Match Report Premier League

ရှက်ဖီးလ်ဒ်ဆီက ဒါလော့ ရယူပေးတဲ့ သုံးမှတ်နဲ့ အပေါ်ပြန်တက်လာခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ လူမစုံတဲ့ ပြဿနာတွေက ထုံးစံအတိုင်း နှိပ်စက်နေပေမယ့်လည်း ဒီနေ့မှာတော့ အဓိက ကစားသမားတွေထဲက ဘရူနို ဖာနန်ဒက်စ်၊ ဟွိုင်လန်း၊ မက်တော်မီနေး၊ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်တို့ ပွဲထွက်လာနိုင်ခဲ့ချိန်မှာ အဖိုးတန် အဝေးကွင်းနိုင်ပွဲကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကတော့ သူတို့ရဲ့ အကောင်းဆုံး လူစာရင်းထဲက ဘော့စနီးယားသား အာမက်ဟော့ဂျစ်ချ်တစ်ဦးတည်းကိုသာ အသုံးမပြုနိုင်ဘဲ ရှိခဲ့ပြီး အိမ်ကွင်းအားနဲ့ မန်ယူတို့ဆီကနေ ရမှတ်ခွဲယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားကွာလတီပိုင်းမှာတော့ ကွာဟချက် ကြီးမားနေခဲ့တာပါ။

ပွဲချိန် ၂၈ မိနစ်မှာ မန်ယူတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ လင်ဒီလော့ဖ် ပေးတာကို ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲကို ထိုးပေးခဲ့ရာမှာ မက်တော်မီနေးရဲ့ ထိန်းသိမ်းမှုက မြောက်တက်သွားခဲ့ပေမယ့် ရှက်ဖီးလ်ဒ်ဘက်က ဘယ်သူမှ ဝင်မလုဘဲ ကြောင်နေကြချိန်မှာ နောက်တစ်ကြိမ် Volley ကန်သွင်းရသွားခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာတော့ ရှက်ဖီးလ်ဒ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ မက္ကာတီးရဲ့ ဖြတ်တင်မှုကို မက်တော်မီနေးက ဧရိယာထဲမှာ လက်နဲ့ တားမိတယ်ဆိုပြီး ဒိုင်လူကြီး မိုက်ကယ် အိုလီဗာကရော VAR ကပါ ပင်နယ်တီအဖြစ် အတည်ပြုသွားခဲ့အပြီးမှာ တိုက်စစ်မှူး မက်ဘာနီက ဂိုးညာဘက်အပေါ်ထောင့်ကို ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း တစ်နာရီမှတ်ကို ရောက်တဲ့အချိန်အထိ ပွဲအဖြေ မပေါ်သေးဘဲ ဖြစ်နေခဲ့လို့ နည်းပြ တန်ဟတ်က ဟွိုင်လန်း၊ မက်တော်မီနေးနဲ့ အန်တိုနီတို့အစား မာစီယယ်လ်၊ အဲရစ်ဆန်နဲ့ ဂါနာချိုတို့ကို အပြောင်းအလဲလုပ်သွားခဲ့ပြီး ပွဲကို ပိုမို ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ မန်ယူတို့ အနိုင်ဂိုး ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂါနာချိုနဲ့ တွဲလုံးကနေ လင်ဒီလော့ဖ်က ဧရိယာထိပ်ကို ခင်းပေးခဲ့ရာမှာ အလယ်ကို ဝင်ရောက်နေရာယူထားခဲ့တဲ့ ဒါလော့က တစ်ချက်ထိန်းပြီး ညာဘက်တိုင်ထိပ်ကို ကန်သွင်းယူခဲ့ရာမှာ ရှက်ဖီးလ်ဒ် ဂိုးသမား ဖိုဒါရင်ဟမ် အငိုက်မိသွားပြီး အချိန်မီ မတားဆီးနိုင်ခဲ့လို့ ဂိုးအဖြစ် ခွင့်ပြုခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ ဘရမ်းမောလ်လိန်းမှာ ရှက်ဖီးလ်ဒ်တို့ကို မန်ချက်စတာယူနိုက်တက်တို့က နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဘယ်ခြမ်းခံစစ်မှာ ကစားမယ့်သူ မရှိတဲ့ကြားထဲက အကောင်းဆုံးရလဒ်ကို ပိုင်ဆိုင်နိုင်ခဲ့သလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ကြပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ လူမစုံတဲ့ ျပႆနာေတြက ထုံးစံအတိုင္း ႏွိပ္စက္ေနေပမယ့္လည္း ဒီေန႔မွာေတာ့ အဓိက ကစားသမားေတြထဲက ဘ႐ူႏို ဖာနန္ဒက္စ္၊ ဟြိဳင္လန္း၊ မက္ေတာ္မီေနး၊ အန္တိုနီ၊ ရက္ရွ္ဖို႔ဒ္တို႔ ပြဲထြက္လာႏိုင္ခဲ့ခ်ိန္မွာ အဖိုးတန္ အေဝးကြင္းႏိုင္ပြဲကိုလည္း ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔ကေတာ့ သူတို႔ရဲ႕ အေကာင္းဆုံး လူစာရင္းထဲက ေဘာ့စနီးယားသား အာမက္ေဟာ့ဂ်စ္ခ်္တစ္ဦးတည္းကိုသာ အသုံးမျပဳႏိုင္ဘဲ ရွိခဲ့ၿပီး အိမ္ကြင္းအားနဲ႔ မန္ယူတို႔ဆီကေန ရမွတ္ခြဲယူႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကစားသမားကြာလတီပိုင္းမွာေတာ့ ကြာဟခ်က္ ႀကီးမားေနခဲ့တာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာ မန္ယူတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန လင္ဒီေလာ့ဖ္ ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ဧရိယာထဲကို ထိုးေပးခဲ့ရာမွာ မက္ေတာ္မီေနးရဲ႕ ထိန္းသိမ္းမႈက ေျမာက္တက္သြားခဲ့ေပမယ့္ ရွက္ဖီးလ္ဒ္ဘက္က ဘယ္သူမွ ဝင္မလုဘဲ ေၾကာင္ေနၾကခ်ိန္မွာ ေနာက္တစ္ႀကိမ္ Volley ကန္သြင္းရသြားခဲ့ၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာေတာ့ ရွက္ဖီးလ္ဒ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန မကၠာတီးရဲ႕ ျဖတ္တင္မႈကို မက္ေတာ္မီေနးက ဧရိယာထဲမွာ လက္နဲ႔ တားမိတယ္ဆိုၿပီး ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာကေရာ VAR ကပါ ပင္နယ္တီအျဖစ္ အတည္ျပဳသြားခဲ့အၿပီးမွာ တိုက္စစ္မႉး မက္ဘာနီက ဂိုးညာဘက္အေပၚေထာင့္ကို ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပထမပိုင္းမွာေတာ့ တစ္ဂိုးစီသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း တစ္နာရီမွတ္ကို ေရာက္တဲ့အခ်ိန္အထိ ပြဲအေျဖ မေပၚေသးဘဲ ျဖစ္ေနခဲ့လို႔ နည္းျပ တန္ဟတ္က ဟြိဳင္လန္း၊ မက္ေတာ္မီေနးနဲ႔ အန္တိုနီတို႔အစား မာစီယယ္လ္၊ အဲရစ္ဆန္နဲ႔ ဂါနာခ်ိဳတို႔ကို အေျပာင္းအလဲလုပ္သြားခဲ့ၿပီး ပြဲကို ပိုမို ထိန္းခ်ဳပ္လာႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ မန္ယူတို႔ အႏိုင္ဂိုး ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဂါနာခ်ိဳနဲ႔ တြဲလုံးကေန လင္ဒီေလာ့ဖ္က ဧရိယာထိပ္ကို ခင္းေပးခဲ့ရာမွာ အလယ္ကို ဝင္ေရာက္ေနရာယူထားခဲ့တဲ့ ဒါေလာ့က တစ္ခ်က္ထိန္းၿပီး ညာဘက္တိုင္ထိပ္ကို ကန္သြင္းယူခဲ့ရာမွာ ရွက္ဖီးလ္ဒ္ ဂိုးသမား ဖိုဒါရင္ဟမ္ အငိုက္မိသြားၿပီး အခ်ိန္မီ မတားဆီးႏိုင္ခဲ့လို႔ ဂိုးအျဖစ္ ခြင့္ျပဳခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘရမ္းေမာလ္လိန္းမွာ ရွက္ဖီးလ္ဒ္တို႔ကို မန္ခ်က္စတာယူႏိုက္တက္တို႔က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဘယ္ျခမ္းခံစစ္မွာ ကစားမယ့္သူ မရွိတဲ့ၾကားထဲက အေကာင္းဆုံးရလဒ္ကို ပိုင္ဆိုင္ႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၈ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ၾကပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.