အယ်လ်နာဆာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် သမိုင်းဝင် အနားယူပွဲအခမ်းအနားကို ကျင်းပပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဆော်ဒီ ဂျာနယ်လစ် အလီ အယ်လ်-ဟာဘီက အဲဒီအခမ်းအနားဟာ ၂၀၂၇ ခုနှစ်အစောပိုင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ X မှာ တင်ခဲ့ပြီး ကမ္ဘာ့ဖလားအပြီးမှာ ရော်နယ်လ်ဒိုက ၎င်းရဲ့ ကစားသမားဘဝကို အဆုံးသတ်တော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အယ်လ်နာဆာက ၂၀၂၆ ကမ္ဘာ့ဖလားအပြီးမှာ ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုအတွက် သမိုင်းဝင် ကစားသမားဘဝကနေ အနားယူပွဲ အခမ်းအနားကို ကျင်းပပေးသွားမှာဖြစ်ပြီး အထူးသဖြင့် ၂၀၂၇ ခုနှစ်အစပိုင်းမှာ ‘အောင်ပွဲက နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံးသော ကစားသမားအတွက် အဆုံးသတ်လည်းဖြစ်လိမ့်မယ်’လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဇန်နဝါရီလမှာ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ဆော်ဒီ အာရေဗျမှာ ဘလွန်ဒေါ ၅ ဆုရှင်က ချက်ချင်းအောင်မြင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ ပြိုင်ပွဲစုံပွဲ ၃၀ မှာ သွင်းဂိုး ၂၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ပြီး ယခုရာသီမှာလည်း ၁၁ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ပြီး အားကောင်းတဲ့ပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ဩဂုတ်လရော စက်တင်ဘာလအတွက်ပါ ဆော်ဒီပရိုလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ပေါ်တူဂီဂန္တဝင်ဟာ အရှေ့အလယ်ပိုင်းရဲ့ ဘောလုံးပြယုဂ်တစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လူတော်တော်များများက အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ဘယ်အချိန်မှာ အနားယူသွားမလဲဆိုတာကို သိချင်နေကြပြီး မကြာသေးမီက သတင်းတွေရဲ့ ဖော်ပြချက်အရ အယ်လ်နာဆာဟာ ရော်နယ်လ်ဒိုရဲ့ စာချုပ်သက်တမ်းကို ၂၀၂၇ ခုနှစ်အထိ တိုးမြှင့်ဖို့ ပြောဆိုဆွေးနွေးသွားချင်နေတယ်လို့ သိရပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ကျော်လောက်သာ သက်တမ်း ကျန်ရှိတော့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဆလိုဗက်ကီးယားကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွငး်ဂိုး ၂ ဂိုးကြောင့် နိုင်ငံတကာပွဲ ၂၀၂ ပွဲမှာ သွင်းဂိုး ၁၂၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အယ္လ္နာဆာဟာ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ သမိုင္းဝင္ အနားယူပြဲအခမ္းအနားကို က်င္းပေပးဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။
ေဆာ္ဒီ ဂ်ာနယ္လစ္ အလီ အယ္လ္-ဟာဘီက အဲဒီအခမ္းအနားဟာ ၂၀၂၇ ခုႏွစ္အေစာပိုင္းမွာ က်င္းပျပဳလုပ္သြားမွာျဖစ္တယ္လို႔ X မွာ တင္ခဲ့ၿပီး ကမာၻ႔ဖလားအၿပီးမွာ ေရာ္နယ္လ္ဒိုက ၎ရဲ႕ ကစားသမားဘဝကို အဆုံးသတ္ေတာ့မွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
“အယ္လ္နာဆာက ၂၀၂၆ ကမာၻ႔ဖလားအၿပီးမွာ ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုအတြက္ သမိုင္းဝင္ ကစားသမားဘဝကေန အနားယူပြဲ အခမ္းအနားကို က်င္းပေပးသြားမွာျဖစ္ၿပီး အထူးသျဖင့္ ၂၀၂၇ ခုႏွစ္အစပိုင္းမွာ ‘ေအာင္ပြဲက ေနာက္ဆုံးအခြင့္အေရးျဖစ္ၿပီး ေဘာလုံးသမိုင္းမွာ အႀကီးက်ယ္ဆုံးေသာ ကစားသမားအတြက္ အဆုံးသတ္လည္းျဖစ္လိမ့္မယ္’လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ ဇန္နဝါရီလမွာ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ေဆာ္ဒီ အာေရဗ်မွာ ဘလြန္ေဒါ ၅ ဆုရွင္က ခ်က္ခ်င္းေအာင္ျမင္မႈေတြ ရရွိခဲ့တာျဖစ္ပါတယ္။
ေပၚတူဂီအသင္းေခါင္းေဆာင္ဟာ ၿပိဳင္ပြဲစုံပြဲ ၃၀ မွာ သြင္းဂိုး ၂၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့ၿပီျဖစ္ၿပီး ယခုရာသီမွာလည္း ၁၁ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္အထိ ျပဳလုပ္ၿပီး အားေကာင္းတဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ဩဂုတ္လေရာ စက္တင္ဘာလအတြက္ပါ ေဆာ္ဒီပ႐ိုလိဂ္ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့ၿပီး ေပၚတူဂီဂႏၲဝင္ဟာ အေရွ႕အလယ္ပိုင္းရဲ႕ ေဘာလုံးျပယုဂ္တစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း လူေတာ္ေတာ္မ်ားမ်ားက အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ဘယ္အခ်ိန္မွာ အနားယူသြားမလဲဆိုတာကို သိခ်င္ေနၾကၿပီး မၾကာေသးမီက သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အယ္လ္နာဆာဟာ ေရာ္နယ္လ္ဒိုရဲ႕ စာခ်ဳပ္သက္တမ္းကို ၂၀၂၇ ခုႏွစ္အထိ တိုးျမႇင့္ဖို႔ ေျပာဆိုေဆြးေႏြးသြားခ်င္ေနတယ္လို႔ သိရပါတယ္။
ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ လက္ရွိ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းဟာ တစ္ႏွစ္ေက်ာ္ေလာက္သာ သက္တမ္း က်န္ရွိေတာ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ဆလိုဗက္ကီးယားကို ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ သြင္းယူခဲ့တဲ့ သြငး္ဂိုး ၂ ဂိုးေၾကာင့္ ႏိုင္ငံတကာပြဲ ၂၀၂ ပြဲမွာ သြင္းဂိုး ၁၂၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.