International

ရော်နယ်လ်ဒိုကြောင့် ပေါ်တူဂီကို ကြောက်ရွံ့လာကြတာဆိုတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ပေါ်တူဂီလက်ရွေးစင်အသင်းအပေါ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အကျိုးသက်ရောက်မှုကို သိရှိနေပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်က ပေါ်တူဂီအတွက် ရော်နယ်လ်ဒိုရဲ့ အရေးပါပုံကို ပြောဆိုခဲ့တာဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ဘောလုံးလောကက အောင်မြင်မှုတွေကြောင့် ပေါ်တူဂီရဲ့ နာမည်က နိုင်ငံတကာဘောလုံးလောကမှာ အားလုံးရဲ့ ကြောက်ရွံ့မှုကို ပိုမို ခံလာရတာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့အားလုံး အဲဒါကို သိကြပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုမှာရှိတဲ့ အစွမ်းနဲ့ အကျိုးသက်ရောက်မှုကိုပေါ့။ အဲဒါက ကျွန်တော်တို့လို ပေါ်တူဂီကစားသမားတွေ အများစုအပေါ်မှာ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ စဉ်ဆက်မပြတ် ထွက်ပေါ်လာနေတဲ့ မျိုးဆက်တွေအတွက် သူ ဖန်တီးပေးခဲ့တဲ့ အခွင့်အရေးတွေကိုရောပေ့ါ။ ပေါ်တူဂီက လေးစားမှု ခံခဲ့ရပြီးသားဖြစ်ပေမယ့် ခရစ္စတီယာနို ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ ကမ္ဘာပေါ်မှာ လုပ်ခဲ့တဲ့အရာတွေကြောင့် ကျွန်တော်တို့ နာမည်ကို ပိုပြီး ကြောက်ရွံ့လာကြတာပါ။ ”

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်က ဘလွန်ဒေါ ၅ ဆုရှင်ရဲ့အသင်းဖော်ဖြစ်ရတာကို ကျေးဇူးတင်နေပြီး ပေါ်တူဂီက အခြားကစားသမားတွေကလည်း ကျေးဇူးတင်နေသလို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့အတူ ကစားရတာက အခွင့်ထူးခံရတာဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

“ကျွန်တော်တို့တွေ သူ ကစားနေတဲ့အချိန်မှာ နေထိုင်ရတာကို ကျေးဇူးတင်နေကြတာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခရစ္စတီယာနို ကစားတာကို မြင်တွေ့နေရတဲ့ အခွင့်ထူးကြီး ရှိနေလို့ပါ။ ကျွန်တော်တို့ သူနဲ့ကစားရတာက အခွင့်ထူးခံရသလို ခံစားရပါတယ်။ သူနဲ့အတူ ရှိနေတဲ့ အခြားကစားသမားတွေအားလုံးလိုပါပဲ။”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ သောကြာနေ့က ဆလိုဗက်ကီးယားကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ သွင်းဂိုး ၂ ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဘောလုံးပေးပို့ရာမှာ တိကျမှု ၈၄ ရာခိုင်နှုန်းနဲ့ တစ်ဦးချင်းတိုက်ပွဲ ၄ ကြိမ်စလုံးမှာလည်း အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က ေပၚတူဂီလက္ေ႐ြးစင္အသင္းအေပၚမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အက်ိဳးသက္ေရာက္မႈကို သိရွိေနၿပီး ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္က ေပၚတူဂီအတြက္ ေရာ္နယ္လ္ဒိုရဲ႕ အေရးပါပုံကို ေျပာဆိုခဲ့တာျဖစ္ၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ေဘာလုံးေလာကက ေအာင္ျမင္မႈေတြေၾကာင့္ ေပၚတူဂီရဲ႕ နာမည္က ႏိုင္ငံတကာေဘာလုံးေလာကမွာ အားလုံးရဲ႕ ေၾကာက္႐ြံ႕မႈကို ပိုမို ခံလာရတာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔အားလုံး အဲဒါကို သိၾကပါတယ္။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုမွာရွိတဲ့ အစြမ္းနဲ႔ အက်ိဳးသက္ေရာက္မႈကိုေပါ့။ အဲဒါက ကြၽန္ေတာ္တို႔လို ေပၚတူဂီကစားသမားေတြ အမ်ားစုအေပၚမွာ အက်ိဳးသက္ေရာက္မႈရွိခဲ့ပါတယ္။ စဥ္ဆက္မျပတ္ ထြက္ေပၚလာေနတဲ့ မ်ိဳးဆက္ေတြအတြက္ သူ ဖန္တီးေပးခဲ့တဲ့ အခြင့္အေရးေတြကိုေရာေပ့ါ။ ေပၚတူဂီက ေလးစားမႈ ခံခဲ့ရၿပီးသားျဖစ္ေပမယ့္ ခရစၥတီယာႏို ရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြနဲ႔ ကမာၻေပၚမွာ လုပ္ခဲ့တဲ့အရာေတြေၾကာင့္ ကြၽန္ေတာ္တို႔ နာမည္ကို ပိုၿပီး ေၾကာက္႐ြံ႕လာၾကတာပါ။ ”

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္က ဘလြန္ေဒါ ၅ ဆုရွင္ရဲ႕အသင္းေဖာ္ျဖစ္ရတာကို ေက်းဇူးတင္ေနၿပီး ေပၚတူဂီက အျခားကစားသမားေတြကလည္း ေက်းဇူးတင္ေနသလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔အတူ ကစားရတာက အခြင့္ထူးခံရတာျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

“ကြၽန္ေတာ္တို႔ေတြ သူ ကစားေနတဲ့အခ်ိန္မွာ ေနထိုင္ရတာကို ေက်းဇူးတင္ေနၾကတာ သိသာပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ခရစၥတီယာႏို ကစားတာကို ျမင္ေတြ႕ေနရတဲ့ အခြင့္ထူးႀကီး ရွိေနလို႔ပါ။ ကြၽန္ေတာ္တို႔ သူနဲ႔ကစားရတာက အခြင့္ထူးခံရသလို ခံစားရပါတယ္။ သူနဲ႔အတူ ရွိေနတဲ့ အျခားကစားသမားေတြအားလုံးလိုပါပဲ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ေသာၾကာေန႔က ဆလိုဗက္ကီးယားကို ၃-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ သြင္းဂိုး ၂ ဂိုး သြင္းယူေပးႏိုင္ခဲ့သလို ေဘာလုံးေပးပို႔ရာမွာ တိက်မႈ ၈၄ ရာခိုင္ႏႈန္းနဲ႔ တစ္ဦးခ်င္းတိုက္ပြဲ ၄ ႀကိမ္စလုံးမွာလည္း အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.