Match Report Premier League

ခဏတာ တောသားကျခဲ့မှုကြောင့် ဘရိုက်တန်ကို နိုင်ဖို့ ရုန်းခဲ့ရတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဘရိုက်တန်အသင်းကို ပထမပိုင်းသွင်းဂိုးနှစ်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပွဲကို ထိန်းချုပ်ကစားဖို့ထက် အာရုံပျံ့လွင့်မှုတွေ များနေခဲ့ပြီး ဟေးလားဟားလားနဲ့ တောသားကျမိခဲ့ချိန်မှာ ကံကောင်းလို့သာ သရေရလဒ်ကို ရှောင်လွှဲနိုင်ခဲ့ပြီး အစ်တီဟတ်မှာ နှစ်ဂိုး-တစ်ဂိုးရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်တွေအနေနဲ့ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီနဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ အယ်လ်ဗာရက်ဇ်နဲ့ ဒိုကူးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းတစ်ဦးတည်းကို ပွဲထုတ်လာခဲ့တာပါ။

ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား စတီးလ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ အီဂေါ်၊ မီလ်နာနဲ့ မာ့ချ်တို့ကို မိုက်မိုက်မဲမဲ ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဂရော့စ်၊ ဘာလီဘာ၊ အယ်လ်ဒင်ဂရာနဲ့ မီတိုမာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ပက်ဒရိုနဲ့ ဝဲလ်ဘက်ခ်တို့ကို တွဲဖက်ပေးခဲ့တာ ဖြစ်ပါတယ်။

ညာနောက်ခံလူအဖြစ် ဗဲ့လ်မန်းနဲ့ ဗန်ဟက်ကာတို့ ရှိနေလျက်သားနဲ့ မီလ်နာကို ကစားစေခဲ့တဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီရဲ့ ရွေးချယ်မှုက ဆိုးရွားစုတ်ပြတ်လွန်းခဲ့သလို ဒီဘက်ကနေပဲ Speed တစ်ပေါက် လျှမ်းလျှမ်းတောက် ဒိုကူးရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပြီး စောစောစီးစီးမှာပဲ မျက်နှာပျက်ဖို့ ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ အဖိုးကြီး မီလ်နာကို ဂရုစိုက်စရာမလိုတဲ့ ဒိုကူးက ဘယ်တောင်ပံတောက်လျှောက် ဆွဲပြေးလာခဲ့အပြီးမှာ ဂိုးစည်းနားကနေ အတွင်းကို အနိမ့်ဘော ချိုးပေးခဲ့ရာမှာ အယ်လ်ဗာရက်ဇ်က အနီးကပ် ပိတ်သွင်းပြီး ဘရိုက်တန်တို့ကို အလဲထိုးသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၉ မိနစ်မှာတော့ မန်စီးတီးတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကတော့ ပေါတောတော ကစားသမားတွေကို ယုံထားတဲ့ ဒီဇာဘီအတွက် သင်ခန်းစာလည်းဖြစ်ခဲ့ပြီး ဘာအတွေ့အကြုံမှ မရှိတဲ့ ကွင်းလယ်လူ ဘာလီဘာကို နောက်ကနေ ဘာနာဒို ဆေးလ်ဗားက ဖိအားလိုက်ပေးရာမှာ ပျက်သွားခဲ့တဲ့ ဘောလုံးကို ဟားလန်းက ဧရိယာထဲကို ဆွဲယူပြီး စိတ်ကြိုက်ကျုံးကန်သွားခဲ့တာပါ။

ပထမပိုင်းမှာတော့ မီလ်နာ အနိုင်ကျင့်နေတဲ့ ဒိုကူးရဲ့ Bullying Run တွေကိုချည်း စိတ်ပျက်စရာမြင်နေခဲ့ရပြီးတဲ့နောက် နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့သလို ဒုတိယပိုင်းမှာတော့ ဒီဇာဘီအနေနဲ့ အရှက်ကွဲပြီး လဲကျဖွယ်ရှိနေတဲ့ မီလ်နာအစား ဗဲ့လ်မန်းကို ထည့်သွင်းလိုက်တော့မှ ဘရိုက်တန်တို့ လူလူသူသူပြန်ဖြစ်လာခဲ့ပါတော့တယ်။

ဒါပေမယ့် ရှေ့က ပွဲကြီးမတိုးတဲ့ ဂျာအို ပက်ဒရိုနဲ့ ကွင်းလယ်ဖွတ်ကျား ဘာလီဘာတို့က ဘာမှ လုပ်မရတာကြောင့် သူတို့အစား အန်ဆူ ဖာတီနဲ့ ဂီးလ်မိုးတို့ကို ထည့်သွင်းခဲ့ရာမှာတော့ တောင်ပံတွေကောင်းတဲ့ အယ်လ်ဒင်ဂရာ၊ မီတိုမာတို့နဲ့ ပေါင်းစပ်မှုက အလုပ်ပြန်ဖြစ်လာခဲ့ပြီး ဟားလန်းကတော့ အခွင့်အရေးတွေကို ထပ်ပြီး အသုံးမချနိုင်ခဲ့လို့ ဂိုးထပ်မရခဲ့တာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ ဘရိုက်တန်တို့ ချေပဂိုးတစ်ဂိုး ပြန်ရခဲ့ပြီး ဒိုကူးကို ဂိုးသမား စတီးလ် တက်ဖျက်ရာမှာ မပျက်ဘဲ ဘောလုံးဆက်ရသွားလို့ ဂိုးတော့မယ်ဆိုပြီး မန်စီးတီးကစားသမားအားလုံး ရှေ့ရောက်လာတုန်း ကန်ချက်ကို ဒန့်ခ်က ဖြတ်တားပြီး အလျင်အမြန် ကောင်တာဝင်ခဲ့ရာမှာ မီတိုမာက ဘယ်ခြမ်းက ဆွဲပြေးပြီး ချိုးပေးတဲ့ ဘောလုံးကို အာကန်ဂျီက ထိန်းပေးသလို ဖြစ်ခဲ့ရာမှာ အန်ဆူ ဖာတီက အနီးကပ်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒီအခိုက်အတန့်က ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲစေပြီး ဂိုးတော့မယ်ဟေ့ဆိုတဲ့ ပုံစံနဲ့ ရှေ့ကို တောသားတွေလို ပြေးတက်ခဲ့ကြတဲ့ မန်စီးတီး ကစားသမားတွေရဲ့ လုပ်ရပ်က ဟားတိုက်ရယ်စရာဖြစ်ခဲ့ရသလို လုံးဝ အာရုံစူးစိုက်မှုနဲ့ သတိပျောက်ဆုံးခဲ့ရာမှာ ဘရိုက်တန်တို့က မလွတ်တမ်း အသုံးချသွားနိုင်ခဲ့ကြတာပါ။

ဒီနောက်မှာ ဘရိုက်တန်တို့ ဆက်ကြိုးစားနေခဲ့ပြီး ကောင်တာကနေ ထိုးဖောက်တာကို လူဆွဲတဲ့ အာကန်ဂျီ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရချိန်မှာ တစ်ယောက်သာနေပေမယ့် သွေးမအေးတဲ့ တိုက်စစ်ပိုင်းကြောင့် နောက်ထပ် ဂိုးရခွင့်တွေနဲ့ လွဲချော်ခဲ့ရပြီး အဆုံးမှာတော့ မန်စီးတီးတို့ ရှုံးပွဲဆက်မှုကို ရပ်တန့်သွားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဘ႐ိုက္တန္အသင္းကို ပထမပိုင္းသြင္းဂိုးႏွစ္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ပြဲကို ထိန္းခ်ဳပ္ကစားဖို႔ထက္ အာ႐ုံပ်ံ႕လြင့္မႈေတြ မ်ားေနခဲ့ၿပီး ေဟးလားဟားလားနဲ႔ ေတာသားက်မိခဲ့ခ်ိန္မွာ ကံေကာင္းလို႔သာ သေရရလဒ္ကို ေရွာင္လႊဲႏိုင္ခဲ့ၿပီး အစ္တီဟတ္မွာ ႏွစ္ဂိုး-တစ္ဂိုးရလဒ္ကို ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ေတြအေနနဲ႔ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ ေဝၚလ္ကာ၊ အာကန္ဂ်ီနဲ႔ ဂြါဒီေယာလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြၽန္စတုန္းစ္၊ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ အယ္လ္ဗာရက္ဇ္နဲ႔ ဒိုကူးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းတစ္ဦးတည္းကို ပြဲထုတ္လာခဲ့တာပါ။

ဧည့္သည္ ဘ႐ိုက္တန္တို႔ကေတာ့ ဂိုးသမား စတီးလ္၊ ခံစစ္မွာ လူးဝစၥ ဒန႔္ခ္၊ အီေဂၚ၊ မီလ္နာနဲ႔ မာ့ခ်္တို႔ကို မိုက္မိုက္မဲမဲ ပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂေရာ့စ္၊ ဘာလီဘာ၊ အယ္လ္ဒင္ဂရာနဲ႔ မီတိုမာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ပက္ဒ႐ိုနဲ႔ ဝဲလ္ဘက္ခ္တို႔ကို တြဲဖက္ေပးခဲ့တာ ျဖစ္ပါတယ္။

ညာေနာက္ခံလူအျဖစ္ ဗဲ့လ္မန္းနဲ႔ ဗန္ဟက္ကာတို႔ ရွိေနလ်က္သားနဲ႔ မီလ္နာကို ကစားေစခဲ့တဲ့ ဘ႐ိုက္တန္နည္းျပ ဒီဇာဘီရဲ႕ ေ႐ြးခ်ယ္မႈက ဆိုး႐ြားစုတ္ျပတ္လြန္းခဲ့သလို ဒီဘက္ကေနပဲ Speed တစ္ေပါက္ လွ်မ္းလွ်မ္းေတာက္ ဒိုကူးရဲ႕ ဖိအားေပးျခင္းကို ခံခဲ့ရၿပီး ေစာေစာစီးစီးမွာပဲ မ်က္ႏွာပ်က္ဖို႔ ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ အဖိုးႀကီး မီလ္နာကို ဂ႐ုစိုက္စရာမလိုတဲ့ ဒိုကူးက ဘယ္ေတာင္ပံေတာက္ေလွ်ာက္ ဆြဲေျပးလာခဲ့အၿပီးမွာ ဂိုးစည္းနားကေန အတြင္းကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့ရာမွာ အယ္လ္ဗာရက္ဇ္က အနီးကပ္ ပိတ္သြင္းၿပီး ဘ႐ိုက္တန္တို႔ကို အလဲထိုးသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကေတာ့ ေပါေတာေတာ ကစားသမားေတြကို ယုံထားတဲ့ ဒီဇာဘီအတြက္ သင္ခန္းစာလည္းျဖစ္ခဲ့ၿပီး ဘာအေတြ႕အႀကဳံမွ မရွိတဲ့ ကြင္းလယ္လူ ဘာလီဘာကို ေနာက္ကေန ဘာနာဒို ေဆးလ္ဗားက ဖိအားလိုက္ေပးရာမွာ ပ်က္သြားခဲ့တဲ့ ေဘာလုံးကို ဟားလန္းက ဧရိယာထဲကို ဆြဲယူၿပီး စိတ္ႀကိဳက္က်ဳံးကန္သြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ မီလ္နာ အႏိုင္က်င့္ေနတဲ့ ဒိုကူးရဲ႕ Bullying Run ေတြကိုခ်ည္း စိတ္ပ်က္စရာျမင္ေနခဲ့ရၿပီးတဲ့ေနာက္ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့သလို ဒုတိယပိုင္းမွာေတာ့ ဒီဇာဘီအေနနဲ႔ အရွက္ကြဲၿပီး လဲက်ဖြယ္ရွိေနတဲ့ မီလ္နာအစား ဗဲ့လ္မန္းကို ထည့္သြင္းလိုက္ေတာ့မွ ဘ႐ိုက္တန္တို႔ လူလူသူသူျပန္ျဖစ္လာခဲ့ပါေတာ့တယ္။

ဒါေပမယ့္ ေရွ႕က ပြဲႀကီးမတိုးတဲ့ ဂ်ာအို ပက္ဒ႐ိုနဲ႔ ကြင္းလယ္ဖြတ္က်ား ဘာလီဘာတို႔က ဘာမွ လုပ္မရတာေၾကာင့္ သူတို႔အစား အန္ဆူ ဖာတီနဲ႔ ဂီးလ္မိုးတို႔ကို ထည့္သြင္းခဲ့ရာမွာေတာ့ ေတာင္ပံေတြေကာင္းတဲ့ အယ္လ္ဒင္ဂရာ၊ မီတိုမာတို႔နဲ႔ ေပါင္းစပ္မႈက အလုပ္ျပန္ျဖစ္လာခဲ့ၿပီး ဟားလန္းကေတာ့ အခြင့္အေရးေတြကို ထပ္ၿပီး အသုံးမခ်ႏိုင္ခဲ့လို႔ ဂိုးထပ္မရခဲ့တာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္ရခဲ့ၿပီး ဒိုကူးကို ဂိုးသမား စတီးလ္ တက္ဖ်က္ရာမွာ မပ်က္ဘဲ ေဘာလုံးဆက္ရသြားလို႔ ဂိုးေတာ့မယ္ဆိုၿပီး မန္စီးတီးကစားသမားအားလုံး ေရွ႕ေရာက္လာတုန္း ကန္ခ်က္ကို ဒန႔္ခ္က ျဖတ္တားၿပီး အလ်င္အျမန္ ေကာင္တာဝင္ခဲ့ရာမွာ မီတိုမာက ဘယ္ျခမ္းက ဆြဲေျပးၿပီး ခ်ိဳးေပးတဲ့ ေဘာလုံးကို အာကန္ဂ်ီက ထိန္းေပးသလို ျဖစ္ခဲ့ရာမွာ အန္ဆူ ဖာတီက အနီးကပ္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒီအခိုက္အတန႔္က ပြဲရဲ႕ ခ်ိန္ခြင္လွ်ာကို ေျပာင္းလဲေစၿပီး ဂိုးေတာ့မယ္ေဟ့ဆိုတဲ့ ပုံစံနဲ႔ ေရွ႕ကို ေတာသားေတြလို ေျပးတက္ခဲ့ၾကတဲ့ မန္စီးတီး ကစားသမားေတြရဲ႕ လုပ္ရပ္က ဟားတိုက္ရယ္စရာျဖစ္ခဲ့ရသလို လုံးဝ အာ႐ုံစူးစိုက္မႈနဲ႔ သတိေပ်ာက္ဆုံးခဲ့ရာမွာ ဘ႐ိုက္တန္တို႔က မလြတ္တမ္း အသုံးခ်သြားႏိုင္ခဲ့ၾကတာပါ။

ဒီေနာက္မွာ ဘ႐ိုက္တန္တို႔ ဆက္ႀကိဳးစားေနခဲ့ၿပီး ေကာင္တာကေန ထိုးေဖာက္တာကို လူဆြဲတဲ့ အာကန္ဂ်ီ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရခ်ိန္မွာ တစ္ေယာက္သာေနေပမယ့္ ေသြးမေအးတဲ့ တိုက္စစ္ပိုင္းေၾကာင့္ ေနာက္ထပ္ ဂိုးရခြင့္ေတြနဲ႔ လြဲေခ်ာ္ခဲ့ရၿပီး အဆုံးမွာေတာ့ မန္စီးတီးတို႔ ရႈံးပြဲဆက္မႈကို ရပ္တန႔္သြားႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.