International Match Report

ဘော့စနီးယားမှာ ရော်နယ်လ်ဒို ၁၂၇ ဂိုးသွင်းပြီး အုပ်စုဗိုလ် သေချာသွားတဲ့ ပေါ်တူဂီ

ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အင်နာစီယို၊ ဒါလော့နဲ့ ကန်ဆယ်လိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒါနီလို ပါရဲရား၊ ဘရူနို ဖာနန်ဒက်စ်နဲ့ အော့တာဗျိုတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂျာအို ဖဲလစ္စ၊ ရာဖေးလ် လီယာအိုနဲ့ ရော်နယ်လ်ဒိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘော့စနီးယားတို့ကတော့ ဂိုးသမား ရှီဟစ်ချ်၊ ခံစစ်မှာ ဘာရီရှစ်ချ်၊ အာမက်ဟော့ဂျစ်ချ်၊ ဒီဒစ်ချ်နဲ့ ကိုလာရှီနက်ချ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ စီမီရော့၊ ပယာနစ်ချ်၊ ရာမန်နိုဗစ်ချ်၊ စတီဗန်နိုဗစ်ချ်နဲ့ ဒီမီရိုဗစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂျက်ကို တစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာကတည်းက ပေါ်တူဂီတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂျာအို ဖဲလစ္စရဲ့ ကန်ချက်ကို ဧရိယာထဲမှာ ဘော့စ်နီးယား နောက်ခံလူ ဘာရီရှစ်ချ် လက်ထိတယ်ဆိုပြီး ပေးခဲ့တဲ့ Soft ပင်နယ်တီကို ရော်နယ်လ်ဒိုက ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘောကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာတော့ ပေါ်တူဂီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ အင်နာစီယို ပေးတာကို ကွင်းလယ်မှာ ပြန်ရပြီး တောက်လျှောက်ဆွဲယူလာခဲ့တဲ့ ဂျာအို ဖဲလစ္စက ဧရိယာထဲကို ချပေးရာမှာ ရော်နယ်လ်ဒိုကပဲ ဘော့စ်နီးယားဂိုးသမားကို ပါးပါးနပ်နပ် ကျော်သွင်းပြီး ရယူပေးခဲ့တာပါ။

ပွဲချိန် ၂၅ မိနစ်မှာတော့ တတိယ အနိုင်ဂိုးကို ပေါ်တူဂီတွေပဲ ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ကန်တင်ပေးလိုက်တဲ့ ကန်ဆယ်လိုရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ဘော့စ်နီးယားတို့ လူကျွံဘောဖမ်းဖို့ ကြိုးစားပေမယ့် လွတ်အောင်ရုန်းပြသွားနိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်က ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၂ မိနစ်မှာ ခြေသွက်နေတဲ့ ပေါ်တူဂီတို့ပဲ စတုတ္ထအနိုင်ဂိုး ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘရူနို ဖာနန်ဒက်စ်က ဆွဲပြေးပြီး ဂိုးစည်းနား အရောက်မှာ အရှိန်သတ်ပြီး ပြန်ချိုးပေးတာကို ရော်နယ်လ်ဒို ပိတ်သွင်းဖို့ ကြိုးစားပေမယ့် လွဲချော်သွားပြီး ဧရိယာထိပ်ကို ပြန်လိမ့်လာတဲ့ ဘောလုံးကို ကန်ဆယ်လိုက ညာဘက်အပေါ်ထောင့်ဆီ ကျုံးထည့်သွားခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာတော့ ပေါ်တူဂီတို့ ပဉ္စမ အနိုင်ဂိုးနဲ့ ထိုးနှက်နိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘရူနို ဖာနန်ဒက်စ်က ဘော့စ်နီးယားခံစစ်ကြားက ခင်းပေးလိုက်တဲ့ ဘောလုံးကို အော့တာဗျို ပြေးထွက်ရယူပြီး ဧရိယာထဲမှာ ဂိုးရှေ့ကို အနိမ့်ဘော ပြန်ချိုးပေးတာကို ဂျာအို ဖဲလစ္စက ငှက်ပျောသီး အခွံနွှာစားသလိုမျိုးပဲ သုံးဆောင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ အထသွက်လွန်းတဲ့ ပေါ်တူဂီတို့က ဘော့စ်နီးယားကို သူတို့ကွင်းမှာ ငါးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြသလို အိမ်ရှင်တွေအနေနဲ့ ပြန်လာဖို့ထက် အရှက်ထပ်မကွဲဖို့ပဲ ကြိုးစားလာခဲ့ပြီး ဒုတိယပိုင်းအစမှာတော့ တိုက်စစ်က ဒီမီရိုဗစ်ချ်နဲ့ ရာမာနိုဗစ်ချ်တို့အစား ခံစစ်က ဂါဇီဘီဂိုဗစ်ချ်နဲ့ ကွင်းလယ်လူ ဟာဂျီအာမက်တိုဗစ်ချ်တို့ကို ထည့်သွင်းလာခဲ့ကြတာပါ။

ပေါ်တူဂီတို့ကတော့ ဒုတိယပိုင်းမှာ ခပ်အေးအေးပဲ ကစားသွားခဲ့ကြပြီး ဂိုးထပ်သွင်းဖို့ မလုပ်ခဲ့ကြတော့သလို နိုင်ငံတကာသွင်းဂိုး ၁၂၇ ဂိုးအထိ ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒို၊ လီယာအို၊ ဂျာအို ဖဲလစ္စ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ အော့တာဗျိုတို့အစား ဂျိုတာ၊ ပက်ဒရို နီတို၊ ဗီတင်ညာ၊ ရူဘင် နာဗက်စ်နဲ့ ဂျာအို နာဗက်စ်တို့ကို လူစားလဲကစားသွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပေါ်တူဂီတို့က ကစားရခက်တယ်လို့ နာမည်ကြီးနေတဲ့ ဘော့စနီးယားတို့ကို အဝေးကွင်းမှာ ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ကြပြီး ယူရို ၂၀၂၄ ခြေစစ်ပွဲ အုပ်စု(ဂျေ)မှာ ဘယ်သူမှ လိုက်မမီနိုင်တော့မယ့် အုပ်စုဗိုလ်နေရာကို ၈ ပွဲကစား ၈ ပွဲနိုင် ရာနှုန်းပြည့်ရမှတ် ၂၄ မှတ်နဲ့ ရပ်တည်သွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ္စတာ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အင္နာစီယို၊ ဒါေလာ့နဲ႔ ကန္ဆယ္လိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒါနီလို ပါရဲရား၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေအာ့တာဗ်ိဳတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ာအို ဖဲလစၥ၊ ရာေဖးလ္ လီယာအိုနဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေဘာ့စနီးယားတို႔ကေတာ့ ဂိုးသမား ရွီဟစ္ခ်္၊ ခံစစ္မွာ ဘာရီရွစ္ခ်္၊ အာမက္ေဟာ့ဂ်စ္ခ်္၊ ဒီဒစ္ခ်္နဲ႔ ကိုလာရွီနက္ခ်္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ စီမီေရာ့၊ ပယာနစ္ခ်္၊ ရာမန္ႏိုဗစ္ခ်္၊ စတီဗန္ႏိုဗစ္ခ်္နဲ႔ ဒီမီ႐ိုဗစ္ခ်္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂ်က္ကို တစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာကတည္းက ေပၚတူဂီတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဂ်ာအို ဖဲလစၥရဲ႕ ကန္ခ်က္ကို ဧရိယာထဲမွာ ေဘာ့စ္နီးယား ေနာက္ခံလူ ဘာရီရွစ္ခ်္ လက္ထိတယ္ဆိုၿပီး ေပးခဲ့တဲ့ Soft ပင္နယ္တီကို ေရာ္နယ္လ္ဒိုက ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာကန္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲ ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာေတာ့ ေပၚတူဂီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ကေန အင္နာစီယို ေပးတာကို ကြင္းလယ္မွာ ျပန္ရၿပီး ေတာက္ေလွ်ာက္ဆြဲယူလာခဲ့တဲ့ ဂ်ာအို ဖဲလစၥက ဧရိယာထဲကို ခ်ေပးရာမွာ ေရာ္နယ္လ္ဒိုကပဲ ေဘာ့စ္နီးယားဂိုးသမားကို ပါးပါးနပ္နပ္ ေက်ာ္သြင္းၿပီး ရယူေပးခဲ့တာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ တတိယ အႏိုင္ဂိုးကို ေပၚတူဂီေတြပဲ ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ကန္တင္ေပးလိုက္တဲ့ ကန္ဆယ္လိုရဲ႕ အကြက္ျမင္ျမင္ ေပးပို႔မႈကို ေဘာ့စ္နီးယားတို႔ လူကြၽံေဘာဖမ္းဖို႔ ႀကိဳးစားေပမယ့္ လြတ္ေအာင္႐ုန္းျပသြားႏိုင္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ရင္ဘတ္နဲ႔ တစ္ခ်က္ထိန္းၿပီး အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၂ မိနစ္မွာ ေျခသြက္ေနတဲ့ ေပၚတူဂီတို႔ပဲ စတုတၳအႏိုင္ဂိုး ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘ႐ူႏို ဖာနန္ဒက္စ္က ဆြဲေျပးၿပီး ဂိုးစည္းနား အေရာက္မွာ အရွိန္သတ္ၿပီး ျပန္ခ်ိဳးေပးတာကို ေရာ္နယ္လ္ဒို ပိတ္သြင္းဖို႔ ႀကိဳးစားေပမယ့္ လြဲေခ်ာ္သြားၿပီး ဧရိယာထိပ္ကို ျပန္လိမ့္လာတဲ့ ေဘာလုံးကို ကန္ဆယ္လိုက ညာဘက္အေပၚေထာင့္ဆီ က်ဳံးထည့္သြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ ေပၚတူဂီတို႔ ပၪၥမ အႏိုင္ဂိုးနဲ႔ ထိုးႏွက္ႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဘ႐ူႏို ဖာနန္ဒက္စ္က ေဘာ့စ္နီးယားခံစစ္ၾကားက ခင္းေပးလိုက္တဲ့ ေဘာလုံးကို ေအာ့တာဗ်ိဳ ေျပးထြက္ရယူၿပီး ဧရိယာထဲမွာ ဂိုးေရွ႕ကို အနိမ့္ေဘာ ျပန္ခ်ိဳးေပးတာကို ဂ်ာအို ဖဲလစၥက ငွက္ေပ်ာသီး အခြံႏႊာစားသလိုမ်ိဳးပဲ သုံးေဆာင္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ အထသြက္လြန္းတဲ့ ေပၚတူဂီတို႔က ေဘာ့စ္နီးယားကို သူတို႔ကြင္းမွာ ငါးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကသလို အိမ္ရွင္ေတြအေနနဲ႔ ျပန္လာဖို႔ထက္ အရွက္ထပ္မကြဲဖို႔ပဲ ႀကိဳးစားလာခဲ့ၿပီး ဒုတိယပိုင္းအစမွာေတာ့ တိုက္စစ္က ဒီမီ႐ိုဗစ္ခ်္နဲ႔ ရာမာႏိုဗစ္ခ်္တို႔အစား ခံစစ္က ဂါဇီဘီဂိုဗစ္ခ်္နဲ႔ ကြင္းလယ္လူ ဟာဂ်ီအာမက္တိုဗစ္ခ်္တို႔ကို ထည့္သြင္းလာခဲ့ၾကတာပါ။

ေပၚတူဂီတို႔ကေတာ့ ဒုတိယပိုင္းမွာ ခပ္ေအးေအးပဲ ကစားသြားခဲ့ၾကၿပီး ဂိုးထပ္သြင္းဖို႔ မလုပ္ခဲ့ၾကေတာ့သလို ႏိုင္ငံတကာသြင္းဂိုး ၁၂၇ ဂိုးအထိ ရယူႏိုင္ခဲ့တဲ့ ေရာ္နယ္လ္ဒို၊ လီယာအို၊ ဂ်ာအို ဖဲလစၥ၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ေအာ့တာဗ်ိဳတို႔အစား ဂ်ိဳတာ၊ ပက္ဒ႐ို နီတို၊ ဗီတင္ညာ၊ ႐ူဘင္ နာဗက္စ္နဲ႔ ဂ်ာအို နာဗက္စ္တို႔ကို လူစားလဲကစားသြားခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေပၚတူဂီတို႔က ကစားရခက္တယ္လို႔ နာမည္ႀကီးေနတဲ့ ေဘာ့စနီးယားတို႔ကို အေဝးကြင္းမွာ ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး ယူ႐ို ၂၀၂၄ ေျခစစ္ပြဲ အုပ္စု(ေဂ်)မွာ ဘယ္သူမွ လိုက္မမီႏိုင္ေတာ့မယ့္ အုပ္စုဗိုလ္ေနရာကို ၈ ပြဲကစား ၈ ပြဲႏိုင္ ရာႏႈန္းျပည့္ရမွတ္ ၂၄ မွတ္နဲ႔ ရပ္တည္သြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.