International Match Report

နောက်ကျ ပင်နယ်တီ ဒရာမာနဲ့ ခြေစစ်ပွဲအောင်ဖို့ ဂရိကို ကျော်ဖြတ်ခဲ့တဲ့ နယ်သာလန်

နယ်သာလန်အသင်းအနေနဲ့ ဒီနေ့မှာ အလဲလဲ အကွဲကွဲနဲ့ ရှစ်ဆယ့်ခုနစ်ကျပ်(ဂရိ)ဆီကနေ တစ်ဝက်ခွဲယူရပြီး အချည်းနှီးဖြစ်ရမယ့် အခြေအနေကနေ နောက်ဆုံးအချိန်မှာမှ ဒုတိယအကြိမ် ထပ်ရတဲ့ ပင်နယ်တီနဲ့ လွတ်မြောက်ခဲ့ရပြီး နိုင်ငံတကာ ဘောလုံးရုပ်ရှင်တွေမှာ ဘာမှ သိပ်အရေးမပါတဲ့ ဇာတ်ပို့အဆင့်သာ ရှိသေးကြောင်းကိုပဲ ပြသသွားခဲ့တာဖြစ်ပါတယ်။

လူးဝစ် ဗန်ဟားလ်ကို ဆက်ခံတဲ့ နည်းပြ ရော်နယ်လ် ကိုးမန်းအနေနဲ့ လိမ္မော်သီးတွေကို ဘာမှ ထူးခြားအောင် လုပ်မထားနိုင်ဘဲ ဗက်ဟော့စ်လို ကစားသမားကို တိုက်စစ်မှာ အားကိုးနေရဆဲဖြစ်သလို ဇာဗီ ဆီမွန်စ်၊ မာလန်၊ ဘာ့ဂ်ဗိုင်း၊ ဘရော့ဘီတို့လို တိုက်စစ်သမားတွေဆီကနေလည်း ဘာမှ လောက်လောက်လောက်လား ညှစ်ထုတ်နိုင်စွမ်းရှိတာကြောင့် ဂရိမြေမှာ ရုန်းကန်ခဲ့ရတာပါ။

ဥရုဂွေးသား ဂူစတာဗို ပိုယက် ကိုင်တွယ်နေတဲ့ ယူရို ၂၀၀၄ ချန်ပီယံဟောင်း ဂရိတို့ကတော့ ဂိုးသမား ဗလာချိုဒီမော့စ်၊ ခံစစ်က ဆီမီကတ်စ်၊ မာဗရိုပါနို့စ်တို့လို ကစားသမားတွေသာ နာမည်ကြီးတွေအဖြစ် ပါဝင်ခဲ့ပြီး ကျန်တဲ့ ကစားသမားအများစုကတော့ ပြည်တွင်းအခြေစိုက်တွေ ဖြစ်ကြပေမယ့် သူတို့တွေရဲ့ မာကျောကျစ်လျစ်တဲ့ ကစားဟန်ကိုပဲ ပြသသွားခဲ့ကြပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ ထောင့်ကန်ဘောကနေ ဂရိနောက်ခံလူတွေကြား ဗန်ဒိုက် လုံးထွေးပြီး လဲကျခဲ့ရာမှာ ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ်ပေးသွားခဲ့လို့ ဒီအခွင့်အရေးကို မန်ယူနဲ့ စမုံတုံးပြီး ဘွန်ဒက်စ်လီဂါမှာတောင် သုံးစားလို့ မရဘဲဖြစ်နေတဲ့ တိုက်စစ်မှူး ဗက်ဂ်ဟော့စ်က ညာဘက်တိုင်ခြေကို ကန်သွင်းရာမှာ ဂိုးသမား ဗလာချိုဒီမော့စ်က မှန်မှန်ကန်ကန် ဒိုက်ပစ်ဖမ်းယူသွားခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း ဒတ်ချ်တွေ ဖိတိုက်ခဲ့ပေမယ့် ဂိုးသမား ဗလာချိုဒီမော့စ်က ချီးကျူးစရာကောင်းလောက်အောင် လက်စွမ်းပြသွားခဲ့လို့ အရာမထင်ဘဲဖြစ်ခဲ့တဲ့နောက် ဂီယာထရူဒါ၊ ဗက်ဟော့စ်၊ ဆီမွန်စ်၊ ဟာ့တ်မန်းနဲ့ ဒရွန်းတို့အစား မာလန်၊ ဘရော့ဘီ၊ ဗီးယားမန်း၊ ဗန်ဒဗင်နဲ့ ဗီးဖာတို့ကို ထည့်သွင်းပြီး ဒီပွဲမတိုင်ခင်မှာ သုံးမှတ် အသာရနေတဲ့ ဂရိတို့ကို ကဏန်းတွေလို ဆွဲချနိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာတော့ နယ်သာလန်တို့ ကံကောင်းသွားခဲ့ကြပြီး ပွဲချိန် ၉၃ မိနစ်မှာ ဧရိယာထဲ ဆွဲဝင်လာတဲ့ ဒမ်းဖရီးစ်ကို နောက်က ဆွဲလှဲခံရလို့ ရခဲ့တဲ့ ပင်နယ်တီကနေ အသင်းခေါင်းဆောင်နောက်ခံလူ ဗန်ဒိုက်က မျက်နှာကို လေဆာနဲ့ အထိုးခံနေရတဲ့ကြားက ဂိုးအလယ်တည့်တည့်ကို ကန်သွင်းပြီး ဂိုးသမား ဗလာချိုဒီမော့စ်ကို လှည့်စားအနိုင်ယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ နယ်သာလန်တို့က ဂရိတို့ကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရရှိပြီး အုပ်စု(ဘီ)မှာ ပြင်သစ်တို့နောက်ကနေ ရမှတ် ၁၂ မှတ်နဲ့ ခြေစစ်ပွဲအောင်ဖို့ အခြေအနေကောင်းသွားခဲ့သလို အိမ်ကွင်းမှာ အိုင်ယာလန်၊ အဝေးကွင်းမှာ ဂျီဘရော်လ်တာတို့နဲ့ ကစားဖို့ နှစ်ပွဲကျန်နေတဲ့ ဒတ်ချ်တွေအနေနဲ့ ပြင်သစ်ကို အိမ်ကွင်းမှာ ကစားရမယ့် နောက်ဆုံးတစ်ပွဲသာ ကျန်တော့တဲ့ အမှတ်တူ ခေါမတွေဆီက လွတ်မြောက်ဖို့ အလေးသာခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယ္သာလန္အသင္းအေနနဲ႔ ဒီေန႔မွာ အလဲလဲ အကြဲကြဲနဲ႔ ရွစ္ဆယ့္ခုနစ္က်ပ္(ဂရိ)ဆီကေန တစ္ဝက္ခြဲယူရၿပီး အခ်ည္းႏွီးျဖစ္ရမယ့္ အေျခအေနကေန ေနာက္ဆုံးအခ်ိန္မွာမွ ဒုတိယအႀကိမ္ ထပ္ရတဲ့ ပင္နယ္တီနဲ႔ လြတ္ေျမာက္ခဲ့ရၿပီး ႏိုင္ငံတကာ ေဘာလုံး႐ုပ္ရွင္ေတြမွာ ဘာမွ သိပ္အေရးမပါတဲ့ ဇာတ္ပို႔အဆင့္သာ ရွိေသးေၾကာင္းကိုပဲ ျပသသြားခဲ့တာျဖစ္ပါတယ္။

လူးဝစ္ ဗန္ဟားလ္ကို ဆက္ခံတဲ့ နည္းျပ ေရာ္နယ္လ္ ကိုးမန္းအေနနဲ႔ လိေမၼာ္သီးေတြကို ဘာမွ ထူးျခားေအာင္ လုပ္မထားႏိုင္ဘဲ ဗက္ေဟာ့စ္လို ကစားသမားကို တိုက္စစ္မွာ အားကိုးေနရဆဲျဖစ္သလို ဇာဗီ ဆီမြန္စ္၊ မာလန္၊ ဘာ့ဂ္ဗိုင္း၊ ဘေရာ့ဘီတို႔လို တိုက္စစ္သမားေတြဆီကေနလည္း ဘာမွ ေလာက္ေလာက္ေလာက္လား ညႇစ္ထုတ္ႏိုင္စြမ္းရွိတာေၾကာင့္ ဂရိေျမမွာ ႐ုန္းကန္ခဲ့ရတာပါ။

ဥ႐ုေဂြးသား ဂူစတာဗို ပိုယက္ ကိုင္တြယ္ေနတဲ့ ယူ႐ို ၂၀၀၄ ခ်န္ပီယံေဟာင္း ဂရိတို႔ကေတာ့ ဂိုးသမား ဗလာခ်ိဳဒီေမာ့စ္၊ ခံစစ္က ဆီမီကတ္စ္၊ မာဗ႐ိုပါႏို႔စ္တို႔လို ကစားသမားေတြသာ နာမည္ႀကီးေတြအျဖစ္ ပါဝင္ခဲ့ၿပီး က်န္တဲ့ ကစားသမားအမ်ားစုကေတာ့ ျပည္တြင္းအေျခစိုက္ေတြ ျဖစ္ၾကေပမယ့္ သူတို႔ေတြရဲ႕ မာေက်ာက်စ္လ်စ္တဲ့ ကစားဟန္ကိုပဲ ျပသသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ ေထာင့္ကန္ေဘာကေန ဂရိေနာက္ခံလူေတြၾကား ဗန္ဒိုက္ လုံးေထြးၿပီး လဲက်ခဲ့ရာမွာ ဒိုင္လူႀကီးက ပင္နယ္တီ သတ္မွတ္ေပးသြားခဲ့လို႔ ဒီအခြင့္အေရးကို မန္ယူနဲ႔ စမုံတုံးၿပီး ဘြန္ဒက္စ္လီဂါမွာေတာင္ သုံးစားလို႔ မရဘဲျဖစ္ေနတဲ့ တိုက္စစ္မႉး ဗက္ဂ္ေဟာ့စ္က ညာဘက္တိုင္ေျခကို ကန္သြင္းရာမွာ ဂိုးသမား ဗလာခ်ိဳဒီေမာ့စ္က မွန္မွန္ကန္ကန္ ဒိုက္ပစ္ဖမ္းယူသြားခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း ဒတ္ခ်္ေတြ ဖိတိုက္ခဲ့ေပမယ့္ ဂိုးသမား ဗလာခ်ိဳဒီေမာ့စ္က ခ်ီးက်ဴးစရာေကာင္းေလာက္ေအာင္ လက္စြမ္းျပသြားခဲ့လို႔ အရာမထင္ဘဲျဖစ္ခဲ့တဲ့ေနာက္ ဂီယာထ႐ူဒါ၊ ဗက္ေဟာ့စ္၊ ဆီမြန္စ္၊ ဟာ့တ္မန္းနဲ႔ ဒ႐ြန္းတို႔အစား မာလန္၊ ဘေရာ့ဘီ၊ ဗီးယားမန္း၊ ဗန္ဒဗင္နဲ႔ ဗီးဖာတို႔ကို ထည့္သြင္းၿပီး ဒီပြဲမတိုင္ခင္မွာ သုံးမွတ္ အသာရေနတဲ့ ဂရိတို႔ကို ကဏန္းေတြလို ဆြဲခ်ႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာေတာ့ နယ္သာလန္တို႔ ကံေကာင္းသြားခဲ့ၾကၿပီး ပြဲခ်ိန္ ၉၃ မိနစ္မွာ ဧရိယာထဲ ဆြဲဝင္လာတဲ့ ဒမ္းဖရီးစ္ကို ေနာက္က ဆြဲလွဲခံရလို႔ ရခဲ့တဲ့ ပင္နယ္တီကေန အသင္းေခါင္းေဆာင္ေနာက္ခံလူ ဗန္ဒိုက္က မ်က္ႏွာကို ေလဆာနဲ႔ အထိုးခံေနရတဲ့ၾကားက ဂိုးအလယ္တည့္တည့္ကို ကန္သြင္းၿပီး ဂိုးသမား ဗလာခ်ိဳဒီေမာ့စ္ကို လွည့္စားအႏိုင္ယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ နယ္သာလန္တို႔က ဂရိတို႔ကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏိုင္ရရွိၿပီး အုပ္စု(ဘီ)မွာ ျပင္သစ္တို႔ေနာက္ကေန ရမွတ္ ၁၂ မွတ္နဲ႔ ေျခစစ္ပြဲေအာင္ဖို႔ အေျခအေနေကာင္းသြားခဲ့သလို အိမ္ကြင္းမွာ အိုင္ယာလန္၊ အေဝးကြင္းမွာ ဂ်ီဘေရာ္လ္တာတို႔နဲ႔ ကစားဖို႔ ႏွစ္ပြဲက်န္ေနတဲ့ ဒတ္ခ်္ေတြအေနနဲ႔ ျပင္သစ္ကို အိမ္ကြင္းမွာ ကစားရမယ့္ ေနာက္ဆုံးတစ္ပြဲသာ က်န္ေတာ့တဲ့ အမွတ္တူ ေခါမေတြဆီက လြတ္ေျမာက္ဖို႔ အေလးသာခဲ့ၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.