International World Cup

အာဂျင်တီးနားအတွက် နိုင်ပွဲရယူပေးခဲ့ပြီး စံချိန်သစ်ရေးထိုးခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ အင်္ဂါနေ့ညက ပီရူးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အာဂျင်တီးနားအတွက် အကောင်းဆုံးပုံစံနဲ့ ၂ ဂိုးစလုံး သွင်းယူပေးပြီး နိုင်ပွဲရယူပေးခဲ့ပါတယ်။

အင်တာ မိုင်ယာမီကြယ်ပွင့်ဟာ ပထမပိုင်းမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နှစ်ဂိုးစလုံးဟာ ပင်နယ်တီဧရိယာအစွန်ကနေ အလွန်ကောင်းမွန်တဲ့ ဘယ်ခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ မကြာသေးမီက ကြွက်သားပြဿနာကြောင့် အင်တာမိုင်ယာမီရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနေပုံပေါ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအတွက် ဟက်ထရစ်ပါ သွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR က ပြန်လည်စစ်ဆေးပြီးနောက် လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပီရူးနဲ့ပွဲစဉ်က သွင်းဂိုး ၂ ဂိုးကြောင့် လီယွန်နယ် မက်ဆီဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားဝင်ခွင့်မှာ သွင်းဂိုး ၃၀ နဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်အဖြစ် ဘာစီလိုနာအသင်းဖော်ဟောင်း ဥရုဂွေးဂန္တဝင် လူးဝစ္စ ဆွာရက်ဇ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မက်ဆီရဲ့ ပထမသွင်းဂိုးဟာ ပထမပိုင်း ၃၂ မိနစ်မှာ ဂွန်ဇာလက်ဇ် ပင်နယ်တီဧရိယာဘယ်အစွန်ကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို အင်တာ မိုင်ယာမီကြယ်ပွင့်က ပင်နယ်တီဧရိယာထိပ်ကနေ ပြေးဝင် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒုတိယမြောက် ဦးဆောင်ဂိုးကိုလည်း တစ်ပုံတည်းပဲ ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ပီရူးနဲ့ပွဲမတိုင်ခင် ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အာဂျင်တီးနားကြယ်ပွင့် ဒီမာရီယာက ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအပြီးမှာ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အာဂျင်တီးနားဟာ တောင်အမေရိကဇုန် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ပြီးပြည့်စုံတဲ့ နိုင် ပွဲ ၃ ပွဲနဲ့အတူ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး ဥရုဂွေး၊ ဘရာဇီးလ်၊ ဗင်နီဇွဲလားတို့က ရမှတ် ၇ မှတ်ကိုယ်စီနဲ့ အဆင့် ၂၊ ၃၊ ၄ နေရာတွေမှာ အသီးသီး ရပ်တည်နေကြပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ အဂၤါေန႔ညက ပီ႐ူးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အာဂ်င္တီးနားအတြက္ အေကာင္းဆုံးပုံစံနဲ႔ ၂ ဂိုးစလုံး သြင္းယူေပးၿပီး ႏိုင္ပြဲရယူေပးခဲ့ပါတယ္။

အင္တာ မိုင္ယာမီၾကယ္ပြင့္ဟာ ပထမပိုင္းမွာ ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ႏွစ္ဂိုးစလုံးဟာ ပင္နယ္တီဧရိယာအစြန္ကေန အလြန္ေကာင္းမြန္တဲ့ ဘယ္ေျခနဲ႔ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မၾကာေသးမီက ႂကြက္သားျပႆနာေၾကာင့္ အင္တာမိုင္ယာမီရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့တာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိေနပုံေပၚပါတယ္။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားအတြက္ ဟက္ထရစ္ပါ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း VAR က ျပန္လည္စစ္ေဆးၿပီးေနာက္ လူကြၽံေဘာအျဖစ္ သတ္မွတ္ခဲ့တာေၾကာင့္ ၂ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီ႐ူးနဲ႔ပြဲစဥ္က သြင္းဂိုး ၂ ဂိုးေၾကာင့္ လီယြန္နယ္ မက္ဆီဟာ ေတာင္အေမရိကဇုန္ ကမာၻ႔ဖလားဝင္ခြင့္မွာ သြင္းဂိုး ၃၀ နဲ႔ တသက္တာထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ဘာစီလိုနာအသင္းေဖာ္ေဟာင္း ဥ႐ုေဂြးဂႏၲဝင္ လူးဝစၥ ဆြာရက္ဇ္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

မက္ဆီရဲ႕ ပထမသြင္းဂိုးဟာ ပထမပိုင္း ၃၂ မိနစ္မွာ ဂြန္ဇာလက္ဇ္ ပင္နယ္တီဧရိယာဘယ္အစြန္ကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို အင္တာ မိုင္ယာမီၾကယ္ပြင့္က ပင္နယ္တီဧရိယာထိပ္ကေန ေျပးဝင္ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဒုတိယေျမာက္ ဦးေဆာင္ဂိုးကိုလည္း တစ္ပုံတည္းပဲ ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ပီ႐ူးနဲ႔ပြဲမတိုင္ခင္ ဗုဒၶဟူးေန႔အေစာပိုင္းမွာ အာဂ်င္တီးနားၾကယ္ပြင့္ ဒီမာရီယာက ၂၀၂၄ ကိုပါအေမရိကၿပိဳင္ပြဲအၿပီးမွာ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူေတာ့မွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

အာဂ်င္တီးနားဟာ ေတာင္အေမရိကဇုန္ ၂၀၂၆ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုမွာ ၿပီးျပည့္စုံတဲ့ ႏိုင္ ပြဲ ၃ ပြဲနဲ႔အတူ ဇယားထိပ္ဆုံးမွာ ရပ္တည္ေနၿပီး ဥ႐ုေဂြး၊ ဘရာဇီးလ္၊ ဗင္နီဇြဲလားတို႔က ရမွတ္ ၇ မွတ္ကိုယ္စီနဲ႔ အဆင့္ ၂၊ ၃၊ ၄ ေနရာေတြမွာ အသီးသီး ရပ္တည္ေနၾကပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.