International

မက်ဆီဖန်တွေ ငိုနေပြီလို့ လှောင်ပြောင်ခဲ့တဲ့ ရော်နယ်လ်ဒိုဖန်များ

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ တနင်္လာနေ့က ဘော့စ်နီးယားကို ပေါ်တူဂီက ၅-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက်သွင်းယူပေးနိုင်ခဲ့ပြီးနောက် ပရိသတ်တွေက ဥရောပမှာ နောက်ဆုံးတစ်ကြိမ်လောက် အောင်မြင်မှုရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

လာမယ့်နှစ် ဂျာမနီက ယူရိုပြိုင်ပွဲကို ဝင်ခွင့်အောင်မြင်ခဲ့ပြီးသားဖြစ်ပေမယ့်လည်း ရောဘတ်တို မာတီနက်ဇ်က အားအကောင်းဆုံးပွဲထွက် ၁၁ ဦးစာရင်းကို ပွဲထုတ်ခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက တိုက်စစ်မှာ ရာဖေးလ် လီအို၊ ဂျာအို ဖဲလစ်တို့ကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်က ချက်ချင်းပဲ အကျိုးသက်ရောက်မှု ပြသခဲ့ပြီး ပေါ်တူဂီတွေဟာ ပထမပိုင်း ၅ မိနစ်မှာပဲ ပင်နယ်တီကနေ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကန်သွင်းချက်ကြောင့် ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးဟာ အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ကလပ်နဲ့ နိုင်ငံအတွက် စုစုပေါင်း ဂိုး ၁၁၀၀ ပြည့်မြောက်တဲ့ ဂိုးဖြစ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ နောက်ထပ် ၁၅ မိနစ်အကြာမှာ ပေါ်တူဂီအတွက် နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်၊ ဂျာအို ကန်ဆယ်လို၊ ဂျာအို ဖဲလစ်တို့လည်း ပေါ်တူဂီအတွက် ဂိုးတွေသွင်းယူပေးခဲ့ကြတာကြောင့် ၅-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မာတီနက်ဇ်ရဲ့အသင်းက နောက်ထပ် သွင်းဂိုးတွေ ထပ်မံသွင်းယူခဲ့ခြင်းမရှိတော့ဘဲ ထိန်းကစားသွားခဲ့ကြပြီး ပရိသတ်တွေက ရော်နယ်လ်ဒိုဟာ ၎င်းရဲ့ တောက်ပတဲ့ ကစားသမားဘဝ အဆုံးသတ်မှာ နောက်ထပ် ယူရိုဖလားတစ်လုံးကို အနိုင်ရရှိဖို့ ကြိုးပမ်းနေတယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

ပရိသတ်တစ်ဦးက “ရော်နယ်လ်ဒိုက ဥရောပမှာ နောက်ဆုံးတစ်ကြိမ် အောင်မြင်မှုရဖို့လိုတယ်”လို့ ပြောဆိုခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကတော့ “ပင်နယ်တီဂိုးတွေ အားလုံးယူသွားလိုက်ကွာ။ ရော်နယ်လ်ဒိုက အဲဒါတောင် မက်ဆီထက် ဂိုးတွေ ပိုသွင်းယူထားနိုင်သေးတယ်။ မက်ဆီဖန်တွေ ငိုနေတာမြင်ရတာ အရမ်းစိတ်ကျေနပ်စရာကောင်းတယ်”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ တနလၤာေန႔က ေဘာ့စ္နီးယားကို ေပၚတူဂီက ၅-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ သြင္းဂိုး ၂ ဂိုး သြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္သြင္းယူေပးႏိုင္ခဲ့ၿပီးေနာက္ ပရိသတ္ေတြက ဥေရာပမွာ ေနာက္ဆုံးတစ္ႀကိမ္ေလာက္ ေအာင္ျမင္မႈရယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

လာမယ့္ႏွစ္ ဂ်ာမနီက ယူ႐ိုၿပိဳင္ပြဲကို ဝင္ခြင့္ေအာင္ျမင္ခဲ့ၿပီးသားျဖစ္ေပမယ့္လည္း ေရာဘတ္တို မာတီနက္ဇ္က အားအေကာင္းဆုံးပြဲထြက္ ၁၁ ဦးစာရင္းကို ပြဲထုတ္ခဲ့တာျဖစ္ၿပီး အသင္းေခါင္းေဆာင္ ေရာ္နယ္လ္ဒိုက တိုက္စစ္မွာ ရာေဖးလ္ လီအို၊ ဂ်ာအို ဖဲလစ္တို႔ကို ဦးေဆာင္ခဲ့တာျဖစ္ပါတယ္။

ဒီဆုံးျဖတ္ခ်က္က ခ်က္ခ်င္းပဲ အက်ိဳးသက္ေရာက္မႈ ျပသခဲ့ၿပီး ေပၚတူဂီေတြဟာ ပထမပိုင္း ၅ မိနစ္မွာပဲ ပင္နယ္တီကေန ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ကန္သြင္းခ်က္ေၾကာင့္ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ၿပီး ဒီဂိုးဟာ အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ကလပ္နဲ႔ ႏိုင္ငံအတြက္ စုစုေပါင္း ဂိုး ၁၁၀၀ ျပည့္ေျမာက္တဲ့ ဂိုးျဖစ္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေနာက္ထပ္ ၁၅ မိနစ္အၾကာမွာ ေပၚတူဂီအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္၊ ဂ်ာအို ကန္ဆယ္လို၊ ဂ်ာအို ဖဲလစ္တို႔လည္း ေပၚတူဂီအတြက္ ဂိုးေတြသြင္းယူေပးခဲ့ၾကတာေၾကာင့္ ၅-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ မာတီနက္ဇ္ရဲ႕အသင္းက ေနာက္ထပ္ သြင္းဂိုးေတြ ထပ္မံသြင္းယူခဲ့ျခင္းမရွိေတာ့ဘဲ ထိန္းကစားသြားခဲ့ၾကၿပီး ပရိသတ္ေတြက ေရာ္နယ္လ္ဒိုဟာ ၎ရဲ႕ ေတာက္ပတဲ့ ကစားသမားဘဝ အဆုံးသတ္မွာ ေနာက္ထပ္ ယူ႐ိုဖလားတစ္လုံးကို အႏိုင္ရရွိဖို႔ ႀကိဳးပမ္းေနတယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ပါတယ္။

ပရိသတ္တစ္ဦးက “ေရာ္နယ္လ္ဒိုက ဥေရာပမွာ ေနာက္ဆုံးတစ္ႀကိမ္ ေအာင္ျမင္မႈရဖို႔လိုတယ္”လို႔ ေျပာဆိုခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကေတာ့ “ပင္နယ္တီဂိုးေတြ အားလုံးယူသြားလိုက္ကြာ။ ေရာ္နယ္လ္ဒိုက အဲဒါေတာင္ မက္ဆီထက္ ဂိုးေတြ ပိုသြင္းယူထားႏိုင္ေသးတယ္။ မက္ဆီဖန္ေတြ ငိုေနတာျမင္ရတာ အရမ္းစိတ္ေက်နပ္စရာေကာင္းတယ္”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.