International World Cup

ဥရုဂွေးကို ရှုံးတဲ့အပြင် နေမာကိုပါ ဆုံးရှုံးလိုက်ရတဲ့ ဘရာဇီးလ်

နေမာဟာ ဗုဒ္ဓဟူးနေ့ည ဥရုဂွေးနဲ့ ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီးနောက် ကွင်းထဲကနေ လူနာတင်ယာဉ်နဲ့ ထွက်ခွာခဲ့ရပြီး မျက်ရည်လည်ရွဲဖြစ်ခဲ့ပါတယ်။

အယ်လ်-ဟီလာလ်ကြယ်ပွင့်ဟာ ပထမပိုင်း ပွဲကစားချိန်ပြီးဆုံးခါနီးမှာ ဥရုဂွေးကွင်းလယ်လူ နီကိုလတ်စ် ဒီလာ ခရုဇ်နဲ့ ထိခိုက်မိခဲ့ပြီးနောက် မြက်ခင်းပြင်ပေါ်ကို လဲကျသွားခဲ့တာဖြစ်ပြီး နေမာဟာ နာကျင်မှုကြောင့် လူးလှိမ့်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ဘရာဇီးလ်တိုက်စစ်မှူးကို ထမ်းစင်နဲ့ ကားပေါ်တင်ပြီး ကွင်းထဲကနေ ခေါ်ဆောင်သွားခဲ့ရတာဖြစ်ပြီး နေမာဟာ ကွင်းထဲကနေ ထွက်ခွာချိန်မျာ ခေါင်းပေါ်ကို လက်တင်ပြီး မျက်ရည်တွေ စီးကျနေတာကို မြင်တွေ့ခဲ့ရပါတယ်။

နေမာရဲ့ နေရာမှာ ရစ်ချာလီဆန်က လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ဘရာဇီးလ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဟာ ခြေထောက်အောက်ပိုင်းနားမှာ နာကျင်သွားခဲ့ပုံပေါ်တာကြောင့် ဒဏ်ရာအတိမ်အနက်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ကြီးထွားနေပါတယ်။

ဘရာဇီးလ်ဟာ အဲဒီအချိန်မှာ ၄၂ မိနစ်မှာ ဒါဝင် နူးညက်ဇ်သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဥရုဂွေးကို ၁-၀ နဲ့ ရှုံးနိမ့်နေခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၇၇ မိနစ်မှာ နေမာကို ဒဏ်ရာ ရရှိစေခဲ့တဲ့ ကွင်းလယ်ကစားသမားကပဲ နောက်ထပ် ဦးဆောင်ဂိုး သွင်းယူသွားခဲ့တာကြောင့် ဘရာဇီးလ်တို့ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေနမာဟာ ဗုဒၶဟူးေန႔ည ဥ႐ုေဂြးနဲ႔ ကစားခဲ့တဲ့ ၂၀၂၆ ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ကြင္းထဲကေန လူနာတင္ယာဥ္နဲ႔ ထြက္ခြာခဲ့ရၿပီး မ်က္ရည္လည္႐ြဲျဖစ္ခဲ့ပါတယ္။

အယ္လ္-ဟီလာလ္ၾကယ္ပြင့္ဟာ ပထမပိုင္း ပြဲကစားခ်ိန္ၿပီးဆုံးခါနီးမွာ ဥ႐ုေဂြးကြင္းလယ္လူ နီကိုလတ္စ္ ဒီလာ ခ႐ုဇ္နဲ႔ ထိခိုက္မိခဲ့ၿပီးေနာက္ ျမက္ခင္းျပင္ေပၚကို လဲက်သြားခဲ့တာျဖစ္ၿပီး ေနမာဟာ နာက်င္မႈေၾကာင့္ လူးလွိမ့္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

သိပ္မၾကာခင္မွာပဲ ဘရာဇီးလ္တိုက္စစ္မႉးကို ထမ္းစင္နဲ႔ ကားေပၚတင္ၿပီး ကြင္းထဲကေန ေခၚေဆာင္သြားခဲ့ရတာျဖစ္ၿပီး ေနမာဟာ ကြင္းထဲကေန ထြက္ခြာခ်ိန္မ်ာ ေခါင္းေပၚကို လက္တင္ၿပီး မ်က္ရည္ေတြ စီးက်ေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ေနမာရဲ႕ ေနရာမွာ ရစ္ခ်ာလီဆန္က လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ဟာ ေျခေထာက္ေအာက္ပိုင္းနားမွာ နာက်င္သြားခဲ့ပုံေပၚတာေၾကာင့္ ဒဏ္ရာအတိမ္အနက္နဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ႀကီးထြားေနပါတယ္။

ဘရာဇီးလ္ဟာ အဲဒီအခ်ိန္မွာ ၄၂ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ဥ႐ုေဂြးကို ၁-၀ နဲ႔ ရႈံးနိမ့္ေနခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ၇၇ မိနစ္မွာ ေနမာကို ဒဏ္ရာ ရရွိေစခဲ့တဲ့ ကြင္းလယ္ကစားသမားကပဲ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူသြားခဲ့တာေၾကာင့္ ဘရာဇီးလ္တို႔ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.