La Liga

ရီးရဲလ်မက်ဒရစ်ဘက်ကို ဂိုးသွင်းနိုင်ခဲ့ရင် အောင်ပွဲခံဖွယ်မရှိတဲ့ ရာမို့စ်

ဆီဗီလာ ဝါရင့်နောက်ခံလူ ဆာဂီယို ရာမို့စ်ဟာ စနေနေ့မှာ ကမ္ဘာပေါ်က အကောင်းဆုံး နောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်လာစေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဆီဗီလာ ဒုဥက္ကဌ ဟိုဆေး မာရီယာ ဒယ် နီဒို ကာရက်စ်ကိုရဲ့ ပြောကြားချက်အရ ရာမို့စ်ဟာ အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် အောင်ပွဲခံသွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ ရာမို့စ်ဟာ ၂၀၀၅ ခုနှစ်မှာ မိခင်ကလပ် ဆီဗီလာကို စွန့်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် မက်ဒရစ်မှာ မယုံနိုင်စရာအောင်မြင်တဲ့ ၁၆ နှစ်တာ ကာလကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

ဆာဂီယို ရာမို့စ်ဟာ ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ လီဂူးဝမ်းထိပ်သီးအသင်းကြီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် စပိန်ဝါရင့်နောက်ခံလူဟာ ဆီဗီလာကို အလွတ်နဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဆီဗီလာနဲ့ ရီးရဲလ်မက်ဒရစ်တို့ တွေ့ဆုံယှဉ်ပြိုင်ရမယ့်ပွဲစဥ်နဲ့ပတ်သက်ပြီး ဆီဗီလာဒု ဥက္ကဌက Radio MARCA နဲ့ တွေ့ဆုံရာမှာ “သူ အောင်ပွဲခံမှာမဟုတ်ဘူးလို့ တွေးကြည့်လို့ရပါတယ်။ ကျွန်တော် သူ့ကို မမေးခဲ့ပါဘူး။ ဒါပေမယ့် သူ အောင်ပွဲခံမှာမဟုတ်ဘူးလို့ ကျွန်တော် တွေးကြည့်လို့ရတယ်။ သူက ဆီဗီးက ဆိုပေမယ့်လည်း အဲဒီမှာ ကြီးပြင်းခဲ့တာပါ။ ဆီဗီလာနဲ့ ရီးရဲလ်မက်ဒရစ်က သူ့ရဲ့ အိမ် ၂ အိမ်ပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆီဗီလာကို ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးကတည်းက ရာမို့စ်ဟာ ၄ ပွဲ ပါဝင်ကစားပေးထားခဲ့ပြီးဖြစ်ပြီး လာလီဂါမှာ ၂ ပွဲ ချန်ပီယံလိဂ်မှာ ၂ ပွဲ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဆာဂီယို ရာမို့စ်သာ ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရာမှာ ဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းပြီး စပိန်နောက်ခံလူဟာ မက်ဒရစ်မှာ ချန်ပီယံလိဂ် ၄ ကြိမ်၊ လာလီဂါဖလား ၅ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆီဗီလာ ဝါရင့္ေနာက္ခံလူ ဆာဂီယို ရာမို႔စ္ဟာ စေနေန႔မွာ ကမာၻေပၚက အေကာင္းဆုံး ေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္လာေစခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ျပန္လည္ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

ဆီဗီလာ ဒုဥကၠဌ ဟိုေဆး မာရီယာ ဒယ္ နီဒို ကာရက္စ္ကိုရဲ႕ ေျပာၾကားခ်က္အရ ရာမို႔စ္ဟာ အသင္းေဟာင္းနဲ႔ ျပန္လည္ရင္ဆိုင္ရမယ့္ပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့မယ္ဆိုရင္ ေအာင္ပြဲခံသြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။ ရာမို႔စ္ဟာ ၂၀၀၅ ခုႏွစ္မွာ မိခင္ကလပ္ ဆီဗီလာကို စြန႔္ခြာၿပီး ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ မက္ဒရစ္မွာ မယုံႏိုင္စရာေအာင္ျမင္တဲ့ ၁၆ ႏွစ္တာ ကာလကို ျဖတ္သန္းခဲ့တာ ျဖစ္ပါတယ္။

ဆာဂီယို ရာမို႔စ္ဟာ ၂၀၂၁ ခုႏွစ္မွာ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ၂၀၂၃ ခုႏွစ္မွာ လီဂူးဝမ္းထိပ္သီးအသင္းႀကီးနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ စပိန္ဝါရင့္ေနာက္ခံလူဟာ ဆီဗီလာကို အလြတ္နဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ဆီဗီလာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ပြဲစဥ္နဲ႔ပတ္သက္ၿပီး ဆီဗီလာဒု ဥကၠဌက Radio MARCA နဲ႔ ေတြ႕ဆုံရာမွာ “သူ ေအာင္ပြဲခံမွာမဟုတ္ဘူးလို႔ ေတြးၾကည့္လို႔ရပါတယ္။ ကြၽန္ေတာ္ သူ႔ကို မေမးခဲ့ပါဘူး။ ဒါေပမယ့္ သူ ေအာင္ပြဲခံမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ေတြးၾကည့္လို႔ရတယ္။ သူက ဆီဗီးက ဆိုေပမယ့္လည္း အဲဒီမွာ ႀကီးျပင္းခဲ့တာပါ။ ဆီဗီလာနဲ႔ ရီးရဲလ္မက္ဒရစ္က သူ႔ရဲ႕ အိမ္ ၂ အိမ္ပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆီဗီလာကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက ရာမို႔စ္ဟာ ၄ ပြဲ ပါဝင္ကစားေပးထားခဲ့ၿပီးျဖစ္ၿပီး လာလီဂါမွာ ၂ ပြဲ ခ်န္ပီယံလိဂ္မွာ ၂ ပြဲ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဆာဂီယို ရာမို႔စ္သာ ရီးရဲလ္မက္ဒရစ္နဲ႔ ရင္ဆိုင္ကစားရာမွာ ဂိုးသြင္းယူႏိုင္ခဲ့မယ္ဆိုရင္ ဘယ္လိုတုံ႔ျပန္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းၿပီး စပိန္ေနာက္ခံလူဟာ မက္ဒရစ္မွာ ခ်န္ပီယံလိဂ္ ၄ ႀကိမ္၊ လာလီဂါဖလား ၅ ႀကိမ္အထိ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.