La Liga Premier League

မန်ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ မန်ချက်စတာယူနိုက်တက်အပယ်ခံ ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး လက်ရှိမှာတော့ အပြောင်းအရွှေ့ပြုလုပ်မယ့် အစီအစဉ် ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

လာလီဂါကလပ်ဟာ အင်္ဂလန်ကြယ်ပွင့်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဆန်ချိုကို ဂျူဗင်တပ်နဲ့ အသင်းဟောင်း ဒေါ့မွန်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ယခုနွေရာသီမှာ ဆန်ချိုကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး နည်းပြ အဲရစ် တန်ဟက်က ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ကျန်တဲ့ ကစားသမားတွေအပေါ်မှာ မကောင်းတဲ့ လွှမ်းမိုးမှုရှိတယ်လို့ ရှုမြင်နေတာဖြစ်ပါတယ်။

ဆန်ချိုဟာ ယခုရာသီမှာ နည်းပြ တန်ဟက်နဲ့ လူသိရှင်ကြား ပြဿနာတက်ခဲ့သူဖြစ်ပြီး ၎င်းရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ပြစ်တင်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြကို အသင်းရဲ့ ခြေစွမ်းဆိုးရွားနေမှုအတွက် ခုတုံးလုပ်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ပြစ်ဒဏ်အနေနဲ့ ပထမအသင်းနဲ့ပတ်သက်တဲ့အရာအားလုံးကနေ ဖယ်ရှားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဆန်ချိုဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ပြင်ဆင်နေပုံပေါ်ပြီး ဘာစီလိုနာအပါအဝင် ရွေးချယ်စရာ အများအပြားရှိနေပုံပေါ်ပါတယ်။ ကနဦးတုန်းက ဘာစီလိုနာဟာ ဆန်ချိုကို ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားခဲ့ပေမယ့်လည်း စပိန်က သတင်းသစ်တွေအရ ဆောင်းရာသီအစား နွေရာသီမှသာ ချဉ်းကပ်မှု ပြုလုပ်သွားဖို့ စိတ်ပြောင်းလိုက်ပြီလို့ သိရပါတယ်။

ဆန်ချိုရဲ့ ကိုယ်စားလှယ်တွေဟာ အပြောင်းအရွှေ့အတွက် ဘာစီလိုနာနဲ့ ဆက်သွယ်ခဲ့တယ်လို့ ယုံကြည်ပြီး ကတ်တလန်အသင်းကြီးက အင်္ဂလန်ကြယ်ပွင့်ရဲ့ အရည်အသွေးကို အသိအမှတ်ပြုပေမယ့်လည်း မမျှော်လင့်ထားတဲ့ ကစားသမားထွက်ခွာမှုတွေ မရှိဘူးဆိုရင် ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူနိုင်မှာမဟုတ်တာဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာဟာ ၂၀၂၄-၂၀၂၅ ရာသီမှာ ဆန်ချိုကို အငှားနဲ့ ခေါ်ယူဖို့ အာရုံစိုက်နေပြီဖြစ်ပေမယ့်လည်း အဲဒီအချိန်ကျရင်လည်း မန်ယူနိုက်တက်ကြယ်ပွင့်ရောက်လာဖို့ဆိုရင် ကစားသမားတွေအနေနဲ့ သိသိသာသာ လျော့နည်းတဲ့ လစာကို လက်ခံဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုဟာ ၂၀၂၁ ခုနှစ်မှာ ဒေါ့မွန်ကနေ ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက မန်ချက်စတာယူနိုက်တက်အတွက် ၈၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ မန္ခ်က္စတာယူႏိုက္တက္အပယ္ခံ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီး လက္ရွိမွာေတာ့ အေျပာင္းအေ႐ႊ႕ျပဳလုပ္မယ့္ အစီအစဥ္ ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။

လာလီဂါကလပ္ဟာ အဂၤလန္ၾကယ္ပြင့္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့အသင္းေတြထဲက တစ္သင္းျဖစ္ၿပီး ဆန္ခ်ိဳကို ဂ်ဴဗင္တပ္နဲ႔ အသင္းေဟာင္း ေဒါ့မြန္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ယခုေႏြရာသီမွာ ဆန္ခ်ိဳကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားၿပီး နည္းျပ အဲရစ္ တန္ဟက္က ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းဟာ က်န္တဲ့ ကစားသမားေတြအေပၚမွာ မေကာင္းတဲ့ လႊမ္းမိုးမႈရွိတယ္လို႔ ရႈျမင္ေနတာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ယခုရာသီမွာ နည္းျပ တန္ဟက္နဲ႔ လူသိရွင္ၾကား ျပႆနာတက္ခဲ့သူျဖစ္ၿပီး ၎ရဲ႕စြမ္းေဆာင္ရည္ကို ေဝဖန္ျပစ္တင္ခဲ့တဲ့ ဒတ္ခ်္လူမ်ိဳးနည္းျပကို အသင္းရဲ႕ ေျခစြမ္းဆိုး႐ြားေနမႈအတြက္ ခုတုံးလုပ္တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီးေနာက္ ျပစ္ဒဏ္အေနနဲ႔ ပထမအသင္းနဲ႔ပတ္သက္တဲ့အရာအားလုံးကေန ဖယ္ရွားျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ ဆန္ခ်ိဳဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ျပင္ဆင္ေနပုံေပၚၿပီး ဘာစီလိုနာအပါအဝင္ ေ႐ြးခ်ယ္စရာ အမ်ားအျပားရွိေနပုံေပၚပါတယ္။ ကနဦးတုန္းက ဘာစီလိုနာဟာ ဆန္ခ်ိဳကို ဇန္နဝါရီမွာ အငွားနဲ႔ ေခၚယူဖို႔ စဥ္းစားခဲ့ေပမယ့္လည္း စပိန္က သတင္းသစ္ေတြအရ ေဆာင္းရာသီအစား ေႏြရာသီမွသာ ခ်ဥ္းကပ္မႈ ျပဳလုပ္သြားဖို႔ စိတ္ေျပာင္းလိုက္ၿပီလို႔ သိရပါတယ္။

ဆန္ခ်ိဳရဲ႕ ကိုယ္စားလွယ္ေတြဟာ အေျပာင္းအေ႐ႊ႕အတြက္ ဘာစီလိုနာနဲ႔ ဆက္သြယ္ခဲ့တယ္လို႔ ယုံၾကည္ၿပီး ကတ္တလန္အသင္းႀကီးက အဂၤလန္ၾကယ္ပြင့္ရဲ႕ အရည္အေသြးကို အသိအမွတ္ျပဳေပမယ့္လည္း မေမွ်ာ္လင့္ထားတဲ့ ကစားသမားထြက္ခြာမႈေတြ မရွိဘူးဆိုရင္ ဇန္နဝါရီမွာ အငွားနဲ႔ ေခၚယူႏိုင္မွာမဟုတ္တာျဖစ္ပါတယ္။

ဒါေၾကာင့္ ဘာစီလိုနာဟာ ၂၀၂၄-၂၀၂၅ ရာသီမွာ ဆန္ခ်ိဳကို အငွားနဲ႔ ေခၚယူဖို႔ အာ႐ုံစိုက္ေနၿပီျဖစ္ေပမယ့္လည္း အဲဒီအခ်ိန္က်ရင္လည္း မန္ယူႏိုက္တက္ၾကယ္ပြင့္ေရာက္လာဖို႔ဆိုရင္ ကစားသမားေတြအေနနဲ႔ သိသိသာသာ ေလ်ာ့နည္းတဲ့ လစာကို လက္ခံဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ေဂ်ဒန္ ဆန္ခ်ိဳဟာ ၂၀၂၁ ခုႏွစ္မွာ ေဒါ့မြန္ကေန ေပါင္ ၇၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက မန္ခ်က္စတာယူႏိုက္တက္အတြက္ ၈၂ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.