Premier League

ေနာက္ဆုံးရ ေတာ့တင္ဟမ္ေဟာ့စပါးစ္သတင္းမ်ား စုစည္းမွဳ – ၁၅.၁၀.၂၀၂၀

စပါးစ္အသင္းရဲ႕ ေတာင္ပံကစား ဂါရက္ ေဘးလ္အေနနဲ႔ လာမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲမွာ စပါးအသင္းနဲ႔ ဒုတိယအႀကိမ္ျပန္လက္တြဲၿပီးေနာက္ ပြဲထြက္ ကစားႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

စပါးစ္အသင္းဟာ လာမည့္အေျပာင္းအေ႐ြ႕မွာ အင္တာမီလန္အသင္းမွာ ေနရာမရျဖစ္ေနတဲ့ အသင္းရဲ႕ကြင္းလယ္လူေဟာင္း အဲရစ္ဆင္ကို ျပန္လည္ေခၚယူရန္ စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ အဆိုပါ အသက္ ၂၈ နွစ္အရြယ္ ကြင္းလယ္ကစားသမားအေနႏွင့္ စပါးစ္တြင္ (၇)ႏွစ္တာျဖတ္သန္းၿပီးေနာက္ စီးရီးေအသို႔ ေျပာင္းေ႐ြ႕သြားခဲ့တာျဖစ္ျပီး ယခုအခါ စပါးစ္ပရိသတ္ေတြကပါ တြစ္တာကေန စပါးစ္ကို ျပန္လာကစားဖုိ႔ ေရးသားေနၾကတာ ေတြ႔ရပါတယ္။

စပါးစ္အသင္းရဲ႕ အခုရာသီမွ ေခၚယူထားတဲ့ ညာေနာက္ခံလူ ရက္ဂီလြန္ဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ကစားခဲ့တဲ့ ေပၚတူဂီနဲ႔ပြဲစဥ္မွာ စပိန္အသင္းအတြက္ ပြဲထြတ္ကစားရင္း ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါကစားသမားဒဏ္ရာရတဲ့ အေၾကာင္းနဲ႔ပတ္သတ္ၿပီး နည္းျပေမာ္ရင္ဟိုက “ကြၽန္ေတာ္အေနနဲ႔ ဒဏ္ရာအရမ္း မဆိုးဝါးေစရန္ေမွ်ာ္လင့္ပါတယ္”ဆိုၿပီ ေျပာၾကားသြားခဲ့ပါတယ္ ။

စပါးစ္အသင္းဟာ အသက္ ၃၃ ႏွစ္ရွိ ဗလင္စီယာ ေနာက္ခံလူေဟာင္း အီဇက္ကီးယဲလ္ ဂါ႐ိုင္းနဲ႔ ဝတ္ဖို႔ဒ္႔ေနာက္ခံလူေဟာင္း အက္ဒရီယန္ မာရီယာပါတို႔ကို အသင္းရဲ႕ ေနာက္တန္း ျပသနာအတြက္ ေခၚယူရန္စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။ အဆိုပါကစားသမားႏွစ္ဦးလုံးဟာ လက္ရွိမွာေတာ့ အသင္းလက္မဲ့ ျဖစ္ေနတဲ့ ကစားသမားေတြပဲျဖစ္ပါတယ္ ။

စပါးစ္အသင္းဟာ အသင္းရဲ႕ ဗဟိုေနာက္ခံလူေနရာအတြက္ ဆက္လက္ရွာေဖြေနဆဲျဖစ္ၿပီး လာမယ့္တနလၤာေန႔ အေျပာင္းအေရႊ႕မပိတ္မီမွာ အသင္းရဲ႕ ေနာက္ခံလူ ကင္မ႐ြန္း ကာတာ-ဗစ္ကာနဲ႔ ဆြမ္ဆီးအသင္းရဲ႕ အသက္ (၂၂) ႏွစ္အ႐ြယ္ရွိ ေဝးလ္ေနာက္ခံလူ ဂ်ိဳး ႐ိုဒြန္နဲ႔ လဲလွယ္ဖို႔ ဆႏၵရွိေနတယ္လို႔ သိရပါတယ္။

စပါးအသင္းအေနနဲ႔ သူတို႔အသင္းရဲ႕အဓိက ကစားသမား ဟာရီကိန္းဟာ ဒဏ္ရာျပႆနာအနည္းငယ္ရွိေနလွ်က္နဲ႔ ထုတ္သုံးခဲ့တဲ့ အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္အေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့တယ္လို႔သိရပါတယ္။ အဆိုပါကစားသမားဟာ ၿပီးခဲ့တဲ့ရာသီမွာ ႏိုင္ငံတကာပြဲစဥ္မွ ဒဏ္ရာရရွိခဲ့ၿပီး ကာလၾကာရွည္ အနားယူခဲ့ရတာေၾကာင့္ စပါးအသင္းအေနဲ႔ ထပ္မံၿပီး ကာလရွည္ ဒဏ္ရာရသြားမွာ စိုးရိမ္ေနတာျဖစ္ပါတယ္။

Ref : Internet
Photos Credit to original owners
SPORTS A2Z.

[UNICODE] စပါးစ်အသင်းရဲ့ တောင်ပံကစား ဂါရက် ဘေးလ်အနေနဲ့ လာမယ့် ဝက်ဟမ်းနဲ့ပွဲမှာ စပါးအသင်းနဲ့ ဒုတိယအကြိမ်ပြန်လက်တွဲပြီးနောက် ပွဲထွက် ကစားနိုင်တော့မယ်လို့ သိရပါတယ်။

စပါးစ်အသင်းဟာ လာမည့်အပြောင်းအရွေ့မှာ အင်တာမီလန်အသင်းမှာ နေရာမရဖြစ်နေတဲ့ အသင်းရဲ့ကွင်းလယ်လူဟောင်း အဲရစ်ဆင်ကို ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အဆိုပါ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမားအနေနှင့် စပါးစ်တွင် (၇)နှစ်တာဖြတ်သန်းပြီးနောက် စီးရီးအေသို့ ပြောင်းရွေ့သွားခဲ့တာဖြစ်ပြီး ယခုအခါ စပါးစ်ပရိသတ်တွေကပါ တွစ်တာကနေ စပါးစ်ကို ပြန်လာကစားဖို့ ရေးသားနေကြတာ တွေ့ရပါတယ်။

စပါးစ်အသင်းရဲ့ အခုရာသီမှ ခေါ်ယူထားတဲ့ ညာနောက်ခံလူ ရက်ဂီလွန်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ပေါ်တူဂီနဲ့ပွဲစဉ်မှာ စပိန်အသင်းအတွက်ပွဲထွတ်ကစားရင်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါကစားသမားဒဏ်ရာရတဲ့ အကြောင်းနဲ့ပါတ်သတ်ပြီး နည်းပြမော်ရင်ဟိုက “ကျွန်တော်အနေနဲ့ ဒဏ်ရာအရမ်း မဆိုးဝါးစေရန်မျှော်လင့်ပါတယ်”ဆိုပြီ ပြောကြားသွားခဲ့ပါတယ် ။

စပါးစ်အသင်းဟာ အသက် ၃၃ နှစ်ရှိ ဗလင်စီယာ နောက်ခံလူဟောင်း အီဇက်ကီးယဲလ် ဂါရိုင်းနဲ့ ဝတ်ဖို့ဒ့်နောက်ခံလူဟောင်း အက်ဒရီယန် မာရီယာပါတို့ကို အသင်းရဲ့ နောက်တန်း ပြသနာအတွက် ခေါ်ယူရန်စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးလုံးဟာ လက်ရှိမှာတော့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားတွေပဲဖြစ်ပါတယ် ။

စပါးစ်အသင်းဟာ အသင်းရဲ့ ဗဟိုနောက်ခံလူနေရာအတွက် ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လာမယ့်တနင်္လာနေ့ အပြောင်းအရွှေ့မပိတ်မီမှာ အသင်းရဲ့ နောက်ခံလူ ကင်မရွန်း ကာတာ-ဗစ်ကာနဲ့ ဆွမ်ဆီးအသင်းရဲ့ အသက် (၂၂) နှစ်အရွယ်ရှိ ဝေးလ်နောက်ခံလူ ဂျိုး ရိုဒွန်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

စပါးအသင်းအနေနဲ့ သူတို့အသင်းရဲ့အဓိက ကစားသမား ဟာရီကိန်းဟာ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေလျှက်နဲ့ ထုတ်သုံးခဲ့တဲ့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ နိုင်ငံတကာပွဲစဉ်မှ ဒဏ်ရာရရှိခဲ့ပြီး ကာလကြာရှည် အနားယူခဲ့ရတာကြောင့် စပါးအသင်းအနေဲ့ ထပ်မံပြီး ကာလရှည် ဒဏ်ရာရသွားမှာ စိုးရိမ်နေတာဖြစ်ပါတယ်။

Ref : Internet
Photos Credit to original owners
SPORTS A2Z.