International

ကမ္ဘာပေါ်က လက်ရွေးစင်အသင်းမရှိတဲ့ တစ်ခုတည်းသော နိုင်ငံ

မာရှယ်ကျွန်းစုများဟာ ကမ္ဘာပေါ်မှာ လက်ရွေးစင်ဘောလုံးအသင်းမရှိတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပေမယ့်လည်း မဝေးလှတဲ့အနာဂတ်မှာ ဒါကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်နေပါတယ်။

မီးတောင်တွေနဲ့ ကျွန်းစုများဟာ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က ၎င်းတို့ရဲ့ နျူကလီးယားစမ်းသပ်မှုတွေအတွက် တည်နေရာအဖြစ် အသုံးပြုဖို့ သိမ်းပိုက်ခြင်းခံခဲ့ရပြီး ၁၉၈၆ ခုနှစ်မှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တာဖြစ်ပါတယ်။

မာရှယ်ကျွန်းစုများဟာ လက်ရှိမှာတော့ ကမ္ဘာ့ဘောလုံးလောကနဲ့ ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေပြီဖြစ်ပြီး အသင်းတစ်သင်းဖန်တီးရုံတင်မဟုတ်ဘဲ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းပါ ဖြစ်လာချင်နေတာ ဖြစ်ပါတယ်။ မာရှယ်ကျွန်းစုများရဲ့ ဘောလုံးအားကစားလောကထဲကို ဝင်ရောက်ဖို့ အားထုတ်မှုကို ဦးဆောင်နေသူက အင်္ဂလိပ်လူမျိုး လွိုက်ဒ် အိုဝါစ်ဖြစ်ပြီး နည်းစနစ် ဒါရိုက်တာအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံထားရသူ ဖြစ်ပါတယ်။

ဘီဘီစီနဲ့ စကားပြောရာမှာ အိုဝါစ်က ဒီစိတ်ကူးနောက်ကွယ်က ၎င်းရဲ့ စေ့ဆော်မှုနဲ့ လုပ်ငန်းစတင်ခဲ့ပုံကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အီးမေးလ်တွေနဲ့ စတင်ခဲ့ပြီး အချိန်ကွာခြားမှုကြောင့် WhatsApp ကနေတဆင့် စကားပြောဖို့ ပိုပြီး လွယ်ကူလာခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော် ကြီးထွားလာတဲ့ ပြိုင်ပွဲအပေါ် ဘယ်လိုမြင်ခဲ့လဲဆိုတဲ့ ကျွန်တော့်ကိုယ်ပိုင် အတွေးအခေါ်နဲ့အတူ အဆိုပြုချက်ကို တင်တဲ့အဆင့်ကို ရောက်ခဲ့ပါတယ်။ တစ်ဦးချင်းအဆင့်မှာ အဲဒါက လက်ရွေးစင်အသင်း သတ်သတ်မှတ်မှတ်မရှိတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော နိုင်ငံဆိုတဲ့ ကြီးမားတဲ့ကိစ္စမှာ တစ်စိတ်တပိုင်းအဖြစ် ပါဝင်ခွင့်ရတဲ့ အခွင့်အရေးဖြစ်သလို အဲဒါရဲ့ ရည်မှန်းချက်လည်း ဖြစ်ခဲ့ပါတယ်။ အဖွဲ့ချုပ်က OFC(သမုဒ္ဒရာပိုင်းဘောလုံးအဖွဲ့ချုပ်)မှာ ပါဝင်ချင်သလို ဖီဖာအဖွဲ့ဝင်လည်း ဖြစ်လာချင်ပါတယ်။ သူတို့တွေ ဒေသတွင်း နိုင်ငံတွေနဲ့ပဲ ကစားချင်တာမဟုတ်ဘဲ သူတို့တွေက ပိုကြီးမားတဲ့ အစီအစဉ်တွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာချင်တာပါ။ ကျွန်တော်တို့ ကမ္ဘာ့ဖလားဝင်ခွင့်ရဲ့ တစိတ်တပိုင်းဖြစ်လာချင်တယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့ OFC ချန်ပီယံရှစ်ရဲ့ တစ်စိတ်တပိုင်းဖြစ်ချင်ပါတယ်။ ကျွန်တော်တို့ အဓိကဘောလုံးပင်မရေစီးကြောင်းရဲ့ တစိတ်တပိုင်းဖြစ်လာချင်ပါတယ်။ ၁၀ နှစ်အတွင်းမှာ အဖွဲ့ချုပ်က သူတို့ရဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်တွေအတိုင်း တွန်းအားပေးပြီး ဆက်လုပ်သွားမယ်ဆိုရင် ဖြစ်မလာနိုင်စရာအကြောင်းမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မာရှယ်ကျွန်းစုများဟာ ဘောလုံးအသင်း ဖန်တီးဖို့ ကြိုးပမ်းနေပေမယ့်လည်း ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုလိုမျိုး ရာသီဥတုပြောင်းလဲမှု အန္တရာယ်တွေကို ပိုပြီး အာရုံစိုက်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး အဖွဲ့ချုပ်က ၎င်းတို့ရဲ့ ပထမဆုံးရှပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မာရှယ်ကျွန်းစုများ ကစားသမားတွေဟာ ၂၀၂၄ ခုနှစ် နွေရာသီမှာ ကစားမယ့် ပထမဆုံးပွဲစဉ်အတွင်း ဝတ်ဆင်နိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မာရွယ္ကြၽန္းစုမ်ားဟာ ကမာၻေပၚမွာ လက္ေ႐ြးစင္ေဘာလုံးအသင္းမရွိတဲ့ တစ္ခုတည္းေသာ ႏိုင္ငံျဖစ္ေပမယ့္လည္း မေဝးလွတဲ့အနာဂတ္မွာ ဒါကို ေျပာင္းလဲႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

မီးေတာင္ေတြနဲ႔ ကြၽန္းစုမ်ားဟာ ဒုတိယကမာၻစစ္အတြင္း အေမရိကန္က ၎တို႔ရဲ႕ န်ဴကလီးယားစမ္းသပ္မႈေတြအတြက္ တည္ေနရာအျဖစ္ အသုံးျပဳဖို႔ သိမ္းပိုက္ျခင္းခံခဲ့ရၿပီး ၁၉၈၆ ခုႏွစ္မွာ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာခဲ့တာျဖစ္ပါတယ္။

မာရွယ္ကြၽန္းစုမ်ားဟာ လက္ရွိမွာေတာ့ ကမာၻ႔ေဘာလုံးေလာကနဲ႔ ပူးေပါင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီျဖစ္ၿပီး အသင္းတစ္သင္းဖန္တီး႐ုံတင္မဟုတ္ဘဲ ယွဥ္ၿပိဳင္ႏိုင္စြမ္းရွိတဲ့အသင္းပါ ျဖစ္လာခ်င္ေနတာ ျဖစ္ပါတယ္။ မာရွယ္ကြၽန္းစုမ်ားရဲ႕ ေဘာလုံးအားကစားေလာကထဲကို ဝင္ေရာက္ဖို႔ အားထုတ္မႈကို ဦးေဆာင္ေနသူက အဂၤလိပ္လူမ်ိဳး လြိဳက္ဒ္ အိုဝါစ္ျဖစ္ၿပီး နည္းစနစ္ ဒါ႐ိုက္တာအျဖစ္ ခန႔္အပ္တာဝန္ေပးျခင္း ခံထားရသူ ျဖစ္ပါတယ္။

ဘီဘီစီနဲ႔ စကားေျပာရာမွာ အိုဝါစ္က ဒီစိတ္ကူးေနာက္ကြယ္က ၎ရဲ႕ ေစ့ေဆာ္မႈနဲ႔ လုပ္ငန္းစတင္ခဲ့ပုံကို ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

“အီးေမးလ္ေတြနဲ႔ စတင္ခဲ့ၿပီး အခ်ိန္ကြာျခားမႈေၾကာင့္ WhatsApp ကေနတဆင့္ စကားေျပာဖို႔ ပိုၿပီး လြယ္ကူလာခဲ့ပါတယ္။ ၿပီးတဲ့ေနာက္မွာ ကြၽန္ေတာ္ ႀကီးထြားလာတဲ့ ၿပိဳင္ပြဲအေပၚ ဘယ္လိုျမင္ခဲ့လဲဆိုတဲ့ ကြၽန္ေတာ့္ကိုယ္ပိုင္ အေတြးအေခၚနဲ႔အတူ အဆိုျပဳခ်က္ကို တင္တဲ့အဆင့္ကို ေရာက္ခဲ့ပါတယ္။ တစ္ဦးခ်င္းအဆင့္မွာ အဲဒါက လက္ေ႐ြးစင္အသင္း သတ္သတ္မွတ္မွတ္မရွိတဲ့ ကမာၻေပၚက တစ္ခုတည္းေသာ ႏိုင္ငံဆိုတဲ့ ႀကီးမားတဲ့ကိစၥမွာ တစ္စိတ္တပိုင္းအျဖစ္ ပါဝင္ခြင့္ရတဲ့ အခြင့္အေရးျဖစ္သလို အဲဒါရဲ႕ ရည္မွန္းခ်က္လည္း ျဖစ္ခဲ့ပါတယ္။ အဖြဲ႕ခ်ဳပ္က OFC(သမုဒၵရာပိုင္းေဘာလုံးအဖြဲ႕ခ်ဳပ္)မွာ ပါဝင္ခ်င္သလို ဖီဖာအဖြဲ႕ဝင္လည္း ျဖစ္လာခ်င္ပါတယ္။ သူတို႔ေတြ ေဒသတြင္း ႏိုင္ငံေတြနဲ႔ပဲ ကစားခ်င္တာမဟုတ္ဘဲ သူတို႔ေတြက ပိုႀကီးမားတဲ့ အစီအစဥ္ေတြရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္လာခ်င္တာပါ။ ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားဝင္ခြင့္ရဲ႕ တစိတ္တပိုင္းျဖစ္လာခ်င္တယ္ဆိုတာကို သိပါတယ္။ ကြၽန္ေတာ္တို႔ OFC ခ်န္ပီယံရွစ္ရဲ႕ တစ္စိတ္တပိုင္းျဖစ္ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ အဓိကေဘာလုံးပင္မေရစီးေၾကာင္းရဲ႕ တစိတ္တပိုင္းျဖစ္လာခ်င္ပါတယ္။ ၁၀ ႏွစ္အတြင္းမွာ အဖြဲ႕ခ်ဳပ္က သူတို႔ရဲ႕ ရည္မွန္းခ်က္နဲ႔ ရည္႐ြယ္ခ်က္ေတြအတိုင္း တြန္းအားေပးၿပီး ဆက္လုပ္သြားမယ္ဆိုရင္ ျဖစ္မလာႏိုင္စရာအေၾကာင္းမရွိဘူးလို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

မာရွယ္ကြၽန္းစုမ်ားဟာ ေဘာလုံးအသင္း ဖန္တီးဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း ပင္လယ္ေရမ်က္ႏွာျပင္ျမင့္တက္လာမႈလိုမ်ိဳး ရာသီဥတုေျပာင္းလဲမႈ အႏၲရာယ္ေတြကို ပိုၿပီး အာ႐ုံစိုက္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး အဖြဲ႕ခ်ဳပ္က ၎တို႔ရဲ႕ ပထမဆုံးရွပ္ကို ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ မာရွယ္ကြၽန္းစုမ်ား ကစားသမားေတြဟာ ၂၀၂၄ ခုႏွစ္ ေႏြရာသီမွာ ကစားမယ့္ ပထမဆုံးပြဲစဥ္အတြင္း ဝတ္ဆင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.