La Liga

သွင်းဂိုး ၁ ဂိုးနဲ့ ၃ ဂိုးဖန်တီးပေးခဲ့ပြီးနောက် ကစားသမားဘဝက ဘာလို့နားလဲ ဖွင့်ဟခဲ့တဲ့ ဟာဇက်

အီဒင် ဟာဇက်ဟာ ဘောလုံးကစားရတာကို လုံးဝ မပျော်ရွှင်တော့တာကြောင့် ဘောလုံးလောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာဟာ ရိုးရှင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး တခြားတစ်နေရာရာမှာ ပိုက်ဆံအတွက် ကစားချင်စိတ်မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ကစားသမားဟာ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ စာချုပ်သက်တမ်း မပြည့်ခင် လမ်းခွဲခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်မှာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ညမှာတော့ ကဲလဲမြို့က ရန်ပုံငွေပွဲမှာ ရွှေရောင်နေ့ရက်တွေကို ပြန်လည်အသက်သွင်းပြီး သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ရောဘတ် ပီးရက်စ်၊ ဒီဒီယာ ဒေးရွှမ့်စ်တို့အပါအဝင် ပြင်သစ်ဂန္တဝင်တွေနဲ့ အတူ ဖိအားလုံးဝမရှိတဲ့ ပွဲစဉ်ကို ကစားခဲ့ရတာကြောင့် ဟာဇက်ဟာ ပြုံးပျော်နေခဲ့ပြီး လက်ရှိမှာ ၎င်းရဲ့ နှလုံးသားက ဘောလုံးကွင်းထဲမှာမဟုတ်တော့ဘဲ တခြားတစ်နေရာမှာ ရှိနေပြီလို့ ရှင်းပြခဲ့ပါတယ်။

“ကျွန်တော် အမြဲတမ်းပြောခဲ့တာက ကျွန်တော် ကွင်းထဲမှာ ကစားရတာ မပျော်တော့ဘူးဆိုတာနဲ့ ရပ်မယ်ဆိုတာပါ။ ကျွန်တော် တစ်ခြားတစ်နေရာရာကို ငွေအတွက် သွားပြီး မကစားချင်ပါဘူး။ အဲဒါက အကောင်းဆုံး အဖြေပါပဲ။ ကျွန်တော် လေ့ကျင့်ရေးလုပ်ရတာလည်း မပျော်တော့ဘူး။ ကစားလည်း မကစားချင်တော့ဘူး။ ဆုံးဖြတ်ချက်က ရိုးရှင်းပါတယ်။ ဘဝမှာ ခင်ဗျား အရာအားလုံးကို ရှင်းပြလို့မရဘူး။ ကျွန်တော်အခု ကိုယ့်ဟာလေးနဲ့ကိုယ် အေးချမ်းနေပါတယ်။ ကျွန်တော် ပျော်တယ်။ ကျွန်တော့်မှာ ဘောလုံးလောကရဲ့အပြင်ဘက်မှာ လုပ်စရာတွေ အများကြီးရှိနေပြီး ကျွန်တော် တည်ငြိမ်တဲ့ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီဒင္ ဟာဇက္ဟာ ေဘာလုံးကစားရတာကို လုံးဝ မေပ်ာ္႐ႊင္ေတာ့တာေၾကာင့္ ေဘာလုံးေလာကကေန အနားယူဖို႔ ဆုံးျဖတ္ခဲ့တာဟာ ႐ိုးရွင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး တျခားတစ္ေနရာရာမွာ ပိုက္ဆံအတြက္ ကစားခ်င္စိတ္မရွိဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ကစားသမားဟာ ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္နဲ႔ စာခ်ဳပ္သက္တမ္း မျပည့္ခင္ လမ္းခြဲခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့အပတ္မွာ ကစားသမားဘဝကေန အနားယူေၾကာင္း ေၾကညာခဲ့တာျဖစ္ၿပီး ဗုဒၶဟူးေန႔ညမွာေတာ့ ကဲလဲၿမိဳ႕က ရန္ပုံေငြပြဲမွာ ေ႐ႊေရာင္ေန႔ရက္ေတြကို ျပန္လည္အသက္သြင္းၿပီး သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာဘတ္ ပီးရက္စ္၊ ဒီဒီယာ ေဒး႐ႊမ့္စ္တို႔အပါအဝင္ ျပင္သစ္ဂႏၲဝင္ေတြနဲ႔ အတူ ဖိအားလုံးဝမရွိတဲ့ ပြဲစဥ္ကို ကစားခဲ့ရတာေၾကာင့္ ဟာဇက္ဟာ ၿပဳံးေပ်ာ္ေနခဲ့ၿပီး လက္ရွိမွာ ၎ရဲ႕ ႏွလုံးသားက ေဘာလုံးကြင္းထဲမွာမဟုတ္ေတာ့ဘဲ တျခားတစ္ေနရာမွာ ရွိေနၿပီလို႔ ရွင္းျပခဲ့ပါတယ္။

“ကြၽန္ေတာ္ အၿမဲတမ္းေျပာခဲ့တာက ကြၽန္ေတာ္ ကြင္းထဲမွာ ကစားရတာ မေပ်ာ္ေတာ့ဘူးဆိုတာနဲ႔ ရပ္မယ္ဆိုတာပါ။ ကြၽန္ေတာ္ တစ္ျခားတစ္ေနရာရာကို ေငြအတြက္ သြားၿပီး မကစားခ်င္ပါဘူး။ အဲဒါက အေကာင္းဆုံး အေျဖပါပဲ။ ကြၽန္ေတာ္ ေလ့က်င့္ေရးလုပ္ရတာလည္း မေပ်ာ္ေတာ့ဘူး။ ကစားလည္း မကစားခ်င္ေတာ့ဘူး။ ဆုံးျဖတ္ခ်က္က ႐ိုးရွင္းပါတယ္။ ဘဝမွာ ခင္ဗ်ား အရာအားလုံးကို ရွင္းျပလို႔မရဘူး။ ကြၽန္ေတာ္အခု ကိုယ့္ဟာေလးနဲ႔ကိုယ္ ေအးခ်မ္းေနပါတယ္။ ကြၽန္ေတာ္ ေပ်ာ္တယ္။ ကြၽန္ေတာ့္မွာ ေဘာလုံးေလာကရဲ႕အျပင္ဘက္မွာ လုပ္စရာေတြ အမ်ားႀကီးရွိေနၿပီး ကြၽန္ေတာ္ တည္ၿငိမ္တဲ့ဆုံးျဖတ္ခ်က္ ခ်မွတ္ႏိုင္ခဲ့ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.