International

လေ့ကျင့်ရေးမှာ မယုံနိုင်စရာဂိုးသွင်းပြီး ကွင်းထဲကနေပါ ပျောက်သွားတဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ စကော့တလန်နဲ့ ကစားရမယ့် ခြေစမ်းပွဲစဉ်မတိုင်ခင် ပြင်သစ်နဲ့ လေ့ကျင့်ရေး ပြုလုပ်ခဲ့ချိန်အတွင်း မှော်ဆန်တဲ့အခိုက်အတန့်ကို ပြုလုပ်ပြနိုင်ခဲ့ပါတယ်။

လီဂူးဝမ်းမှာ သွင်းဂိုးတွေ ကင်းမဲ့နေမှုကြောင့် မကြာသေးမီက ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေရှိနေခဲ့ပေမယ့်လည်း နယ်သာလန်ကို ၂-၁ နဲ့ အနိုင်ရခဲ့ပြီး ယူရို ခြေစစမ်ပွဲ အောင်မြင်ခဲ့တဲ့ပွဲစဉ်က သွင်းဂိုး ၂ ဂိုးနဲ့အတူ မေးခွန်းထုတ်မှုတွေကို ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီတိုက်စစ်မှူးဟာ ၎င်းရဲ့ ကစားသမားဘဝအတွင်း ထူးခြားဆန်းကြယ်တဲ့သွင်းဂိုး အများအပြားကို သွင်းယူနိုင်ခဲ့သူဖြစ်ပြီး တနင်္လာနေ့ညက လေ့ကျင့်ရေးမှာ မယုံနိုင်စရာသွင်းဂိုးကို လေပေါ်ဝဲပြီး မြေမကျဘော ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မယုံနိုင်ဟန်နဲ့ အောင်ပွဲခံခဲ့ပြီး ရယ်မောစရာပုံစံနဲ့ ပြေးလွှားပြီး ကွင်းထဲကနေ ထွက်သွားခဲ့တာဖြစ်ပါတယ်။ နည်းပြ ဒီဒီယာ ဒေးရွှမ့်စ်အနေနဲ့ စကော့တလန်နဲ့ ကစားရမယ့်ပွဲစဉ်မှာ အဲဒီလို မှော်ဆန်တဲ့အခိုက်အတန့်မျိုး ထပ်မံပြသနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ စေကာ့တလန္နဲ႔ ကစားရမယ့္ ေျခစမ္းပြဲစဥ္မတိုင္ခင္ ျပင္သစ္နဲ႔ ေလ့က်င့္ေရး ျပဳလုပ္ခဲ့ခ်ိန္အတြင္း ေမွာ္ဆန္တဲ့အခိုက္အတန႔္ကို ျပဳလုပ္ျပႏိုင္ခဲ့ပါတယ္။

လီဂူးဝမ္းမွာ သြင္းဂိုးေတြ ကင္းမဲ့ေနမႈေၾကာင့္ မၾကာေသးမီက ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္မႈေတြရွိေနခဲ့ေပမယ့္လည္း နယ္သာလန္ကို ၂-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ယူ႐ို ေျခစစမ္ပြဲ ေအာင္ျမင္ခဲ့တဲ့ပြဲစဥ္က သြင္းဂိုး ၂ ဂိုးနဲ႔အတူ ေမးခြန္းထုတ္မႈေတြကို ေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီတိုက္စစ္မႉးဟာ ၎ရဲ႕ ကစားသမားဘဝအတြင္း ထူးျခားဆန္းၾကယ္တဲ့သြင္းဂိုး အမ်ားအျပားကို သြင္းယူႏိုင္ခဲ့သူျဖစ္ၿပီး တနလၤာေန႔ညက ေလ့က်င့္ေရးမွာ မယုံႏိုင္စရာသြင္းဂိုးကို ေလေပၚဝဲၿပီး ေျမမက်ေဘာ ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ မယုံႏိုင္ဟန္နဲ႔ ေအာင္ပြဲခံခဲ့ၿပီး ရယ္ေမာစရာပုံစံနဲ႔ ေျပးလႊားၿပီး ကြင္းထဲကေန ထြက္သြားခဲ့တာျဖစ္ပါတယ္။ နည္းျပ ဒီဒီယာ ေဒး႐ႊမ့္စ္အေနနဲ႔ စေကာ့တလန္နဲ႔ ကစားရမယ့္ပြဲစဥ္မွာ အဲဒီလို ေမွာ္ဆန္တဲ့အခိုက္အတန႔္မ်ိဳး ထပ္မံျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.