Premier League Transfer News

ဆာလားကို အစားထိုးဖို့ မန်စီးတီးလူဟောင်းကို ခေါ်ယူမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ အသက်အရွယ် ထောက်လာခဲ့တဲ့ အီဂျစ်တောင်ပံကစားသမား မိုဟာမက် ဆာလားရဲ့ နေရာကို အစားထိုးဖို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လီရွိုင်း ဆာနေးကို အလိုရှိနေပြီး ပရီးမီးယားလိဂ်နဲ့ အသားကျပြီးတဲ့ ဂျာမန်သားအနေနဲ့ သူတို့ရဲ့ ညာတောင်ပံကို ဖြည့်ဆည်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အသင်းရဲ့ ဂိုးသွင်းဘုရင် တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ် ၂၂၆ ပွဲမှာ ၁၄၂ ဂိုး သွင်းယူပေးထားတဲ့ ဆာလားအနေနဲ့ ဒီရာသီမှာ အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ခြေစွမ်းအရ ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်ပေမယ့် အရင်လိုမျိုး တစ်ဖက်နောက်ခံလူတွေ ကြောက်ရွံ့ရတဲ့ Fear Factor မျိုး နည်းလာခဲ့တာကြောင့် နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ရေရှည်အစားထိုးမှုကို လိုအပ်နေတာပါ။

ဖူလ်ဟမ်အသင်းကနေ ခေါ်ယူထားတဲ့ ဟာဗီ အီးလီးယော့ကတော့ ကွင်းလယ်ကစားဖို့ပဲ ပိုသန်သွားခဲ့ချိန်မှာ အီဂျစ်သားရဲ့ နေရာကို ဆက်ခံစေဖို့ မန်စီးတီးအသင်းနဲ့ ခြေစွမ်းပြပြီးသား ဆာနေးကို ခေါ်ယူလိုနေပေမယ့် ဒါက အလုပ်ဖြစ်နိုင်ပါ့မလားဆိုတာ တွေးစရာဖြစ်ခဲ့ပြီး လာမယ့် ဇန်နဝါရီမှာ အသက် ၂၈ နှစ်ပြည့်မှာဖြစ်သလို ဒဏ်ရာပြဿနာများတဲ့ ဂျာမန်သားက အဖြေကောင်းဖြစ်ပါ့မလားဆိုတာကတော့ သံသယရှိနေကြပါတယ်။

ဆီနီဂေါနွယ်ဖွား ဂျာမန်လက်ရွေးစင် ဆာနေးအနေနဲ့ ဘိုင်ယန်မြူးနစ်ကို မန်စီးတီးကနေ ပြောင်းရွှေ့ကြေး ယူရိုသန်း ၆၀ နဲ့ ထွက်ခွာသွားခဲ့ပြီး ဘာဗေးရီးယားသားတွေအတွက် ပြိုင်ပွဲစုံ ၁၄၄ ပွဲမှာ ၄၅ ဂိုးသာ သွင်းယူထားနိုင်တာက ဆာလားနဲ့တော့ ယှဉ်မရဘဲဖြစ်နေခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ သူ့အနေနဲ့ အမြင့်ဆုံး ပြသခဲ့တဲ့ ခြေစွမ်းက တစ်ရာသီ ၁၀ ဂိုးနှုန်းပဲဖြစ်နေခဲ့တာပါ။

ဒါဝင် နူးညက်ဇ်ကို ပေါင် ၈၅ သန်းအထိ ပေးခေါ်ပြီးမှ ဈေးနဲ့ထိုက်တန်တဲ့ သွင်းဂိုးနှုန်းကို မရခဲ့တာက ဆာနေးအတွက်ရော အကောင်းမွန်ဆုံး ဖြစ်လာနိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာဖြစ်နေသလို ဆော်ဒီက ဆွဲဆောင်မှုတွေ ရှိနေတဲ့ ဆာလားကို လာမယ့်နွေရာသီမှာ ထိန်းထားနိုင်ဖို့ မသေချာတဲ့ အချိန်မှာ ကလော့ပ်အတွက် ညာတောင်ပံ တိုက်စစ်မှူး ရှာပုံတော်က ထင်တာထက်ပိုပြီး ခက်ခဲနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ သူတို႔ရဲ႕ အသက္အ႐ြယ္ ေထာက္လာခဲ့တဲ့ အီဂ်စ္ေတာင္ပံကစားသမား မိုဟာမက္ ဆာလားရဲ႕ ေနရာကို အစားထိုးဖို႔ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ လီ႐ြိဳင္း ဆာေနးကို အလိုရွိေနၿပီး ပရီးမီးယားလိဂ္နဲ႔ အသားက်ၿပီးတဲ့ ဂ်ာမန္သားအေနနဲ႔ သူတို႔ရဲ႕ ညာေတာင္ပံကို ျဖည့္ဆည္းႏိုင္မယ္လို႔ ယုံၾကည္ေနပါတယ္။

အသင္းရဲ႕ ဂိုးသြင္းဘုရင္ တစ္ဦးျဖစ္ၿပီး ပရီးမီးယားလိဂ္ ၂၂၆ ပြဲမွာ ၁၄၂ ဂိုး သြင္းယူေပးထားတဲ့ ဆာလားအေနနဲ႔ ဒီရာသီမွာ အသက္ ၃၁ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္ၿပီး ေျခစြမ္းအရ ထိပ္တန္းအဆင့္မွာ ရွိေနဆဲျဖစ္ေပမယ့္ အရင္လိုမ်ိဳး တစ္ဖက္ေနာက္ခံလူေတြ ေၾကာက္႐ြံ႕ရတဲ့ Fear Factor မ်ိဳး နည္းလာခဲ့တာေၾကာင့္ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ေရရွည္အစားထိုးမႈကို လိုအပ္ေနတာပါ။

ဖူလ္ဟမ္အသင္းကေန ေခၚယူထားတဲ့ ဟာဗီ အီးလီးေယာ့ကေတာ့ ကြင္းလယ္ကစားဖို႔ပဲ ပိုသန္သြားခဲ့ခ်ိန္မွာ အီဂ်စ္သားရဲ႕ ေနရာကို ဆက္ခံေစဖို႔ မန္စီးတီးအသင္းနဲ႔ ေျခစြမ္းျပၿပီးသား ဆာေနးကို ေခၚယူလိုေနေပမယ့္ ဒါက အလုပ္ျဖစ္ႏိုင္ပါ့မလားဆိုတာ ေတြးစရာျဖစ္ခဲ့ၿပီး လာမယ့္ ဇန္နဝါရီမွာ အသက္ ၂၈ ႏွစ္ျပည့္မွာျဖစ္သလို ဒဏ္ရာျပႆနာမ်ားတဲ့ ဂ်ာမန္သားက အေျဖေကာင္းျဖစ္ပါ့မလားဆိုတာကေတာ့ သံသယရွိေနၾကပါတယ္။

ဆီနီေဂါႏြယ္ဖြား ဂ်ာမန္လက္ေ႐ြးစင္ ဆာေနးအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကို မန္စီးတီးကေန ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၆၀ နဲ႔ ထြက္ခြာသြားခဲ့ၿပီး ဘာေဗးရီးယားသားေတြအတြက္ ၿပိဳင္ပြဲစုံ ၁၄၄ ပြဲမွာ ၄၅ ဂိုးသာ သြင္းယူထားႏိုင္တာက ဆာလားနဲ႔ေတာ့ ယွဥ္မရဘဲျဖစ္ေနခဲ့ၿပီး ပရီးမီးယားလိဂ္မွာေတာ့ သူ႔အေနနဲ႔ အျမင့္ဆုံး ျပသခဲ့တဲ့ ေျခစြမ္းက တစ္ရာသီ ၁၀ ဂိုးႏႈန္းပဲျဖစ္ေနခဲ့တာပါ။

ဒါဝင္ ႏူးညက္ဇ္ကို ေပါင္ ၈၅ သန္းအထိ ေပးေခၚၿပီးမွ ေဈးနဲ႔ထိုက္တန္တဲ့ သြင္းဂိုးႏႈန္းကို မရခဲ့တာက ဆာေနးအတြက္ေရာ အေကာင္းမြန္ဆုံး ျဖစ္လာႏိုင္ပါ့မလားလို႔ ေမးခြန္းထုတ္စရာျဖစ္ေနသလို ေဆာ္ဒီက ဆြဲေဆာင္မႈေတြ ရွိေနတဲ့ ဆာလားကို လာမယ့္ေႏြရာသီမွာ ထိန္းထားႏိုင္ဖို႔ မေသခ်ာတဲ့ အခ်ိန္မွာ ကေလာ့ပ္အတြက္ ညာေတာင္ပံ တိုက္စစ္မႉး ရွာပုံေတာ္က ထင္တာထက္ပိုၿပီး ခက္ခဲႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.