Premier League

ဒီကလန် ရိုက်ရဲ့သဘောတူညီမှုမှာ လျှို့ဝှက်အချက်တစ်ချက်ကို ထည့်ခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းဟာ ဒီကလန် ရိုက်ရဲ့ အာဆင်နယ်က စာချုပ်ထဲမှာ စိတ်ဝင်စားဖွယ်အချက်တစ်ချက်ကို ထည့်သွင်းခဲ့ပြီး ၎င်းရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဖော်ကို ပထမဆုံးခေါ်ယူခွင့် ရရှိမှာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ အာဆင်နယ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ မြောက်လန်ဒန်မှာ ချက်ချင်းပဲ အသားကျသွားခဲ့တာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ အင်္ဂလန်ကြယ်ပွင့်အတွက် တတ်နိုင်သမျှ စျေးအများဆုံး ရရှိချင်နေတဲ့ ဝက်စ်ဟမ်း၊ ဒေးဗစ် မွိုက်စ်တို့နဲ့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဝက်စ်ဟမ်းက အမ်းမရိတ်စ်က ရိုက်ရဲ့ စာချုပ်ထဲမှာ စိတ်ဝင်စားဖွယ်အချက်တစ်ချက်ကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအချက်အရ စမစ် ရိုးသာ လာမယ့်နှစ်မှာ အသင်းကို စွန့်ခွာဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ပထမဦးစားပေး ခေါ်ယူခွင့် ရရှိမှာဖြစ်ပြီး Football Transfers ရဲ့ ဖော်ပြချက်အရ ဟေးအမ်းအကယ်ဒမီထွက်ကစားသမားဟာ ဒေးဗစ် မွိုက်စ်က မိုဟာမက် ကူးဒက်စ်ကို မခေါ်ယူခင် ဦးစားပေးရွေးချယ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စမစ်ရိုးဟာ ကာလရှည်အနားယူခဲ့ရတဲ့ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်ပေမယ့်လည်း ယခုရာသီ အာတီတာလက်အောက်မှာ ပွဲထွက်ကစားခွင့် မရရှိသေးတာဖြစ်ပါတယ်။ အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အာဆင်နယ်က ကွင်းလယ်ကစားသမားကို ရောင်းချချင်လား ဒါမှမဟုတ် အငှားချချင်လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝက္စ္ဟမ္းအသင္းဟာ ဒီကလန္ ႐ိုက္ရဲ႕ အာဆင္နယ္က စာခ်ဳပ္ထဲမွာ စိတ္ဝင္စားဖြယ္အခ်က္တစ္ခ်က္ကို ထည့္သြင္းခဲ့ၿပီး ၎ရဲ႕ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ကို ပထမဆုံးေခၚယူခြင့္ ရရွိမွာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လမွာ အာဆင္နယ္ကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ေျမာက္လန္ဒန္မွာ ခ်က္ခ်င္းပဲ အသားက်သြားခဲ့တာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ အဂၤလန္ၾကယ္ပြင့္အတြက္ တတ္ႏိုင္သမွ် ေစ်းအမ်ားဆုံး ရရွိခ်င္ေနတဲ့ ဝက္စ္ဟမ္း၊ ေဒးဗစ္ မြိဳက္စ္တို႔နဲ႔ အႀကိတ္အနယ္ ေဆြးေႏြးခဲ့ရၿပီး ဝက္စ္ဟမ္းက အမ္းမရိတ္စ္က ႐ိုက္ရဲ႕ စာခ်ဳပ္ထဲမွာ စိတ္ဝင္စားဖြယ္အခ်က္တစ္ခ်က္ကို ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်က္အရ စမစ္ ႐ိုးသာ လာမယ့္ႏွစ္မွာ အသင္းကို စြန႔္ခြာဖို႔ ေ႐ြးခ်ယ္ခဲ့မယ္ဆိုရင္ ပထမဦးစားေပး ေခၚယူခြင့္ ရရွိမွာျဖစ္ၿပီး Football Transfers ရဲ႕ ေဖာ္ျပခ်က္အရ ေဟးအမ္းအကယ္ဒမီထြက္ကစားသမားဟာ ေဒးဗစ္ မြိဳက္စ္က မိုဟာမက္ ကူးဒက္စ္ကို မေခၚယူခင္ ဦးစားေပးေ႐ြးခ်ယ္မႈျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

စမစ္႐ိုးဟာ ကာလရွည္အနားယူခဲ့ရတဲ့ ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ၿပီျဖစ္ေပမယ့္လည္း ယခုရာသီ အာတီတာလက္ေအာက္မွာ ပြဲထြက္ကစားခြင့္ မရရွိေသးတာျဖစ္ပါတယ္။ အဂၤလန္ကြင္းလယ္ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၆ ခုႏွစ္မွာ သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီး အာဆင္နယ္က ကြင္းလယ္ကစားသမားကို ေရာင္းခ်ခ်င္လား ဒါမွမဟုတ္ အငွားခ်ခ်င္လားဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.