International Match Report

မော်လ်တာကို ဂိုးပြတ်သွင်းပြီး အင်္ဂလန်ကို ပွဲကြို ခြိမ်းခြောက်လိုက်တဲ့ အီတလီ

အီတလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မန်ချီနီ၊ ဘက်စတိုနီ၊ ဒါမီယန်နဲ့ ဒီမာကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘာရဲလား၊ လိုကာတယ်လီနဲ့ ဘိုနာဗန်တူရာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘယ်ရာဒီ၊ မွိုက်စ် ကီးန်နဲ့ ရက်စ်ပါ ဒိုရီတို့ကို ပွဲထုတ်လာခဲ့ပါတယ်။

အင်တာမီလန်ကစားသမားအများစုကို အခြေခံထားခဲ့တဲ့ အီတလီတို့အနေနဲ့ ကစားသမားနာမည် ရွတ်ပြလို့တောင် ဘယ်သူမှ မသိတဲ့ မြေထဲ ပင်လယ်ထဲက လူဦးရေ ငါးသိန်းကျော်သာ နေထိုင်တဲ့ ကျွန်းနိုင်ငံလေး မော်လ်တာကို ဘာရီအသင်းရဲ့ အိမ်ကွင်း စတေဒီယို ဆန်နီကိုလာမှာ အသာစီးနဲ့ ထိန်းချုပ်ကစားရင်း ဂိုးပေါက်တည့်တိုင်း ဂိုးတွေ ရခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာ အီတလီတို့ အဖွင့်ဂိုး စတင်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဒီမာကို ခေါင်းတိုက်ချပေးတာကို မွိုက်စ် ကီးန်က ထိုးဖောက်ဖို့ ကြိုးစားရာမှာ မော်လ်တာခံစစ်နဲ့ ငြိပြီး ကျန်နေတဲ့ ဘောလုံးကို ဘိုနာဗန်တူရာက ဧရိယာထဲကနေ ဂိုးညာဘက် အပေါ်ထောင့်ကို အပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ အီတလီတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ညာခြမ်းတွဲလုံးကနေ ဒါမီယန်နဲ့ ဘာရဲလားတို့ ပူးပေါင်းပြီး ဘာရဲလားက တောင်ပံကနေ အတွင်းကို ပြန်ချိုးပေးတဲ့ ဘောလုံးကို ဘယ်ရာဒီက ဧရိယာအစပ်ကနေ ဘယ်ဘက်တိုင်ခြေကို အဆင့်မြင့်မြင့်နဲ့ ဝေ့ဝိုက်ကန်သွင်းပြီး ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်မှာ အီတလီတို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ ဘောလုံးရလာခဲ့တဲ့ ရက်စ်ပါဒိုရီက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ လူကာကူး အရှင်လတ်လတ် ဝင်စားနေတဲ့ မွိုက်စ် ကီးန်က ချော်ကန်ခဲ့တာကြောင့် နောက်ကို လိမ့်လာတဲ့ ဘောလုံးကို ညာတောင်ပံသမား ဘယ်ရာဒီကပဲ ပိတ်သွင်းပေးသွားခဲ့တာဖြစ်ပါတယ်။

အီတလီတို့အနေနဲ့ ဒီနေ့ပွဲမှာ အဆုံးသတ်ပိုင်းတွေကတော့ တောကန်တောင်ကန်တွေ များနေခဲ့တာကို တွေ့ရပြီး မွိုက်စ် ကီးန်နဲ့ ကွင်းလယ် ကစားသမားတွေအနေနဲ့ စိတ်ပျက်စရာ ကန်ချက်တွေကိုပဲ ပြသနေခဲ့သလို ဒီနေ့ပွဲမှာတော့ နည်းပြ စပယ်လက်တီက ဘာရဲလား၊ ဘယ်ရာဒီ၊ ဒီမာကို၊ ကီးန်နဲ့ ဘိုနာဗင်တူရာတို့အစား ဖရက်တေစီ၊ အော်ဆိုလီနီ၊ အူဒိုဂီ၊ ဆကာမက်ကာနဲ့ ဘီရာဂီတို့ကို လူစားလဲသွားခဲ့တာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ဂိုးပေါက် ၁၈ ကြိမ် ကန်တဲ့အထဲက ၄ ကြိမ်မြောက် ဂိုးပေါက်တည့်မှုကနေ အီတလီတို့ စတုတ္ထဂိုးကို ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းက လက်ပစ်ဘောကို ဝိုင်းလုကြရင်း ဘောလုံးရသွားတဲ့ အူဒိုဂီ ပေးခဲ့တာကို ဖရက်တေစီက အတွင်းကို တစ်ချက်ခေါက်ဝင်ပြီး အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးဖြစ်သွားခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ အုပ်စု(စီ)မှာ အီတလီတို့က မော်လ်တာကို လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူခဲ့ကြပြီး ငါးပွဲကစား သုံးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ အင်္ဂလန်တို့နောက် သုံးမှတ်အကွာကို ပြန်ရောက်လာခဲ့ကြသလို လာမယ့် ဝင်ဘလီပွဲစဉ်မှာသာ အနိုင်ယူနိုင်ခဲ့ရင် ခြေစစ်ပွဲအောင်ဖို့အတွက် စိတ်ချရမှာဖြစ်လို့ ကြိုးစားတိုက်ပွဲဝင်ဖွယ်ရှိနေကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီတလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မန္ခ်ီနီ၊ ဘက္စတိုနီ၊ ဒါမီယန္နဲ႔ ဒီမာကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘာရဲလား၊ လိုကာတယ္လီနဲ႔ ဘိုနာဗန္တူရာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘယ္ရာဒီ၊ မြိဳက္စ္ ကီးန္နဲ႔ ရက္စ္ပါ ဒိုရီတို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

အင္တာမီလန္ကစားသမားအမ်ားစုကို အေျခခံထားခဲ့တဲ့ အီတလီတို႔အေနနဲ႔ ကစားသမားနာမည္ ႐ြတ္ျပလို႔ေတာင္ ဘယ္သူမွ မသိတဲ့ ေျမထဲ ပင္လယ္ထဲက လူဦးေရ ငါးသိန္းေက်ာ္သာ ေနထိုင္တဲ့ ကြၽန္းႏိုင္ငံေလး ေမာ္လ္တာကို ဘာရီအသင္းရဲ႕ အိမ္ကြင္း စေတဒီယို ဆန္နီကိုလာမွာ အသာစီးနဲ႔ ထိန္းခ်ဳပ္ကစားရင္း ဂိုးေပါက္တည့္တိုင္း ဂိုးေတြ ရခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာ အီတလီတို႔ အဖြင့္ဂိုး စတင္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဒီမာကို ေခါင္းတိုက္ခ်ေပးတာကို မြိဳက္စ္ ကီးန္က ထိုးေဖာက္ဖို႔ ႀကိဳးစားရာမွာ ေမာ္လ္တာခံစစ္နဲ႔ ၿငိၿပီး က်န္ေနတဲ့ ေဘာလုံးကို ဘိုနာဗန္တူရာက ဧရိယာထဲကေန ဂိုးညာဘက္ အေပၚေထာင့္ကို အပိုင္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ အီတလီတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ညာျခမ္းတြဲလုံးကေန ဒါမီယန္နဲ႔ ဘာရဲလားတို႔ ပူးေပါင္းၿပီး ဘာရဲလားက ေတာင္ပံကေန အတြင္းကို ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကို ဘယ္ရာဒီက ဧရိယာအစပ္ကေန ဘယ္ဘက္တိုင္ေျခကို အဆင့္ျမင့္ျမင့္နဲ႔ ေဝ့ဝိုက္ကန္သြင္းၿပီး ပထမပိုင္းမွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၆၃ မိနစ္မွာ အီတလီတို႔ပဲ တတိယ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန ေဘာလုံးရလာခဲ့တဲ့ ရက္စ္ပါဒိုရီက ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ လူကာကူး အရွင္လတ္လတ္ ဝင္စားေနတဲ့ မြိဳက္စ္ ကီးန္က ေခ်ာ္ကန္ခဲ့တာေၾကာင့္ ေနာက္ကို လိမ့္လာတဲ့ ေဘာလုံးကို ညာေတာင္ပံသမား ဘယ္ရာဒီကပဲ ပိတ္သြင္းေပးသြားခဲ့တာျဖစ္ပါတယ္။

အီတလီတို႔အေနနဲ႔ ဒီေန႔ပြဲမွာ အဆုံးသတ္ပိုင္းေတြကေတာ့ ေတာကန္ေတာင္ကန္ေတြ မ်ားေနခဲ့တာကို ေတြ႕ရၿပီး မြိဳက္စ္ ကီးန္နဲ႔ ကြင္းလယ္ ကစားသမားေတြအေနနဲ႔ စိတ္ပ်က္စရာ ကန္ခ်က္ေတြကိုပဲ ျပသေနခဲ့သလို ဒီေန႔ပြဲမွာေတာ့ နည္းျပ စပယ္လက္တီက ဘာရဲလား၊ ဘယ္ရာဒီ၊ ဒီမာကို၊ ကီးန္နဲ႔ ဘိုနာဗင္တူရာတို႔အစား ဖရက္ေတစီ၊ ေအာ္ဆိုလီနီ၊ အူဒိုဂီ၊ ဆကာမက္ကာနဲ႔ ဘီရာဂီတို႔ကို လူစားလဲသြားခဲ့တာပါ။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ဂိုးေပါက္ ၁၈ ႀကိမ္ ကန္တဲ့အထဲက ၄ ႀကိမ္ေျမာက္ ဂိုးေပါက္တည့္မႈကေန အီတလီတို႔ စတုတၳဂိုးကို ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက လက္ပစ္ေဘာကို ဝိုင္းလုၾကရင္း ေဘာလုံးရသြားတဲ့ အူဒိုဂီ ေပးခဲ့တာကို ဖရက္ေတစီက အတြင္းကို တစ္ခ်က္ေခါက္ဝင္ၿပီး အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးျဖစ္သြားခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အုပ္စု(စီ)မွာ အီတလီတို႔က ေမာ္လ္တာကို ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူခဲ့ၾကၿပီး ငါးပြဲကစား သုံးပြဲႏိုင္ တစ္ပြဲသေရ တစ္ပြဲရႈံး၊ ရမွတ္ ၁၀ မွတ္နဲ႔ အဂၤလန္တို႔ေနာက္ သုံးမွတ္အကြာကို ျပန္ေရာက္လာခဲ့ၾကသလို လာမယ့္ ဝင္ဘလီပြဲစဥ္မွာသာ အႏိုင္ယူႏိုင္ခဲ့ရင္ ေျခစစ္ပြဲေအာင္ဖို႔အတြက္ စိတ္ခ်ရမွာျဖစ္လို႔ ႀကိဳးစားတိုက္ပြဲဝင္ဖြယ္ရွိေနေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.