Premier League

စပါးစ်တို့ပဲ ဆက်သိမ်းတဲ့ စက်တင်ဘာလ ပရီးမီးယားလိဂ် အကောင်းဆုံးဆုများ

ပြီးခဲ့တဲ့ စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်က ချီးမြှင့်တဲ့ တစ်လတာ အကောင်းဆုံးဆုတွေကို ဒီတစ်ကြိမ်မှာလည်း တော့တင်ဟမ်ဟော့စပါးအသင်းကပဲ ဆက်လက်ထိန်းသိမ်းသွားခဲ့ပြီး နည်းပြအကောင်းဆုံးဆုရော ကစားသမားအကောင်းဆုံးဆုကိုပါ ရယူသွားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

တစ်လတာ အကောင်းဆုံး နည်းပြဆုအတွက် ရှုံးပွဲမရှိ မှတ်တမ်းနဲ့ အဆင့် ၁ နေရာကို ရယူထားနိုင်ပြီး အာဆင်နယ်အသင်းကို အဝေးကွင်းမှာ နှစ်ဂိုးစီ သရေကျအောင် လမ်းညွှန်နိုင်ခဲ့တဲ့ အန်ဂျီ ပေါ့စတီကိုဂလူးကပဲ ရရှိသွားခဲ့ပြီး ပရီးမီးယားလိဂ်မှာ နည်းပြသစ် တစ်ဦးအနေနဲ့ နှစ်ကြိမ်ဆက်တိုက် ရရှိတဲ့ စံချိန်သစ်ကိုလည်း တင်ရှိသွားနိုင်ခဲ့တာပါ။

ကစားသမား အကောင်းဆုံးဆုကိုတော့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က စပါးစ်တို့အတွက် ရယူပေးခဲ့ပြီး စက်တင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ သုံးပွဲမှာ ဘန်လေဘက်ကို သွင်းယူခဲ့တဲ့ ဟက်ထရစ်အပါအဝင် ခြောက်ဂိုး ရရှိခဲ့တာကြောင့် ဂျိမ်းစ် မက်ဒီဆန်ဆီက ဆုကို လက်ဆင့်ကမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တစ်လတာ အကောင်းဆုံး Budweiser Goal of the Month သွင်းဂိုးဆုကိုတော့ ဘန်လေနဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့အတွက် တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်ခဲ့တဲ့ ဂျွန်နီ အီဗန်စ်ရဲ့ ဖန်တီးမှုကို ထောင့်ကျဉ်းအနေအထားကနေ မြေမကျ Half Volley ကန်သွင်းယူခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးက ရွေးချယ်ခံခဲ့ရတာပါ။

တစ်လတာ အကောင်းဆုံး ကာကွယ်မှုဆုကိုတော့ အက်စ်တန်ဗီလာနဲ့ပွဲမှာ နီကိုလို ဇာနျိုလိုရဲ့ ဧရိယာအတွင်းက အနီးကပ် Volley ကန်ချက်ကို ခက်ခက်ခဲခဲ ကာကွယ်ပြနိုင်ခဲ့တဲ့ ချဲလ်ဆီးဂိုးသမား ရောဘတ် ဆန်ချက်ဇ်က ရယူသွားနိုင်ခဲ့ကြောင်းလည်း စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်ရဲ့ ချီးမြှင့်မှုတွေကို စုစည်းတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္က ခ်ီးျမႇင့္တဲ့ တစ္လတာ အေကာင္းဆုံးဆုေတြကို ဒီတစ္ႀကိမ္မွာလည္း ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကပဲ ဆက္လက္ထိန္းသိမ္းသြားခဲ့ၿပီး နည္းျပအေကာင္းဆုံးဆုေရာ ကစားသမားအေကာင္းဆုံးဆုကိုပါ ရယူသြားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

တစ္လတာ အေကာင္းဆုံး နည္းျပဆုအတြက္ ရႈံးပြဲမရွိ မွတ္တမ္းနဲ႔ အဆင့္ ၁ ေနရာကို ရယူထားႏိုင္ၿပီး အာဆင္နယ္အသင္းကို အေဝးကြင္းမွာ ႏွစ္ဂိုးစီ သေရက်ေအာင္ လမ္းၫႊန္ႏိုင္ခဲ့တဲ့ အန္ဂ်ီ ေပါ့စတီကိုဂလူးကပဲ ရရွိသြားခဲ့ၿပီး ပရီးမီးယားလိဂ္မွာ နည္းျပသစ္ တစ္ဦးအေနနဲ႔ ႏွစ္ႀကိမ္ဆက္တိုက္ ရရွိတဲ့ စံခ်ိန္သစ္ကိုလည္း တင္ရွိသြားႏိုင္ခဲ့တာပါ။

ကစားသမား အေကာင္းဆုံးဆုကိုေတာ့ အသင္းေခါင္းေဆာင္ ဆြန္ေဟာင္မင္က စပါးစ္တို႔အတြက္ ရယူေပးခဲ့ၿပီး စက္တင္ဘာလအတြင္းမွာ ကစားခဲ့တဲ့ သုံးပြဲမွာ ဘန္ေလဘက္ကို သြင္းယူခဲ့တဲ့ ဟက္ထရစ္အပါအဝင္ ေျခာက္ဂိုး ရရွိခဲ့တာေၾကာင့္ ဂ်ိမ္းစ္ မက္ဒီဆန္ဆီက ဆုကို လက္ဆင့္ကမ္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

တစ္လတာ အေကာင္းဆုံး Budweiser Goal of the Month သြင္းဂိုးဆုကိုေတာ့ ဘန္ေလနဲ႔ အေဝးကြင္းပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးျဖစ္ခဲ့တဲ့ ဂြၽန္နီ အီဗန္စ္ရဲ႕ ဖန္တီးမႈကို ေထာင့္က်ဥ္းအေနအထားကေန ေျမမက် Half Volley ကန္သြင္းယူခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဂိုးက ေ႐ြးခ်ယ္ခံခဲ့ရတာပါ။

တစ္လတာ အေကာင္းဆုံး ကာကြယ္မႈဆုကိုေတာ့ အက္စ္တန္ဗီလာနဲ႔ပြဲမွာ နီကိုလို ဇာန်ိဳလိုရဲ႕ ဧရိယာအတြင္းက အနီးကပ္ Volley ကန္ခ်က္ကို ခက္ခက္ခဲခဲ ကာကြယ္ျပႏိုင္ခဲ့တဲ့ ခ်ဲလ္ဆီးဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္က ရယူသြားႏိုင္ခဲ့ေၾကာင္းလည္း စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္ရဲ႕ ခ်ီးျမႇင့္မႈေတြကို စုစည္းတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.