International

လီဗာပူးလ်နဲ့မန်ယူနိုက်တက်ပရိသတ်တွေကို ဒေါသထွက်စေမယ့် မှတ်ချက်ပေးခဲ့တဲ့ ဘယ်လင်ဟမ်

အင်္ဂလန်ကြယ်ပွင့် ဂျုဒ် ဘယ်လင်ဟမ်က ပရီးမီးယားလိဂ်ကလပ်အသင်းတွေဆီကနေ စိတ်ဝင်စားခြင်းခံနေရပေမယ့်လည်း နောက်လာမယ့် ၁၀ နှစ်၊ ၁၅ နှစ်လောက်အထိ ရီးရဲလ်မက်ဒရစ်ကစားသမားဖြစ်ချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဗုဒ္ဓဟူးနေ့ညက အီတလီကို ဝင်ဘလေကွင်းမှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုဗိုလ်အဖြစ်နဲ့ လာမယ့် နွေရာသီ ယူရိုဝင်ခွင့် ရရှိခဲ့ပြီဖြစ်ပြီး အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဟမ်ဟာ အင်္ဂလန်ရဲ့ သွင်းဂိုး ၃ ဂိုးထဲက ၂ ဂိုးမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟာ ၈၄ မိနစ်မှာ လူစားလဲလှယ်ခြင်းခံရချိန်မှာတော့ ဝင်ဘလေကွင်းထဲက ပရိသတ်တွေရဲ့ မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခြင်းခံခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာ ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်မှာ နောက်ထပ် ၁၀ နှစ်၊ ၁၅ နှစ်လောက်အထိ ဆက်ရှိနေချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ လာလီဂါထိပ်သီးအသင်းကြီးကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၈.၅ သန်းနဲ့ မပြောင်းရွှေ့ခင် မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်၊ မန်စီးတီး၊ ပီအက်စ်ဂျီတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော် ရီးရဲလ်ကို ရောက်ကတည်းက ပြောခဲ့တာက ဒါက ကျွန်တော့်ဘဝမှာ နောက်ထပ် ၁၀ နှစ်၊ ၁၅ နှစ်လောက်အထိ ရှိနေချင်တဲ့အသင်းဆိုတာပါ။ ကျွန်တော် အသင်းကို ချစ်မြတ်နိုးတယ်။”

ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့မှာလားလို့ နောက်ထပ် ထပ်မံမေးမြန်းခဲ့ရာမှာ ဘယ်လင်ဟမ်က ပြုံးပြီး “အင်း ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ ကြည့်ကြတာပေါ့။”လို့ တုံ့ပြန်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ၎င်းရဲ့ ခြေစွမ်းက နောက်ထပ်အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အပေါ် “ခင်ဗျား နေ့တိုင်း ဒီလို အရည်အသွေးရှိတဲ့ ကစားသမားမျိုးတွေ ခင်ဗျားသူတို့ကို အားကစားခန်းမထဲမှာမြင်ရမယ်။ သူတို့တွေ ပွဲအတွက် ဘယ်လိုကြိုတင်ပြင်ဆင်နေလဲဆိုတာကို မြင်မယ်။ ခွဲခြမ်းစိတ်ဖြာမှုတွေ၊ သူတို့လုပ်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုတွေ၊ ကွင်းထဲမှာ လုပ်နေတဲ့အလုပ်တွေ၊ လေ့ကျင့်ရေးအစီအစဉ်အချို့ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိမှုတွေ၊ ဒီလို စိတ်ဓာတ်ပိုင်းကောင်းမွန်တဲ့ ကစားသမားမျိုးတွေနားမှာ နေရတဲ့အခါမှာ ပြောရမယ်ဆိုရင် ခင်ဗျားကို အဆင့်သစ်တစ်ခုကို ယူဆောင်သွားပေးနိုင်မှာပါ။ ကျွန်တော် ဆက်ပြီးတော့ နားထောင်နေရင် ကျွန်တော့်ရဲ့ ခြေစွမ်းကလည်း တိုးတက်လာလိမ့်မယ်လို့ ခံစားရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ၾကယ္ပြင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္က ပရီးမီးယားလိဂ္ကလပ္အသင္းေတြဆီကေန စိတ္ဝင္စားျခင္းခံေနရေပမယ့္လည္း ေနာက္လာမယ့္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေလာက္အထိ ရီးရဲလ္မက္ဒရစ္ကစားသမားျဖစ္ခ်င္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ဟာ ဗုဒၶဟူးေန႔ညက အီတလီကို ဝင္ဘေလကြင္းမွာ ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ အုပ္စုဗိုလ္အျဖစ္နဲ႔ လာမယ့္ ေႏြရာသီ ယူ႐ိုဝင္ခြင့္ ရရွိခဲ့ၿပီျဖစ္ၿပီး အသက္ ၂၀ အ႐ြယ္သာ ရွိေသးတဲ့ ဘယ္လင္ဟမ္ဟာ အဂၤလန္ရဲ႕ သြင္းဂိုး ၃ ဂိုးထဲက ၂ ဂိုးမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ဟာ ၈၄ မိနစ္မွာ လူစားလဲလွယ္ျခင္းခံရခ်ိန္မွာေတာ့ ဝင္ဘေလကြင္းထဲက ပရိသတ္ေတြရဲ႕ မတ္တပ္ရပ္လက္ခုပ္တီးဂုဏ္ျပဳျခင္းခံခဲ့ရတာျဖစ္ၿပီး ပြဲအၿပီးမွာ ဘယ္လင္ဟမ္က ရီးရဲလ္မက္ဒရစ္မွာ ေနာက္ထပ္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေလာက္အထိ ဆက္ရွိေနခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ လာလီဂါထိပ္သီးအသင္းႀကီးကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၈.၅ သန္းနဲ႔ မေျပာင္းေ႐ႊ႕ခင္ မန္ခ်က္စတာယူႏိုက္တက္၊ လီဗာပူးလ္၊ မန္စီးတီး၊ ပီအက္စ္ဂ်ီတို႔ရဲ႕ စိတ္ဝင္စားျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ရီးရဲလ္ကို ေရာက္ကတည္းက ေျပာခဲ့တာက ဒါက ကြၽန္ေတာ့္ဘဝမွာ ေနာက္ထပ္ ၁၀ ႏွစ္၊ ၁၅ ႏွစ္ေလာက္အထိ ရွိေနခ်င္တဲ့အသင္းဆိုတာပါ။ ကြၽန္ေတာ္ အသင္းကို ခ်စ္ျမတ္ႏိုးတယ္။”

ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕မွာလားလို႔ ေနာက္ထပ္ ထပ္မံေမးျမန္းခဲ့ရာမွာ ဘယ္လင္ဟမ္က ၿပဳံးၿပီး “အင္း ကြၽန္ေတာ္ သိပါတယ္။ ကြၽန္ေတာ္တို႔ ၾကည့္ၾကတာေပါ့။”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ၎ရဲ႕ ေျခစြမ္းက ေနာက္ထပ္အဆင့္တစ္ဆင့္ကို တက္လွမ္းႏိုင္ခဲ့တဲ့အေပၚ “ခင္ဗ်ား ေန႔တိုင္း ဒီလို အရည္အေသြးရွိတဲ့ ကစားသမားမ်ိဳးေတြ ခင္ဗ်ားသူတို႔ကို အားကစားခန္းမထဲမွာျမင္ရမယ္။ သူတို႔ေတြ ပြဲအတြက္ ဘယ္လိုႀကိဳတင္ျပင္ဆင္ေနလဲဆိုတာကို ျမင္မယ္။ ခြဲျခမ္းစိတ္ျဖာမႈေတြ၊ သူတို႔လုပ္ခဲ့တဲ့ ႐ုပ္ပိုင္းဆိုင္ရာလုပ္ေဆာင္မႈေတြ၊ ကြင္းထဲမွာ လုပ္ေနတဲ့အလုပ္ေတြ၊ ေလ့က်င့္ေရးအစီအစဥ္အခ်ိဳ႕ရဲ႕ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိမႈေတြ၊ ဒီလို စိတ္ဓာတ္ပိုင္းေကာင္းမြန္တဲ့ ကစားသမားမ်ိဳးေတြနားမွာ ေနရတဲ့အခါမွာ ေျပာရမယ္ဆိုရင္ ခင္ဗ်ားကို အဆင့္သစ္တစ္ခုကို ယူေဆာင္သြားေပးႏိုင္မွာပါ။ ကြၽန္ေတာ္ ဆက္ၿပီးေတာ့ နားေထာင္ေနရင္ ကြၽန္ေတာ့္ရဲ႕ ေျခစြမ္းကလည္း တိုးတက္လာလိမ့္မယ္လို႔ ခံစားရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.