Premier League

ဘာဘက်မုန်တိုင်းကြောင့် ဒုက္ခရောက်ဖို့ နည်းနည်းပဲလိုခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်

လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တစ်ယောက် အတ်တလန်တစ် သမုဒ္ဒရာမှာ တိုက်ခတ်နေတဲ့ ဘာဘက် မုန်တိုင်းရဲ့ သားကောင် ဖြစ်ခဲ့ရပြီး သောကြာနေ့ မနက် ထရိန်နင်အသွားမှာ ဒုက္ခရောက်ရမယ့် အဖြစ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အင်္ဂလန်နောက်ခံလူအနေနဲ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲခန့်မှာ လီဗာပူးလ်ရဲ့ ကာ့ခ်ဘီ ထရိန်နင်ကွင်းကို အသွားမှာ ကားမောင်းနေစဉ် လဲကျလာတဲ့ ပေ ၄၀ အရှည် ဓာတ်တိုင်ကြောင့် မတိုက်မိအောင် ရှောင်တိမ်းခဲ့ရစဉ်မှာ လားရာတူ မောင်းနှင်နေတဲ့ ကားချင်း တိုက်မိခဲ့ပြီး ဒဏ်ရာတစ်စုံတစ်ရာတော့ မကြုံခဲ့ရတာပါ။

အာနိုးလ်ဒ်အနေနဲ့ တစ်နာရီ မိုင် ၇၀ လေတိုက်နှုန်းကြားက သူ့ရဲ့ ပေါင်ကိုးသောင်းတန် ရိန့်ချ်ရိုဗာကို ဆွဲရှောင်လိုက်စဉ်မှာ ဘေးက BMW ကားနဲ့ တိုက်မိခဲ့တာဖြစ်ပြီး ကားနှစ်စီးလုံး ကြီးမားတဲ့ ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် အသင်းရဲ့ ထရိန်နင်ဆီ ပုံမှန်အတိုင်း သွားရောက်နိုင်ခဲ့တယ်ပြီး အဲဗာတန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့လည်း ပြဿနာ မရှိလောက်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

အင်္ဂလန်မြောက်ပိုင်းနဲ့ စကော့တလန်ဒေသမှာ ကြီးကြီးမားမား သက်ရောက်ခဲ့ပြီး လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးမှု မများခဲ့ပေမယ့် သစ်ပင်ကျိုးတာတွေနဲ့ ဓာတ်တိုင်တွေ လဲတာလောက်သာဖြစ်ခဲ့တဲ့ မုန်တိုင်း ဘာဘက်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လိဂ်ချန်ပီယံရှစ်ပွဲစဉ်အဖြစ်တဲ့ ရိုသာဟမ်နဲ့ အစ်ပ်ဆွစ်ချ်တောင်းတို့ရဲ့ သောကြာနေ့ပွဲစဉ်ကိုလည်း ရပ်တန့်ခဲ့ရတာပါ။

မြောက်ပိုင်းက အဝေးပြေးလမ်းတွေနဲ့ မြို့တွင်းနေရာတချို့မှာ ရေလွှမ်းမိုးမှု အနည်းငယ်ဖြစ်နိုင်ပေမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရွှေ့ဆိုင်းရဖို့ သိပ်တော့ စိတ်ပူစရာမရှိလို့လည်း သိရပြီး လီဗာပူးလ်-အဲဗာတန်ပွဲစဉ်နဲ့ နယူးကာဆယ်လ်-ခရစ္စတယ်လ်ပဲလေ့စ်ပွဲစဉ်တွေကိုတော့ ပုံမှန်အတိုင်း ကျင်းပသွားမယ်လို့လည်း သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ်တစ်ယောက် အတ်တလန်တစ် သမုဒ္ဒရာမှာ တိုက်ခတ်နေတဲ့ ဘာဘက် မုန်တိုင်းရဲ့ သားကောင် ဖြစ်ခဲ့ရပြီး သောကြာနေ့ မနက် ထရိန်နင်အသွားမှာ ဒုက္ခရောက်ရမယ့် အဖြစ်ကနေ သီသီလေး လွတ်မြောက်ခဲ့ရတာဖြစ်ပါတယ်။


အာနိုးလ်ဒ်အနေနဲ့ တစ်နာရီ မိုင် ၇၀ လေတိုက်နှုန်းကြားက သူ့ရဲ့ ပေါင်ကိုးသောင်းတန် ရိန့်ခ်ျရိုဗာကို ဆွဲရှောင်လိုက်စဉ်မှာ ဘေးက BMW ကားနဲ့ တိုက်မိခဲ့တာဖြစ်ပြီး ကားနှစ်စီးလုံး ကြီးမားတဲ့ ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် အသင်းရဲ့ ထရိန်နင်ဆီ ပုံမှန်အတိုင်း သွားရောက်နိုင်ခဲ့တယ်ပြီး အဲဗာတန်နဲ့ပွဲမှာ ပါဝင်နိုင်ဖို့လည်း ပြဿနာ မရှိလောက်ဘူးလို့ ခန့်မှန်းနေကြပါတယ်။

အင်္ဂလန်မြောက်ပိုင်းနဲ့ စကော့တလန်ဒေသမှာ ကြီးကြီးမားမား သက်ရောက်ခဲ့ပြီး လူနေအိမ်တွေနဲ့ အဆောက်အအုံတွေ ပျက်စီးမှု မများခဲ့ပေမယ့် သစ်ပင်ကျိုးတာတွေနဲ့ ဓာတ်တိုင်တွေ လဲတာလောက်သာဖြစ်ခဲ့တဲ့ မုန်တိုင်း ဘာဘက်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး လိဂ်ချန်ပီယံရှစ်ပွဲစဉ်အဖြစ်တဲ့ ရိုသာဟမ်နဲ့ အစ်ပ်ဆွစ်ခ်ျတောင်းတို့ရဲ့ သောကြာနေ့ပွဲစဉ်ကိုလည်း ရပ်တန့်ခဲ့ရတာပါ။


REF: INTERNET SOURCES
SPORTS A2Z.