International Match Report

အီတလီကို နောက်ကလိုက်သိပ်ပြီး Come Back နိုင်ပွဲယူခဲ့တဲ့ အုပ်စုဗိုလ် အင်္ဂလန်

အင်္ဂလန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ဂျွန်စတုန်းစ်၊ မက်ဂွိုင်းယား၊ ဝေါ်လ်ကာနဲ့ ထရစ်ပီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ကယ်လ်ဗင် ဖိလစ်နဲ့ ဘယ်လင်ဂမ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖိုဒန်၊ ရက်ရှ်ဖို့ဒ်နဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အီတလီအသင်းကတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ စကာလ်ဗီနီ၊ အချယ်ဘီ၊ ဒီလော်ရန်ဇိုနဲ့ အူဒိုဂီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ခရစ္စတန်တေ၊ ဖရက်တေစီနဲ့ ဘာရဲလားတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘယ်ရာဒီ၊ အယ်လ်ရှာရာဝီနဲ့ ဆကာမက်ကာတို့ကို တွဲဖက်ပေးခဲ့တာပါ။

အင်္ဂလန်လို အသင်းမျိုးနဲ့ အဝေးကွင်း ကစားရချိန်မှာ ကွင်းလယ်ကစားသမားတွေအနေနဲ့ ပုံစံကောင်း မရှိဘဲ အသင်းတွေမှာ တိုင်ပတ်နေကြတာကြောင့် အီတလီ နည်းပြသစ် စပယ်လက်တီကတော့ လိုကာတယ်လီထက် အဖျက်ပိုဆန်တဲ့ ခရစ္စတန်တေကိုပဲ ရွေးချယ်သွားခဲ့ပြီး ဘာရဲလား၊ ဖရက်တေစီတို့ရဲ့ အင်တာမီလန်အတွဲအဖက်နဲ့ ရံပေးဖို့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ အီတလီတို့ ဦးဆောင်ဂိုး စတင်သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အယ်လ်ရှာရာဝီက ညာတောင်ပံကို ဖြန့်ပေးရာမှာ ဘယ်ရာဒီက ပြန်လည်ရယူပြီး ဧရိယာထဲကို ခင်းပေးတဲ့ ဘောလုံးကို ဒီလော်ရန်ဇိုက ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ဆကာမက်ကာက အနီးကပ် ပိတ်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၃၂ မိနစ်မှာတော့ အင်္ဂလန်တို့ ချေပဂိုး ပြန်လည်ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ဧရိယာထဲကို ဆွဲဝင်လာတဲ့ ဘယ်လင်ဂမ်ကို ဘောလုံးမထိဘဲ ခြေချိတ်လှဲခဲ့တဲ့ အီတလီနောက်ခံလူ ဒီလော်ရန်ဇိုကြောင့် ဒိုင်လူကြီး ကလေမွန် တာပင်က ပင်နယ်တီ ကန်ခွင့်ပြုခဲ့ရာမှာ ဟာရီကိန်းက ဒွန်နာရမ်မာနဲ့ တခြားစီဖြစ်အောင် ကန်သွင်းပြီး အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ကောင်တာတွေနဲ့ ထိုးဖောက်ခဲ့တဲ့ အီတလီတို့အနေနဲ့ အင်္ဂလန်ဘက်က နောက်ခံလူ ခေါင်းကြီး မက်ဂွိုင်းယားရဲ့ လေးလံမှုကို အခွင့်ကောင်းယူပြီး သူ့ဘက်ကချည်း ထိုးဖောက်နေခဲ့ကြချိန်မှာ ဂျွန်စတုန်းစ်နဲ့ ပစ်ခ်ဖို့ဒ်တို့ အလုပ်များခဲ့ကြရသလို ကံကောင်းလို့သာ နောက်တစ်ဂိုး ထပ်မပေးခဲ့ရဘဲ တစ်ဂိုးစီသရေ ကျနေခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စတဲ့အထိ နှစ်သင်းစလုံးရဲ့ ဗျူဟာချင်းက သူမသာ ကိုယ်မသာဖြစ်ခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ Pressing ကစားပုံကို ပိုင်နိုင်ခြင်း မရှိတဲ့ အီတလီကွင်းလယ်က ဟာကွက်တွေ များလာခဲ့လို့ အင်္ဂလန်တို့ နေရာလွတ်တွေကနေ ထိုးဖောက်ကန်သွင်းခွင့်တွေကို ပိုမိုရှာဖွေလာနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ အင်္ဂလန်တို့ ဒုတိယ သွင်းဂိုးနဲ့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဖိုဒန် ထုတ်ပေးလိုက်တဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ဝင်ဖျက်တဲ့ အီတလီနောက်ခံလူတစ်ဦးကို ကျော်ယူဆွဲပြေးပြီးမှ ဘယ်ခြမ်းကို ခင်းပေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က တောင်ပံကနေ အတွင်းကို ဆွဲဝင်ပြီး ဧရိယာထိပ်ကနေ အနိမ့်ဘော အပိုင်ကန်သွင်းယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ အင်္ဂလန်တို့က တောင်ပံတွေကနေ ပိုမိုဖိအားပေးလာခဲ့တာကြောင့် အီတလီတို့ဘက်က ပွဲထဲ ပါမလာခဲ့သင့်တဲ့ အဘိုးကြီး အချယ်ဘီ၊ အူဒိုဂီတို့ရဲ့ ခံစစ်အစား ဘက်စတိုနီ၊ ဒီမာကိုတို့နဲ့ လဲခဲ့ပြီး တိုက်စစ်မှာတော့ ဆကာမက်ကာကို မွိုက်စ် ကီးန်နဲ့လဲခဲ့ချိန်မှာ အိမ်ရှင်တွေဘက်က ဂျွန်စတုန်းစ်အစား ပိုသွက်တဲ့ ဂေးဟီကို လူစားသွင်းလာခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ အင်္ဂလန်တို့အတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူစားဝင်နောက်ခံလူ ဘက်စတိုနီနဲ့ တစ်ပွဲလုံး ညံ့နေတဲ့ စကာလ်ဗီနီတို့ရဲ့ အမှားကနေ ဟာရီကိန်းက ကြားဖြတ်ရယူသွားခဲ့ပြီးမှ ဧရိယာထဲအထိ ဝင်ရောက်ပြီး ဒွန်နာရမ်မာနဲ့ တစ်ဦးအချင်းအတွေ့မှာ ညာဘက်ထောင့်ကို ကန်သွင်းယူသွားခဲ့တာပါ။

အီတလီတို့ နှစ်ဂိုးရှုံးနေခဲ့ပေမယ့် နည်းပြ စပယ်လက်တီရဲ့ လူစားလဲမှုတွေကတော့ ပုံမလာခဲ့သလို စုတ်ပြတ်သတ်နေတဲ့ အယ်လ်ရှာရာဝီကို မထုတ်ဘဲ အင်္ဂလန်ဘယ်ခြမ်းခံစစ်ကို ဒုက္ခပေးနေတဲ့ ဘယ်ရာဒီကို ထုတ်ပစ်ခဲ့ပြီး ရက်စပါဒိုရီကို ထည့်ခဲ့လို့ ကစားပုံက ပိုကျသွားခဲ့တာကြောင့် လက်ကျန်ပွဲချိန်တွေက အိမ်ရှင်တွေအတွက် အားလုံးအားလုံး အေးဆေးပဲဖြစ်သွားခဲ့ပြီး သာသာယာယာ ထိန်းချုပ်သွားနိုင်ခဲ့ကြပါတယ်။

ပွဲချိန်အပြည့်မှာတော့ အင်္ဂလန်တို့က သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စုဗိုလ်နေရာကို ရယူသွားနိုင်ခဲ့ကြချိန်မှာ အီတလီတို့ကတော့ ယူကရိန်းရဲ့ နိုင်ပွဲကြောင့် တတိယနေရာအထိ ဆင်းပေးလိုက်ရပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့် ဒုတိယနေရာကိုတော့ နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်သွားရမှာ ဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ဂြၽန္စတုန္းစ္၊ မက္ဂြိဳင္းယား၊ ေဝၚလ္ကာနဲ႔ ထရစ္ပီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ကယ္လ္ဗင္ ဖိလစ္နဲ႔ ဘယ္လင္ဂမ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖိုဒန္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အီတလီအသင္းကေတာ့ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ စကာလ္ဗီနီ၊ အခ်ယ္ဘီ၊ ဒီေလာ္ရန္ဇိုနဲ႔ အူဒိုဂီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခရစၥတန္ေတ၊ ဖရက္ေတစီနဲ႔ ဘာရဲလားတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘယ္ရာဒီ၊ အယ္လ္ရွာရာဝီနဲ႔ ဆကာမက္ကာတို႔ကို တြဲဖက္ေပးခဲ့တာပါ။

အဂၤလန္လို အသင္းမ်ိဳးနဲ႔ အေဝးကြင္း ကစားရခ်ိန္မွာ ကြင္းလယ္ကစားသမားေတြအေနနဲ႔ ပုံစံေကာင္း မရွိဘဲ အသင္းေတြမွာ တိုင္ပတ္ေနၾကတာေၾကာင့္ အီတလီ နည္းျပသစ္ စပယ္လက္တီကေတာ့ လိုကာတယ္လီထက္ အဖ်က္ပိုဆန္တဲ့ ခရစၥတန္ေတကိုပဲ ေ႐ြးခ်ယ္သြားခဲ့ၿပီး ဘာရဲလား၊ ဖရက္ေတစီတို႔ရဲ႕ အင္တာမီလန္အတြဲအဖက္နဲ႔ ရံေပးဖို႔ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အီတလီတို႔ ဦးေဆာင္ဂိုး စတင္သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အယ္လ္ရွာရာဝီက ညာေတာင္ပံကို ျဖန႔္ေပးရာမွာ ဘယ္ရာဒီက ျပန္လည္ရယူၿပီး ဧရိယာထဲကို ခင္းေပးတဲ့ ေဘာလုံးကို ဒီေလာ္ရန္ဇိုက ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဆကာမက္ကာက အနီးကပ္ ပိတ္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၃၂ မိနစ္မွာေတာ့ အဂၤလန္တို႔ ေခ်ပဂိုး ျပန္လည္ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ဧရိယာထဲကို ဆြဲဝင္လာတဲ့ ဘယ္လင္ဂမ္ကို ေဘာလုံးမထိဘဲ ေျခခ်ိတ္လွဲခဲ့တဲ့ အီတလီေနာက္ခံလူ ဒီေလာ္ရန္ဇိုေၾကာင့္ ဒိုင္လူႀကီး ကေလမြန္ တာပင္က ပင္နယ္တီ ကန္ခြင့္ျပဳခဲ့ရာမွာ ဟာရီကိန္းက ဒြန္နာရမ္မာနဲ႔ တျခားစီျဖစ္ေအာင္ ကန္သြင္းၿပီး အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ေကာင္တာေတြနဲ႔ ထိုးေဖာက္ခဲ့တဲ့ အီတလီတို႔အေနနဲ႔ အဂၤလန္ဘက္က ေနာက္ခံလူ ေခါင္းႀကီး မက္ဂြိဳင္းယားရဲ႕ ေလးလံမႈကို အခြင့္ေကာင္းယူၿပီး သူ႔ဘက္ကခ်ည္း ထိုးေဖာက္ေနခဲ့ၾကခ်ိန္မွာ ဂြၽန္စတုန္းစ္နဲ႔ ပစ္ခ္ဖို႔ဒ္တို႔ အလုပ္မ်ားခဲ့ၾကရသလို ကံေကာင္းလို႔သာ ေနာက္တစ္ဂိုး ထပ္မေပးခဲ့ရဘဲ တစ္ဂိုးစီသေရ က်ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စတဲ့အထိ ႏွစ္သင္းစလုံးရဲ႕ ဗ်ဴဟာခ်င္းက သူမသာ ကိုယ္မသာျဖစ္ခဲ့ေပမယ့္ အခ်ိန္ၾကာလာတာနဲ႔အမွ် Pressing ကစားပုံကို ပိုင္ႏိုင္ျခင္း မရွိတဲ့ အီတလီကြင္းလယ္က ဟာကြက္ေတြ မ်ားလာခဲ့လို႔ အဂၤလန္တို႔ ေနရာလြတ္ေတြကေန ထိုးေဖာက္ကန္သြင္းခြင့္ေတြကို ပိုမိုရွာေဖြလာႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ အဂၤလန္တို႔ ဒုတိယ သြင္းဂိုးနဲ႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဖိုဒန္ ထုတ္ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္လင္ဂမ္က ဝင္ဖ်က္တဲ့ အီတလီေနာက္ခံလူတစ္ဦးကို ေက်ာ္ယူဆြဲေျပးၿပီးမွ ဘယ္ျခမ္းကို ခင္းေပးခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က ေတာင္ပံကေန အတြင္းကို ဆြဲဝင္ၿပီး ဧရိယာထိပ္ကေန အနိမ့္ေဘာ အပိုင္ကန္သြင္းယူသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ အဂၤလန္တို႔က ေတာင္ပံေတြကေန ပိုမိုဖိအားေပးလာခဲ့တာေၾကာင့္ အီတလီတို႔ဘက္က ပြဲထဲ ပါမလာခဲ့သင့္တဲ့ အဘိုးႀကီး အခ်ယ္ဘီ၊ အူဒိုဂီတို႔ရဲ႕ ခံစစ္အစား ဘက္စတိုနီ၊ ဒီမာကိုတို႔နဲ႔ လဲခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆကာမက္ကာကို မြိဳက္စ္ ကီးန္နဲ႔လဲခဲ့ခ်ိန္မွာ အိမ္ရွင္ေတြဘက္က ဂြၽန္စတုန္းစ္အစား ပိုသြက္တဲ့ ေဂးဟီကို လူစားသြင္းလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ အဂၤလန္တို႔အတြက္ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လူစားဝင္ေနာက္ခံလူ ဘက္စတိုနီနဲ႔ တစ္ပြဲလုံး ညံ့ေနတဲ့ စကာလ္ဗီနီတို႔ရဲ႕ အမွားကေန ဟာရီကိန္းက ၾကားျဖတ္ရယူသြားခဲ့ၿပီးမွ ဧရိယာထဲအထိ ဝင္ေရာက္ၿပီး ဒြန္နာရမ္မာနဲ႔ တစ္ဦးအခ်င္းအေတြ႕မွာ ညာဘက္ေထာင့္ကို ကန္သြင္းယူသြားခဲ့တာပါ။

အီတလီတို႔ ႏွစ္ဂိုးရႈံးေနခဲ့ေပမယ့္ နည္းျပ စပယ္လက္တီရဲ႕ လူစားလဲမႈေတြကေတာ့ ပုံမလာခဲ့သလို စုတ္ျပတ္သတ္ေနတဲ့ အယ္လ္ရွာရာဝီကို မထုတ္ဘဲ အဂၤလန္ဘယ္ျခမ္းခံစစ္ကို ဒုကၡေပးေနတဲ့ ဘယ္ရာဒီကို ထုတ္ပစ္ခဲ့ၿပီး ရက္စပါဒိုရီကို ထည့္ခဲ့လို႔ ကစားပုံက ပိုက်သြားခဲ့တာေၾကာင့္ လက္က်န္ပြဲခ်ိန္ေတြက အိမ္ရွင္ေတြအတြက္ အားလုံးအားလုံး ေအးေဆးပဲျဖစ္သြားခဲ့ၿပီး သာသာယာယာ ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အဂၤလန္တို႔က သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိၿပီး အုပ္စုဗိုလ္ေနရာကို ရယူသြားႏိုင္ခဲ့ၾကခ်ိန္မွာ အီတလီတို႔ကေတာ့ ယူကရိန္းရဲ႕ ႏိုင္ပြဲေၾကာင့္ တတိယေနရာအထိ ဆင္းေပးလိုက္ရၿပီး တိုက္႐ိုက္ေျခစစ္ပြဲေအာင္မယ့္ ဒုတိယေနရာကိုေတာ့ ေနာက္ဆုံးပြဲစဥ္အထိ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.