွာ ထေရာ့ဆတ္က ခ်ဲလ္ဆီးခံစစ္ရဲ႕ Blind Spot ကို ကြက္တိေျပးဝင္ၿပီး ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

သေရက်အၿပီးမွာေတာ့ ခ်ဲလ္ဆီးတို႔ကလည္း ဒီရလဒ္ကို ေရာင့္ရဲေနသလို အာဆင္နယ္တို႔ကလည္း ႏိုင္ဖို႔ ဖိတိုက္ရင္ ရႈံးမွာစိုးလို႔ ဒီေလာက္နဲ႔ပဲ ေက်နပ္သြားခဲ့ၾကၿပီး ႏွစ္သင္းစလုံးအေနနဲ႔ တစ္သင္းကလည္း ဘာမွ မျဖစ္ႏိုင္ေသးခ်ိန္မွာ တစ္သင္းကလည္း ခ်န္ပီယံနာမည္ေခၚတာနဲ႔ ေၾကာက္လန႔္ၿပီး ဝမ္းသြားတတ္ေၾကာင္းကိုပဲ ေတြ႕ျမင္ခဲ့ရတာျဖစ္လို႔ ဒီတစ္ပတ္ လန္ဒန္ဒါဘီကေတာ့ ပရိသတ္ေတြ ထင္သလိုမျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.