International

ယူကရိန်းအတွက် တကိုယ်တော်ဂိုးသွင်းယူပြီး ရပ်တန့်လို့မရဖြစ်နေတဲ့ မာဒရစ်ခ်

ချဲလ်ဆီးကြယ်ပွင့် မိုင်ခေလို မာဒရစ်ခ်ဟာ အင်္ဂါနေ့ညက မော်လ်တာကို ၃-၁ နဲ့ ယူကရိန်းက အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် တကိုယ်တော်သွင်းဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ယူကရိန်းဟာ ယူရို ၂၀၂၄ ဝင်ခွင့် ဆက်လက်အသက်သွင်းနိုင်ဖို့ မျှော်လင့်ချက် ဆက်ရှိနေဖို့အတွက် မော်လ်တာကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့တာဖြစ်ပေမယ့်လည်း ပွဲကစားချိန် ၁၂ မိနစ်မှာ ပေါလ် အမ်ဘောင်က အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် တုန်လှုပ်ခဲ့ရတာဖြစ်ပါတယ်။

ရိုင်ယန် ကာမန်ဇူလီရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိတဲ့ဂိုး၊ ဒိုးဗျွတ်ခ်ရဲ့ ပင်နယ်တီသွင်းဂိုးတို့ကြောင့် ယူကရိန်းက ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ပွဲကစားချိန်ပြည့်ဖို့ ၅ မိနစ်အလိုမှာ မာဒရစ်ခ်က ယူကရိန်းကို အနိုင် ၃ မှတ်သေချာစေမယ့် သွင်းဂိုးကို အလွန်ကောင်းမွန်တဲ့ ခြေစွမ်းနဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်ဟာ မော်လ်တာ ကစားသမားအများအပြားကို လိမ်ခေါက်ဖြတ်ကျော်ခဲ့ပြီးနောက် ဂိုးပေါက်ထဲကို အားပါပြင်းထန်တဲ့ ကန်ချက်နဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ယူကရိန်းကြယ်ပွင့်ဟာ ဇန်နဝါရီမှာ ရှက်တာဒိုးတ်ကနေ ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ခက်ခဲတဲ့စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ယူကရိန်းတောင်ပံကစားသမားဟာ နည်းပြ ဂရေဟမ်ပေါ့တား၊ ဖရန့်ခ် လမ်းပတ်တို့ လက်အောက်မှာ ရုန်းကန်ခဲ့ရတဲ့ ချဲလ်ဆီးနည်းတူ ခက်ခဲတဲ့ ကစားသမားဘဝ စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး နည်းပြသစ် ပိုချက်တီနိုလက်အောက် ရာသီကြိုမှာ ချဲလ်ဆီးအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် အများကြီး ထပ်လာဖို့ရှိသေးတယ်လို့ မာဒရစ်ခ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ဒီဂိုးကို သွင်းယူနိုင်ဖို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်အားလုံးအတွက် ပျော်ရွှင်တယ်လို့ ခံစားမိပါတယ်။ အဲဒါက ကျွန်တော့် အလားအလာအကုန်မဟုတ်သေးပါဘူး။ အဲဒါက ၂၀ ရာခိုင်နှုန်းပဲရှိပါသေးတယ်။ ကျွန်တော် ကောင်းမွန်နေတယ်လို့ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ နည်းပြ ပိုချက်တီနိုလက်အောက်မှာ ကစားနေရလို့ပါ။ အဲဒါက ကောင်းပါတယ်။ အဲဒါက ပျော်ရွှင်စရာကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အသင်းသစ်ပါ။ ကျွန်တော် ဒီအသင်းကို ပျော်ရွှင်ခံစားမိခဲ့ပါတယ်။ ကျွန်တော် ကန်လိုက်တဲ့အချိန်မှာ ဘာမှ မတွေးနေခဲ့ပါဘူး။ ဒီလိုကန်ချက်မျိုးကို လေ့ကျင့်ရေးကွင်းမှာ အများကြီး လေ့ကျင့်ခဲ့ပြီး ဒီဂိုးက လေ့ကျင့်ရေးကနေ လာခဲ့တာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးၾကယ္ပြင့္ မိုင္ေခလို မာဒရစ္ခ္ဟာ အဂၤါေန႔ညက ေမာ္လ္တာကို ၃-၁ နဲ႔ ယူကရိန္းက အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ တကိုယ္ေတာ္သြင္းဂိုးကို သြင္းယူႏိုင္ခဲ့ပါတယ္။

ယူကရိန္းဟာ ယူ႐ို ၂၀၂၄ ဝင္ခြင့္ ဆက္လက္အသက္သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ ဆက္ရွိေနဖို႔အတြက္ ေမာ္လ္တာကို မျဖစ္မေန အႏိုင္ကစားဖို႔ လိုအပ္ခဲ့တာျဖစ္ေပမယ့္လည္း ပြဲကစားခ်ိန္ ၁၂ မိနစ္မွာ ေပါလ္ အမ္ေဘာင္က အိမ္ရွင္ေတြအတြက္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ တုန္လႈပ္ခဲ့ရတာျဖစ္ပါတယ္။

႐ိုင္ယန္ ကာမန္ဇူလီရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့မိတဲ့ဂိုး၊ ဒိုးဗြၽတ္ခ္ရဲ႕ ပင္နယ္တီသြင္းဂိုးတို႔ေၾကာင့္ ယူကရိန္းက ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ျပည့္ဖို႔ ၅ မိနစ္အလိုမွာ မာဒရစ္ခ္က ယူကရိန္းကို အႏိုင္ ၃ မွတ္ေသခ်ာေစမယ့္ သြင္းဂိုးကို အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းနဲ႔ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္ဟာ ေမာ္လ္တာ ကစားသမားအမ်ားအျပားကို လိမ္ေခါက္ျဖတ္ေက်ာ္ခဲ့ၿပီးေနာက္ ဂိုးေပါက္ထဲကို အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ယူကရိန္းၾကယ္ပြင့္ဟာ ဇန္နဝါရီမွာ ရွက္တာဒိုးတ္ကေန ႀကီးမားတဲ့ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ခက္ခဲတဲ့စတင္မႈနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ယူကရိန္းေတာင္ပံကစားသမားဟာ နည္းျပ ဂေရဟမ္ေပါ့တား၊ ဖရန႔္ခ္ လမ္းပတ္တို႔ လက္ေအာက္မွာ ႐ုန္းကန္ခဲ့ရတဲ့ ခ်ဲလ္ဆီးနည္းတူ ခက္ခဲတဲ့ ကစားသမားဘဝ စတင္မႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီး နည္းျပသစ္ ပိုခ်က္တီႏိုလက္ေအာက္ ရာသီႀကိဳမွာ ခ်ဲလ္ဆီးအတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ အမ်ားႀကီး ထပ္လာဖို႔ရွိေသးတယ္လို႔ မာဒရစ္ခ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ဒီဂိုးကို သြင္းယူႏိုင္ဖို႔ လုပ္ေဆာင္ခဲ့တဲ့ အလုပ္အားလုံးအတြက္ ေပ်ာ္႐ႊင္တယ္လို႔ ခံစားမိပါတယ္။ အဲဒါက ကြၽန္ေတာ့္ အလားအလာအကုန္မဟုတ္ေသးပါဘူး။ အဲဒါက ၂၀ ရာခိုင္ႏႈန္းပဲရွိပါေသးတယ္။ ကြၽန္ေတာ္ ေကာင္းမြန္ေနတယ္လို႔ ခံစားရပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ နည္းျပ ပိုခ်က္တီႏိုလက္ေအာက္မွာ ကစားေနရလို႔ပါ။ အဲဒါက ေကာင္းပါတယ္။ အဲဒါက ေပ်ာ္႐ႊင္စရာေကာင္းၿပီး ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အသင္းသစ္ပါ။ ကြၽန္ေတာ္ ဒီအသင္းကို ေပ်ာ္႐ႊင္ခံစားမိခဲ့ပါတယ္။ ကြၽန္ေတာ္ ကန္လိုက္တဲ့အခ်ိန္မွာ ဘာမွ မေတြးေနခဲ့ပါဘူး။ ဒီလိုကန္ခ်က္မ်ိဳးကို ေလ့က်င့္ေရးကြင္းမွာ အမ်ားႀကီး ေလ့က်င့္ခဲ့ၿပီး ဒီဂိုးက ေလ့က်င့္ေရးကေန လာခဲ့တာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.