International

အစ္စလမ္မစ်စတိတ် IS တွေ ဂြိုဟ်မွှေလို့ ရပ်နားရခဲ့တဲ့ ဘယ်လ်ဂျီယမ်-ဆွီဒင်ပွဲစဉ်

ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် ဘရပ်ဆဲလ်မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘယ်လ်ဂျီယမ်နဲ့ ဆွီဒင်တို့ရဲ့ ပွဲစဉ်ကတော့ တစ်ဂိုးစီ သရေကျနေခဲ့တဲ့ ပထမပိုင်းအပြီးမှာ ကစားသမားတွေရဲ့ အဝတ်လဲခန်းထဲကနေ ကွင်းထဲ ပြန်ထွက်ဖို့ ငြင်းဆန်မှုနဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေကြောင့် ရပ်နားခဲ့ရပါတယ်။

ဒီပွဲရဲ့ ပွဲချိန် ၁၅ မိနစ်မှာ ဆွီဒင်တိုက်စစ်မှူး ဗစ်တာ ဂျိုကာရက်စ် သွင်းယူပေးခဲ့တဲ့ ဂိုးနဲ့ ဧည့်သည်တွေက ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် ၃၁ မိနစ်မှာ အိမ်ရှင်တိုက်စစ်မှူး ရိုမီလူ လူကာကူးရဲ့ ပင်နယ်တီ‌ ချေပဂိုးနဲ့ ဘယ်လ်ဂျီယမ်တို့ တစ်ဂိုးစီ ကစားထားနိုင်ခဲ့တဲ့နောက်မှာ ပြိုင်ပွဲကျင်းပရာ ဘော်ဒူအင် ဘုရင့်ကွင်းနဲ့ မနီးမဝေးမှာ အစ္စလမ္မစ်စတိတ် IS အစွန်းရောက်တစ်ဦးရဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်ကစားသမားတွေအနေနဲ့ ပွဲကို ဆက်ကစားဖို့ ငြင်းဆန်ခဲ့ကြပြီး အုပ်စု(အက်ဖ်)မှာ ဘယ်လ်ဂျီယမ်နဲ့ ဩစတြီးယားတို့နှစ်သင်းကလည်း ခြေစစ်ပွဲကို အောင်မြင်ပြီး ဖြစ်တာကြောင့် ဒီပွဲရဲ့ ရလဒ်က အလျင်စလို အရေးပါမှုမျိုး မရှိတာဖြစ်လို့ အလွယ်တကူပဲ ရပ်တန့်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရပ်ဆဲလ်မြို့လယ်ခေါင်မှာ သေနတ်ကိုင်ပြီး ရမ်းကားပစ်ခတ်ခဲ့တဲ့ IS အကြမ်းဖက်သမားကြောင့် နိုင်ငံလက်ရွေးစင်အသင်းကို လိုက်ပါအားပေးဖို့ ရောက်ရှိနေတဲ့ ဆွီဒင်ပရိသတ်နှစ်ဦး ထိမှန်ဆုံးပါးခဲ့ရပြီး ဘောလုံးပွဲ မစတင်ခင်ကလေးမှာ ဖြစ်ပွားခဲ့သလို လိမ္မော်ရောင် ဂျာကင် ဝတ်ဆင်ထားတဲ့ သေနတ်သမားအနေနဲ့ သေနတ်ခုနစ်ချက် ပစ်ဖောက်ပြီး အဆောက်အအုံ တစ်ခုထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့တယ်လို့ သတင်းတွေက ဆိုခဲ့ကြတာပါ။

သံသယ တရားခံလို့ သတ်မှတ်ထားသူကို ရဲအဖွဲ့က ရှာဖွေနေတယ်လို့လည်း သိရပြီး အဘ်ဒီဆလမ် အယ်လ်ဂီလာနီလို့ ခေါ်တဲ့ အစွန်းရောက် IS အဖွဲ့ဝင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ တိုက်ခိုက်မှု ပြုလုပ်မယ်လို့ ခြိမ်းခြောက်ထားဖူးတယ်လို့ ဆိုခဲ့ကြသလို ဒီနေ့ဖြစ်စဉ်မှာတော့ သေဆုံးသွားတဲ့ ဆွီဒင်လူမျိုးနှစ်ဦးအပြင် အနားက တက္ကဆီသမားတစ်ဦးကိုပါ ကျည်ဆန်ထိမှန်ခဲ့ပေမယ့် တတိယလူကတော့ ဒဏ်ရာ မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဘယ်လ်ဂျီယမ်အစိုးရဘက်က ထုတ်ပြန်မှုတွေအရတော့ ဒီနေ့ဖြစ်စဉ်က အစ္စရေး-ပါလက်စတိုင်း ပြဿနာနဲ့ သက်ဆိုင်မှု မရှိဘူးလို့ ကနဦး ကောက်ချက်ချရကြောင်းလည်း သိရပြီး အစ္စလာမ် ဘာသာရေး လှုပ်ရှားမှုအချို့ကို ကန့်သတ်ဖို့ ကြိုးစားခဲ့တဲ့ ဆွီဒင်နိုင်ငံနဲ့တော့ ပတ်သက်မှု ရှိနိုင်ကြောင်း စောင့်ကြည့်သူတွေက ခန့်မှန်းနေကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၄ ေျခစစ္ပြဲအျဖစ္ ဘရပ္ဆဲလ္ၿမိဳ႕မွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကတဲ့ ဘယ္လ္ဂ်ီယမ္နဲ႔ ဆြီဒင္တို႔ရဲ႕ ပြဲစဥ္ကေတာ့ တစ္ဂိုးစီ သေရက်ေနခဲ့တဲ့ ပထမပိုင္းအၿပီးမွာ ကစားသမားေတြရဲ႕ အဝတ္လဲခန္းထဲကေန ကြင္းထဲ ျပန္ထြက္ဖို႔ ျငင္းဆန္မႈနဲ႔ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ စိုးရိမ္စရာေတြေၾကာင့္ ရပ္နားခဲ့ရပါတယ္။

ဒီပြဲရဲ႕ ပြဲခ်ိန္ ၁၅ မိနစ္မွာ ဆြီဒင္တိုက္စစ္မႉး ဗစ္တာ ဂ်ိဳကာရက္စ္ သြင္းယူေပးခဲ့တဲ့ ဂိုးနဲ႔ ဧည့္သည္ေတြက ဦးေဆာင္ခဲ့ေပမယ့္ ပြဲခ်ိန္ ၃၁ မိနစ္မွာ အိမ္ရွင္တိုက္စစ္မႉး ႐ိုမီလူ လူကာကူးရဲ႕ ပင္နယ္တီ‌ ေခ်ပဂိုးနဲ႔ ဘယ္လ္ဂ်ီယမ္တို႔ တစ္ဂိုးစီ ကစားထားႏိုင္ခဲ့တဲ့ေနာက္မွာ ၿပိဳင္ပြဲက်င္းပရာ ေဘာ္ဒူအင္ ဘုရင့္ကြင္းနဲ႔ မနီးမေဝးမွာ အစၥလမၼစ္စတိတ္ IS အစြန္းေရာက္တစ္ဦးရဲ႕ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာပါ။

ႏွစ္ဖက္ကစားသမားေတြအေနနဲ႔ ပြဲကို ဆက္ကစားဖို႔ ျငင္းဆန္ခဲ့ၾကၿပီး အုပ္စု(အက္ဖ္)မွာ ဘယ္လ္ဂ်ီယမ္နဲ႔ ဩစႀတီးယားတို႔ႏွစ္သင္းကလည္း ေျခစစ္ပြဲကို ေအာင္ျမင္ၿပီး ျဖစ္တာေၾကာင့္ ဒီပြဲရဲ႕ ရလဒ္က အလ်င္စလို အေရးပါမႈမ်ိဳး မရွိတာျဖစ္လို႔ အလြယ္တကူပဲ ရပ္တန႔္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘရပ္ဆဲလ္ၿမိဳ႕လယ္ေခါင္မွာ ေသနတ္ကိုင္ၿပီး ရမ္းကားပစ္ခတ္ခဲ့တဲ့ IS အၾကမ္းဖက္သမားေၾကာင့္ ႏိုင္ငံလက္ေ႐ြးစင္အသင္းကို လိုက္ပါအားေပးဖို႔ ေရာက္ရွိေနတဲ့ ဆြီဒင္ပရိသတ္ႏွစ္ဦး ထိမွန္ဆုံးပါးခဲ့ရၿပီး ေဘာလုံးပြဲ မစတင္ခင္ကေလးမွာ ျဖစ္ပြားခဲ့သလို လိေမၼာ္ေရာင္ ဂ်ာကင္ ဝတ္ဆင္ထားတဲ့ ေသနတ္သမားအေနနဲ႔ ေသနတ္ခုနစ္ခ်က္ ပစ္ေဖာက္ၿပီး အေဆာက္အအုံ တစ္ခုထဲကို ဝင္ေရာက္ေပ်ာက္ကြယ္သြားခဲ့တယ္လို႔ သတင္းေတြက ဆိုခဲ့ၾကတာပါ။

သံသယ တရားခံလို႔ သတ္မွတ္ထားသူကို ရဲအဖြဲ႕က ရွာေဖြေနတယ္လို႔လည္း သိရၿပီး အဘ္ဒီဆလမ္ အယ္လ္ဂီလာနီလို႔ ေခၚတဲ့ အစြန္းေရာက္ IS အဖြဲ႕ဝင္ဟာ ဆိုရွယ္မီဒီယာေပၚမွာ တိုက္ခိုက္မႈ ျပဳလုပ္မယ္လို႔ ၿခိမ္းေျခာက္ထားဖူးတယ္လို႔ ဆိုခဲ့ၾကသလို ဒီေန႔ျဖစ္စဥ္မွာေတာ့ ေသဆုံးသြားတဲ့ ဆြီဒင္လူမ်ိဳးႏွစ္ဦးအျပင္ အနားက တကၠဆီသမားတစ္ဦးကိုပါ က်ည္ဆန္ထိမွန္ခဲ့ေပမယ့္ တတိယလူကေတာ့ ဒဏ္ရာ မစိုးရိမ္ရဘူးလို႔ သိရပါတယ္။

ဘယ္လ္ဂ်ီယမ္အစိုးရဘက္က ထုတ္ျပန္မႈေတြအရေတာ့ ဒီေန႔ျဖစ္စဥ္က အစၥေရး-ပါလက္စတိုင္း ျပႆနာနဲ႔ သက္ဆိုင္မႈ မရွိဘူးလို႔ ကနဦး ေကာက္ခ်က္ခ်ရေၾကာင္းလည္း သိရၿပီး အစၥလာမ္ ဘာသာေရး လႈပ္ရွားမႈအခ်ိဳ႕ကို ကန႔္သတ္ဖို႔ ႀကိဳးစားခဲ့တဲ့ ဆြီဒင္ႏိုင္ငံနဲ႔ေတာ့ ပတ္သက္မႈ ရွိႏိုင္ေၾကာင္း ေစာင့္ၾကည့္သူေတြက ခန႔္မွန္းေနၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.