Article Premier League

ကီပါလား လမ္းပတ္လား… အခြင့္အေရးရွိတုန္း မွားတဲ့သူတစ္ေယာက္ ျပင္ကို ျပင္ရမယ့္ အခ်ိန္…

ခ်ဲလ္ဆီးအသင္းမွာ နည္းျပေဟာင္း ေမာ္ရီဇီယို ဆာရီလက္ထက္က စံခ်ိန္တင္ ဂိုးသမားေၾကးနဲ႔ ေခၚယူထားခဲ့ၿပီး အဲ့ဒီရာသီမွာ Clean Sheet ၁၄ ႀကိမ္ရခဲ့တဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါတစ္ေယာက္ ဖရန္႔ လမ္းပတ္လက္ထက္မွာေတာ့ ဇာတာက်လာခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီမွာ ၈ ႀကိမ္သာ ဂိုးမေပးခဲ့ရသလို အမွားေတြလည္း မ်ားလြန္းတယ္လို႔ ေဝဖန္ခံခဲ့ရပါတယ္။

တကယ္တမ္းေတာ့ လမ္းပတ္ရဲ႕ လူစာရင္းအေျပာင္းအလဲနဲ႔ ခံစစ္အေပၚ တာဝန္ယူမွဳ၊ ညႊန္ၾကားေပးႏုိင္မွဳအပုိင္းမွာ ဆာရီလက္ထက္ကနဲ႔ မတူဘဲ က်ဆင္းမွဳေတြ ရွိခဲ့သလို ခံစစ္မွာ ေဒးဗစ္ လူးဝစ္ဇ္ကို ေရာင္းထုတ္ၿပီးေနာက္ပုိင္း Commanding Center Back မရွိတာ၊ ပ်ာယာခတ္လြန္းတဲ့ ႐ူဒီဂါနဲ႔ ေလးလံတဲ့ ခရစၥတင္ဆန္တုိ႔ရဲ႕ ေဘးမွာ အလြန္ဆုိနဲ႔ အက္ဇ္ပီလီေကြတာတို႔ က်ဆင္းလာတာေတြကလည္း ကီပါကို ထိခိုက္ေစခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီတစ္ေလွ်ာက္လုံး ခ်ဲလ္ဆီးမွာ ကစားရတာထက္ စပိန္မွာ ကစားရတာ ပုိၿပီး ယုံၾကည္မွဳရွိတယ္လုိ႔ ေျပာခဲ့ဖူးတဲ့ သူ႕ရဲ႕ စကားကို ေထာက္ခ်င့္ရင္ေတာ့ Mentally Strong မျဖစ္တဲ့ ဂိုးသမားတစ္ေယာက္ရဲ႕ Freudian Slip လို႔ ေခၚတဲ့ စိတ္ထဲ ရွိတာကေတြ ပါးစပ္ကေန ထြက္က်လာခဲ့တာျဖစ္ၿပီး လမ္းပတ္ရဲ႕ နားလည္စာနာမေပးခဲ့မွဳကပဲ ကီပါရဲ႕ မွတ္တမ္းကို ဆိုးရြားေစခဲ့သလိုပါပဲ။

ေဒးဗစ္ လူးဝစ္ဇ္ကို လူေတြက အေကာင္းမျမင္တာ မဆန္းဘူး။ ဒါေပမယ့္ ကီပါနဲ႔ သူနဲ႔ တြဲခဲ့တုန္းမွ အမွားမ်ားတယ္လို႔ နာမည္ႀကီးေနတဲ့ ႏွစ္ေယာက္ ဘာျဖစ္လို႔ ၁၄ ပြဲေတာင္ Clean Sheet ရခဲ့တာလဲဆုိတာကေတာ့ ဆန္းတယ္။ တကယ္က ေဒးဗစ္ လူးဝစ္ဇ္က ကိုယ္တုိင္ မေကာင္းေပမယ့္ သူမ်ားကို ညႊန္ၾကားတတ္တဲ့ အကြက္ျမင္သူျဖစ္ၿပီး ဒါကို ကီပါနဲ႔ က်န္တဲ့ အဖ်က္ကစားသမားေတြက ပူးေပါင္းႏုိင္ခဲ့လုိ႔လည္း ျဖစ္ပါလိမ့္မယ္။

လမ္းပတ္နဲ႔ ေဒးဗစ္ လူးဝစ္ဇ္ စၿငိၿပီး လမ္းခြဲၾကေတာ့ ကီပါရဲ႕ မွတ္တမ္းက ေတာ္ေတာ္ေလးဆုိးသြားတယ္။ ဒါက လူတုိင္းသိလုိ႔ ၂၀၁၉-၂၀ ရာသီကို ေက်ာ္လုိက္ၾကရရင္ ဒီရာသီအစမွာလည္း သူအမွားမ်ားခဲ့ျပန္တယ္။ Commanding CB တစ္ဦးမရွိတဲ့ ျပႆနာကို ရင္ဆုိင္ေနရတဲ့ ခ်ဲလ္ဆီးအတြက္ ဒီရာသီမွာေတာ့ သီယာဂို ေဆးလ္ဗား ေရာက္လာခဲ့ၿပီး တျဖည္းျဖည္း အသားက်လာခဲ့ခ်ိန္မွာေတာ့ ေမွ်ာ္လင့္ခ်က္က ကီပါဘက္ကို ျပန္ေရာက္လာသလိုပါပဲ။

စပိန္မွာ သူကစားခဲ့ရတာက ဆာဂ်ီယို ရာမို႔စ္လို ကစားသမားနဲ႔ ေတာက္ေလွ်ာက္တြဲခဲ့ရတာဆုိေတာ့ ဒေဟးယား ေနရာမလုႏုိင္ေလာက္ေအာင္ အဆင္ေျပခဲ့တယ္။ ဒါေၾကာင့္လည္း သူဒီစကားကို ေျပာတာပါ။ ဒီရာသီမွာေတာ့ လူးဝစ္ အန္ရီေကက သူ႕ကို ေပၚတူဂီလို အသင္းႀကီးမ်ဳိးနဲ႔ ေျခစမ္းပြဲမွာ စမ္းသုံးၾကည့္တယ္။ Clean Sheet ရတယ္၊ ကံေကာင္းတာလည္း ပါတာေပါ့ေလ။ ဒီကေန တစ္ဆင့္ သူ႕အတြက္ ယုံၾကည္မွဳကိုေတာ့ တည္ေဆာက္ႏုိင္မယ္လုိ႔ တခ်ဳိ႕ကလည္း ယူဆေနၾကတယ္။

လစၥဘြန္းမွာ ေပၚတူဂီနဲ႔ ကစားေတာ့ ဒီရာသီအတြက္ ပထမဆုံး ဂိုးမေပးဘဲ ကစားႏုိင္ခဲ့သလို ၂၀၂၀ ခုႏွစ္အတြင္းမွာေတာ့ ၁၆ ပြဲမွာ ၅ ပြဲေျမာက္ ဂိုးမေပးရတာလည္းျဖစ္ခဲ့တယ္။ ေရာ္နယ္လ္ဒို၊ ရီနာတုိ ဆန္းခ်က္ဇ္၊ ဂ်ာအုိ ဖဲလစ္တုိ႔ရဲ႕ ကန္ခ်က္ေတြကို မတားဆီးႏုိင္ခဲ့ေပမယ့္ ကံၾကမၼာက စပိန္သားဘက္က ရွိေနခဲ့လို႔ ပြဲအၿပီးမွာ မွတ္တမ္းေကာင္းတစ္ခုေတာ့ ရႏုိင္ခဲ့တယ္။

ဒီပြဲမွာ စပိန္ေတြအေနနဲ႔ သူ႕ကို သက္ေတာင့္သက္သာရွိေအာင္ ဖန္တီးေပးႏုိင္ခဲ့သလို လူၾကားထဲမွာ အားနည္းတဲ့ ပုံစံမ်ဳိးရွိတဲ့ ကီပါအေနနဲ႔ ခုခံကာကြယ္ရ မခက္ေအာင္ Defensive Line ကို ခပ္ျမင့္ျမင့္ယူၿပီး ဂိုးဧရိယာအျပင္မွာ ေစာင့္ၿပီး ခုခံခဲ့တယ္။ ဒီအတြက္ ကီပါအေနနဲ႔လည္း ကၽြံလာတဲ့ ေဘာလုံးေတြကို ဆြဲစား႐ုံပါပဲ။ ဒါက နည္းျပနဲ႔ ရာမို႔စ္လို ကစားသမားေတြေၾကာင့္ လိုခ်င္တဲ့ အေျခအေနကို ဖန္တီးႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

လမ္းပတ္အေနနဲ႔ သူ႕ရဲ႕ အားကိုးတႀကီးနဲ႔ ေခၚယူလိုက္တဲ့ ဆီနီေဂါဂိုးသမား မန္ဒီ မကစားႏုိင္ခ်ိန္မွာ ဒီပြဲကို ျမင္ၿပီး အသင္းရဲ႕ Commanding CB အသစ္ သီယာဂို ေဆးလ္ဗားနဲ႔အတူ စုဖြဲ႕မွဳေကာင္းတဲ့ ခံစစ္မွာ ကီပါလည္း သက္ေတာင့္သက္သာရွိမယ့္ ခုခံကာကြယ္ပုံသစ္တစ္ခုကို ဖန္တီးေပးႏုိင္မလားဆုိတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ကီပါရဲ႕ အမွားေတြမွာ လမ္းပတ္နဲ႔ ခံစစ္ပုိင္းမွာလည္း တာဝန္ရွိတယ္ဆုိတာေတာ့ ဘယ္သူမွ ျငင္းလို႔ ရမွာလည္း မဟုတ္တဲ့အတြက္ တစ္ခုခု ရွိရင္ ဒါဟာ ဂိုးသမားေၾကာင့္လို႔ လက္ညႇဳိးမထုိးဖို႔နဲ႔ ခ်ဲလ္ဆီးဂႏၴဝင္ကြင္းလယ္လူေဟာင္းအေနနဲ႔ ကိုယ္မွားခဲ့ဖူးတာကို သင္ခန္းစာယူၿပီး ဘယ္သူပဲ ဂိုးဖမ္းဖမ္း ဝန္မပိေအာင္နဲ႔ ခံစစ္ပုိင္း စုဖြဲ႕မွဳေကာင္းေအာင္လုပ္ေပးရဖို႔လည္း တာဝန္ရွိေနပါေသးတယ္။

မန္ဒီနဲ႔ သီယာဂို ေဆးလ္ဗားတုိ႔ ေရာက္လာခ်ိန္မွာ ျပင္သစ္လို ေျပာၾကတဲ့ ေနာက္တန္းမွာ ဆက္သြယ္လို႔ အဆင္ေျပခဲ့တယ္လို႔ ဆုိေပမယ့္ ေဘာလုံးဟာ သီးျခားနဲ႔ လူတုိင္းနားလည္ႏုိင္တဲ့ ဘာသာစကားျဖစ္လို႔ စပိန္သားကို ျပန္ၿပီး ေနရာေပးခဲ့မယ္ဆိုရင္လည္း သူ႕ရဲ႕ေရွ႕က ခံစစ္မွဴးေတြကို ယုံၾကည္ရမယ္ဆုိရင္ အခက္အခဲ မရွိႏုိင္သလို ေဆးလ္ဗားနဲ႔ ေခ်းလ္ဝဲလ္ေၾကာင့္ တုိးတက္လာခ်ိန္မွာ ျခားနားတဲ့ ပုံစံကို ျမင္ရႏိုင္ပါတယ္။

ဆီနီေဂါလက္ေရြးစင္ မန္ဒီတစ္ေယာက္ အခ်ိန္အတုိင္းအတာတစ္ခုအထိ မပါဝင္ႏုိင္ခ်ိန္မွာ ဒါဟာ စပိန္နဲ႔ Clean Sheet ရခဲ့တဲ့ ကီပါအတြက္ ပြင့္ဟလာခဲ့တဲ့ တံခါးတစ္ခ်ပ္ျဖစ္ၿပီး ဒါကို သူ႕အေနနဲ႔ လွမ္းဝင္ႏုိင္မလား၊ နည္းျပရဲ႕ ခြင့္ျပဳခ်က္နဲ႔ အေထာက္အပံ့ကို ရမလားေတာ့ ေစာင့္ၾကည့္ရဖို႔ ရွိေနသလို ေဆာက္သမ္တန္နဲ႔ အိမ္ကြင္းမွာေတာ့ အခြင့္အေရးဟာ ဆုပ္ကိုင္ႏုိင္သူအတြက္ ရွိေနဦးမယ္လုိ႔ ေမွ်ာ္လင့္မိပါတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းမှာ နည်းပြဟောင်း မော်ရီဇီယို ဆာရီလက်ထက်က စံချိန်တင် ဂိုးသမားကြေးနဲ့ ခေါ်ယူထားခဲ့ပြီး အဲ့ဒီရာသီမှာ Clean Sheet ၁၄ ကြိမ်ရခဲ့တဲ့ ဂိုးသမား ကီပါ အာရီဇာဘာလာဂါတစ်ယောက် ဖရန့် လမ်းပတ်လက်ထက်မှာတော့ ဇာတာကျလာခဲ့ပြီး ပြီးခဲ့တဲ့ ရာသီမှာ ၈ ကြိမ်သာ ဂိုးမပေးခဲ့ရသလို အမှားတွေလည်း များလွန်းတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

တကယ်တမ်းတော့ လမ်းပတ်ရဲ့ လူစာရင်းအပြောင်းအလဲနဲ့ ခံစစ်အပေါ် တာဝန်ယူမှု၊ ညွှန်ကြားပေးနိုင်မှုအပိုင်းမှာ ဆာရီလက်ထက်ကနဲ့ မတူဘဲ ကျဆင်းမှုတွေ ရှိခဲ့သလို ခံစစ်မှာ ဒေးဗစ် လူးဝစ်ဇ်ကို ရောင်းထုတ်ပြီးနောက်ပိုင်း Commanding Center Back မရှိတာ၊ ပျာယာခတ်လွန်းတဲ့ ရူဒီဂါနဲ့ လေးလံတဲ့ ခရစ္စတင်ဆန်တို့ရဲ့ ဘေးမှာ အလွန်ဆိုနဲ့ အက်ဇ်ပီလီကွေတာတို့ ကျဆင်းလာတာတွေကလည်း ကီပါကို ထိခိုက်စေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉-၂၀ ရာသီတစ်လျှောက်လုံး ချဲလ်ဆီးမှာ ကစားရတာထက် စပိန်မှာ ကစားရတာ ပိုပြီး ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ဖူးတဲ့ သူ့ရဲ့ စကားကို ထောက်ချင့်ရင်တော့ Mentally Strong မဖြစ်တဲ့ ဂိုးသမားတစ်ယောက်ရဲ့ Freudian Slip လို့ ခေါ်တဲ့ စိတ်ထဲ ရှိတာကတွေ ပါးစပ်ကနေ ထွက်ကျလာခဲ့တာဖြစ်ပြီး လမ်းပတ်ရဲ့ နားလည်စာနာမပေးခဲ့မှုကပဲ ကီပါရဲ့ မှတ်တမ်းကို ဆိုးရွားစေခဲ့သလိုပါပဲ။

ဒေးဗစ် လူးဝစ်ဇ်ကို လူတွေက အကောင်းမမြင်တာ မဆန်းဘူး။ ဒါပေမယ့် ကီပါနဲ့ သူနဲ့ တွဲခဲ့တုန်းမှ အမှားများတယ်လို့ နာမည်ကြီးနေတဲ့ နှစ်ယောက် ဘာဖြစ်လို့ ၁၄ ပွဲတောင် Clean Sheet ရခဲ့တာလဲဆိုတာကတော့ ဆန်းတယ်။ တကယ်က ဒေးဗစ် လူးဝစ်ဇ်က ကိုယ်တိုင် မကောင်းပေမယ့် သူများကို ညွှန်ကြားတတ်တဲ့ အကွက်မြင်သူဖြစ်ပြီး ဒါကို ကီပါနဲ့ ကျန်တဲ့ အဖျက်ကစားသမားတွေက ပူးပေါင်းနိုင်ခဲ့လို့လည်း ဖြစ်ပါလိမ့်မယ်။

လမ်းပတ်နဲ့ ဒေးဗစ် လူးဝစ်ဇ် စငြိပြီး လမ်းခွဲကြတော့ ကီပါရဲ့ မှတ်တမ်းက တော်တော်လေးဆိုးသွားတယ်။ ဒါက လူတိုင်းသိလို့ ၂၀၁၉-၂၀ ရာသီကို ကျော်လိုက်ကြရရင် ဒီရာသီအစမှာလည်း သူအမှားများခဲ့ပြန်တယ်။ Commanding CB တစ်ဦးမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးအတွက် ဒီရာသီမှာတော့ သီယာဂို ဆေးလ်ဗား ရောက်လာခဲ့ပြီး တဖြည်းဖြည်း အသားကျလာခဲ့ချိန်မှာတော့ မျှော်လင့်ချက်က ကီပါဘက်ကို ပြန်ရောက်လာသလိုပါပဲ။

စပိန်မှာ သူကစားခဲ့ရတာက ဆာဂျီယို ရာမို့စ်လို ကစားသမားနဲ့ တောက်လျှောက်တွဲခဲ့ရတာဆိုတော့ ဒဟေးယား နေရာမလုနိုင်လောက်အောင် အဆင်ပြေခဲ့တယ်။ ဒါကြောင့်လည်း သူဒီစကားကို ပြောတာပါ။ ဒီရာသီမှာတော့ လူးဝစ် အန်ရီကေက သူ့ကို ပေါ်တူဂီလို အသင်းကြီးမျိုးနဲ့ ခြေစမ်းပွဲမှာ စမ်းသုံးကြည့်တယ်။ Clean Sheet ရတယ်၊ ကံကောင်းတာလည်း ပါတာပေါ့လေ။ ဒီကနေ တစ်ဆင့် သူ့အတွက် ယုံကြည်မှုကိုတော့ တည်ဆောက်နိုင်မယ်လို့ တချို့ကလည်း ယူဆနေကြတယ်။

လစ္စဘွန်းမှာ ပေါ်တူဂီနဲ့ ကစားတော့ ဒီရာသီအတွက် ပထမဆုံး ဂိုးမပေးဘဲ ကစားနိုင်ခဲ့သလို ၂၀၂၀ ခုနှစ်အတွင်းမှာတော့ ၁၆ ပွဲမှာ ၅ ပွဲမြောက် ဂိုးမပေးရတာလည်းဖြစ်ခဲ့တယ်။ ရော်နယ်လ်ဒို၊ ရီနာတို ဆန်းချက်ဇ်၊ ဂျာအို ဖဲလစ်တို့ရဲ့ ကန်ချက်တွေကို မတားဆီးနိုင်ခဲ့ပေမယ့် ကံကြမ္မာက စပိန်သားဘက်က ရှိနေခဲ့လို့ ပွဲအပြီးမှာ မှတ်တမ်းကောင်းတစ်ခုတော့ ရနိုင်ခဲ့တယ်။

ဒီပွဲမှာ စပိန်တွေအနေနဲ့ သူ့ကို သက်တောင့်သက်သာရှိအောင် ဖန်တီးပေးနိုင်ခဲ့သလို လူကြားထဲမှာ အားနည်းတဲ့ ပုံစံမျိုးရှိတဲ့ ကီပါအနေနဲ့ ခုခံကာကွယ်ရ မခက်အောင် Defensive Line ကို ခပ်မြင့်မြင့်ယူပြီး ဂိုးဧရိယာအပြင်မှာ စောင့်ပြီး ခုခံခဲ့တယ်။ ဒီအတွက် ကီပါအနေနဲ့လည်း ကျွံလာတဲ့ ဘောလုံးတွေကို ဆွဲစားရုံပါပဲ။ ဒါက နည်းပြနဲ့ ရာမို့စ်လို ကစားသမားတွေကြောင့် လိုချင်တဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လမ်းပတ်အနေနဲ့ သူ့ရဲ့ အားကိုးတကြီးနဲ့ ခေါ်ယူလိုက်တဲ့ ဆီနီဂေါဂိုးသမား မန်ဒီ မကစားနိုင်ချိန်မှာ ဒီပွဲကို မြင်ပြီး အသင်းရဲ့ Commanding CB အသစ် သီယာဂို ဆေးလ်ဗားနဲ့အတူ စုဖွဲ့မှုကောင်းတဲ့ ခံစစ်မှာ ကီပါလည်း သက်တောင့်သက်သာရှိမယ့် ခုခံကာကွယ်ပုံသစ်တစ်ခုကို ဖန်တီးပေးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ကီပါရဲ့ အမှားတွေမှာ လမ်းပတ်နဲ့ ခံစစ်ပိုင်းမှာလည်း တာဝန်ရှိတယ်ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ ရမှာလည်း မဟုတ်တဲ့အတွက် တစ်ခုခု ရှိရင် ဒါဟာ ဂိုးသမားကြောင့်လို့ လက်ညှိုးမထိုးဖို့နဲ့ ချဲလ်ဆီးဂန္ထဝင်ကွင်းလယ်လူဟောင်းအနေနဲ့ ကိုယ်မှားခဲ့ဖူးတာကို သင်ခန်းစာယူပြီး ဘယ်သူပဲ ဂိုးဖမ်းဖမ်း ဝန်မပိအောင်နဲ့ ခံစစ်ပိုင်း စုဖွဲ့မှုကောင်းအောင်လုပ်ပေးရဖို့လည်း တာဝန်ရှိနေပါသေးတယ်။

မန်ဒီနဲ့ သီယာဂို ဆေးလ်ဗားတို့ ရောက်လာချိန်မှာ ပြင်သစ်လို ပြောကြတဲ့ နောက်တန်းမှာ ဆက်သွယ်လို့ အဆင်ပြေခဲ့တယ်လို့ ဆိုပေမယ့် ဘောလုံးဟာ သီးခြားနဲ့ လူတိုင်းနားလည်နိုင်တဲ့ ဘာသာစကားဖြစ်လို့ စပိန်သားကို ပြန်ပြီး နေရာပေးခဲ့မယ်ဆိုရင်လည်း သူ့ရဲ့ရှေ့က ခံစစ်မှူးတွေကို ယုံကြည်ရမယ်ဆိုရင် အခက်အခဲ မရှိနိုင်သလို ဆေးလ်ဗားနဲ့ ချေးလ်ဝဲလ်ကြောင့် တိုးတက်လာချိန်မှာ ခြားနားတဲ့ ပုံစံကို မြင်ရနိုင်ပါတယ်။

ဆီနီဂေါလက်ရွေးစင် မန်ဒီတစ်ယောက် အချိန်အတိုင်းအတာတစ်ခုအထိ မပါဝင်နိုင်ချိန်မှာ ဒါဟာ စပိန်နဲ့ Clean Sheet ရခဲ့တဲ့ ကီပါအတွက် ပွင့်ဟလာခဲ့တဲ့ တံခါးတစ်ချပ်ဖြစ်ပြီး ဒါကို သူ့အနေနဲ့ လှမ်းဝင်နိုင်မလား၊ နည်းပြရဲ့ ခွင့်ပြုချက်နဲ့ အထောက်အပံ့ကို ရမလားတော့ စောင့်ကြည့်ရဖို့ ရှိနေသလို ဆောက်သမ်တန်နဲ့ အိမ်ကွင်းမှာတော့ အခွင့်အရေးဟာ ဆုပ်ကိုင်နိုင်သူအတွက် ရှိနေဦးမယ်လို့ မျှော်လင့်မိပါတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.