International

ဟာလန်းကို ရပ်တန့်မယ့်အစီအစဉ်ရှိထားတဲ့ စပိန်

အူနိုင်း ဆိုင်မွန်က နော်ဝေနဲ့ ကစားရမယ့် ယူရို ခြေစစ်ပွဲမှာ မန်စီးတီးဂိုးသွင်းစက် အာလင်း ဟာလန်းကို ဘယ်လို ကာကွယ်ဖို့ စီစဉ်ထားလဲဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စပိန်ဟာ ယနေ့မှာ နော်ဝေနဲ့ ယှဉ်ပြိုင်ကစားမယ့် ခြေစစ်ပွဲကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် လာမယ့်နွေရာသီ ဂျာမနီမှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို အလိုအလျောက်ဝင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

အရေးကြီးတဲ့ပွဲစဉ်မတိုင်ခင် စပိန်ဂိုးသမား အူနိုင်း ဆိုင်မွန်က စပိန်အသင်းအနေနဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး ဂိုးမသွင်းယူနိုင်အောင် ရပ်တန့်ဖို့အတွက် ဘယ်လို အစီအစဉ်တွေ ဆွဲနေတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဟာလန်းက ပွဲတိုင်း ပင်နယ်တီဧရိယာထဲမှာ ဘယ်လောက်အထိ အဆုံးအဖြတ်ပေးနိုင်လဲဆိုတာ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ဟာလန်း ပင်နယ်တီဧရိယာထဲမှာ ဘောလုံးထိတာနဲ့ ဂိုးဖြစ်နိုင်ပါတယ်။အဲဒါက လေထဲမှာပဲဖြစ်ဖြစ်၊ အနိမ့်ဘောပဲဖြစ်ဖြစ်၊ ဘယ်ခြေ ဒါမှမဟုတ် ညာခြေပဲဖြစ်ဖြစ်ပါ။ သူက ဂိုးသွင်းသူအဖြစ် မွေးဖွားလာခဲ့တာပါ။ ကျွန်တော်တို့ သူ့ကို တတ်နိုင်သမျှ ကျွန်တော်တို့ ဂိုးပေါက်နဲ့အဝေး၊ ပင်နယ်တီဧရိယာနဲ့ ဝေးဝေးမှာရှိနေအောင် ကြိုးစားသွားမှာပါ။ သူ ကျွန်တော်တို့ ပင်နယ်ဧရိယာထဲမှာရှိနေတဲ့အချိန်ကျရင် သူ ဘောလုံးမထိနိုင်အောင် လုပ်သွားမှာပါ။ သူက ဂိုးသွင်းယူနိုင်ခြေမှာ ထူးခြားတဲ့ ဖြစ်တန်ခြေရှိတဲ့ကစားသမားပါ။”လို့ ပြောကြားခဲ့ပါတယ်။

စပိန်အသင်းဟာ ၂၀၂၃ ခုနှစ် မတ်လတုန်းက နော်ဝေနဲ့ ရင်ဆိုင်ခဲ့ရချိန်တုန်းက အာလင်း ဟာလန်း ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ မန်စီးတီးကြယ်ပွင့်ဟာ နော်ဝေရဲ့ ရှုံးပွဲအတွက် လက်စားချေဖို့ ရည်မှန်းထားမှာဖြစ်ပြီး ယူရိုဝင်ခွင့်အတွက် မျှော်လင့်ချက်ကို အသက်ဆက်ချင်နေမှာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာစီးတီးနဲ့ ဒုတိယရာသီကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေပြီး လက်ရှိအချိန်အထိ ပြိုင်ပွဲစုံ ၁၂ ပွဲကစားထားရာမှာ သွင်းဂိုး ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အူႏိုင္း ဆိုင္မြန္က ေနာ္ေဝနဲ႔ ကစားရမယ့္ ယူ႐ို ေျခစစ္ပြဲမွာ မန္စီးတီးဂိုးသြင္းစက္ အာလင္း ဟာလန္းကို ဘယ္လို ကာကြယ္ဖို႔ စီစဥ္ထားလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

စပိန္ဟာ ယေန႔မွာ ေနာ္ေဝနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ ေျခစစ္ပြဲကိုသာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ လာမယ့္ေႏြရာသီ ဂ်ာမနီမွာ က်င္းပမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲကို အလိုအေလ်ာက္ဝင္ခြင့္ ရရွိေတာ့မွာ ျဖစ္ပါတယ္။

အေရးႀကီးတဲ့ပြဲစဥ္မတိုင္ခင္ စပိန္ဂိုးသမား အူႏိုင္း ဆိုင္မြန္က စပိန္အသင္းအေနနဲ႔ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး ဂိုးမသြင္းယူႏိုင္ေအာင္ ရပ္တန႔္ဖို႔အတြက္ ဘယ္လို အစီအစဥ္ေတြ ဆြဲေနတယ္ဆိုတာကို ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဟာလန္းက ပြဲတိုင္း ပင္နယ္တီဧရိယာထဲမွာ ဘယ္ေလာက္အထိ အဆုံးအျဖတ္ေပးႏိုင္လဲဆိုတာ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရပါတယ္။ ဟာလန္း ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးထိတာနဲ႔ ဂိုးျဖစ္ႏိုင္ပါတယ္။အဲဒါက ေလထဲမွာပဲျဖစ္ျဖစ္၊ အနိမ့္ေဘာပဲျဖစ္ျဖစ္၊ ဘယ္ေျခ ဒါမွမဟုတ္ ညာေျခပဲျဖစ္ျဖစ္ပါ။ သူက ဂိုးသြင္းသူအျဖစ္ ေမြးဖြားလာခဲ့တာပါ။ ကြၽန္ေတာ္တို႔ သူ႔ကို တတ္ႏိုင္သမွ် ကြၽန္ေတာ္တို႔ ဂိုးေပါက္နဲ႔အေဝး၊ ပင္နယ္တီဧရိယာနဲ႔ ေဝးေဝးမွာရွိေနေအာင္ ႀကိဳးစားသြားမွာပါ။ သူ ကြၽန္ေတာ္တို႔ ပင္နယ္ဧရိယာထဲမွာရွိေနတဲ့အခ်ိန္က်ရင္ သူ ေဘာလုံးမထိႏိုင္ေအာင္ လုပ္သြားမွာပါ။ သူက ဂိုးသြင္းယူႏိုင္ေျခမွာ ထူးျခားတဲ့ ျဖစ္တန္ေျခရွိတဲ့ကစားသမားပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

စပိန္အသင္းဟာ ၂၀၂၃ ခုႏွစ္ မတ္လတုန္းက ေနာ္ေဝနဲ႔ ရင္ဆိုင္ခဲ့ရခ်ိန္တုန္းက အာလင္း ဟာလန္း ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ မန္စီးတီးၾကယ္ပြင့္ဟာ ေနာ္ေဝရဲ႕ ရႈံးပြဲအတြက္ လက္စားေခ်ဖို႔ ရည္မွန္းထားမွာျဖစ္ၿပီး ယူ႐ိုဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္ကို အသက္ဆက္ခ်င္ေနမွာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ မန္ခ်က္စတာစီးတီးနဲ႔ ဒုတိယရာသီကို အေကာင္းဆုံးပုံစံနဲ႔ ျဖတ္သန္းေနၿပီး လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံ ၁၂ ပြဲကစားထားရာမွာ သြင္းဂိုး ၈ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.