Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၅.၁၀.၂၀၂၀

– နည္းျပ ဖရန္႔ လမ္းပတ္အတြက္ အားတက္ဖြယ္ရာ သတင္းေကာင္းအျဖစ္ ေဆးအဖြဲ႕က လာမယ့္ ေဆာက္သမ္တန္နဲ႔ပြဲမွာ ေတာင္ပံသမား ဟာကင္းမ္ ဇီးယက္ရွ္နဲ႔ ေနာက္ခံလူ ဘန္ ေခ်းလ္ဝဲလ္တုိ႔ ပါဝင္ႏုိင္မယ္လုိ႔ အေၾကာင္းၾကားထား။

– ဒိန္းမတ္နဲ႔ပြဲမွာ အေကာင္းဆုံးဆုရေအာင္ ကစားႏုိင္ခဲ့ၿပီးမွ ပြဲအၿပီးမွာ အနီကတ္ျပခံခဲ့ရတဲ့ ေနာက္ခံလူ ရီးစ္ ဂ်ိမ္းစ္က ပြဲထြက္ခြင့္မွာ ၁၀၀ ရာခိုင္ႏွဳန္း ေပးဆပ္ကစားႏိုင္ခဲ့ၿပီး ဂုဏ္ယူမိေၾကာင္းနဲ႔ စိတ္လွဳပ္ရွားမွဳေတြေၾကာင့္ ဒီလိုျဖစ္တတ္ေပမယ့္ အနီကတ္အတြက္ အျပည့္အဝ တာဝန္ယူမွာျဖစ္ေၾကာင္းဆုိ။

– ေအဒူယာ မန္ဒီကို ေခၚယူထားေပမယ့္ ေအစီမီလန္အသင္းနဲ႔ လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးမယ့္ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ခ်ဲလ္ဆီးတုိ႔ ေစာင့္ၾကည့္ေနၿပီး လက္ဦးမွဳ ရယူေဆြးေႏြးႏုိင္ဖို႔ စီစဥ္ေန။

– ေဆာက္သမ္တန္နဲ႔ပြဲအတြက္ ဂိုးသမား ေအဒူယာ မန္ဒီ ပါဝင္ႏုိင္ဖို႔ ျဖစ္ႏုိင္ေျခ အေတာ္ေလး နည္းေနတာေၾကာင့္ လမ္းပတ္အေနနဲ႔ စပိန္နဲ႔ ေနာက္ဆုံးပြဲမွာ Clean Sheet ရထားတဲ့ ကီပါ အာရီဇာဘာလာဂါကို ျပန္သုံးဖို႔ စဥ္းစားရဖြယ္ရွိေန။

– စီးရီးေအရဲ႕ မီလန္ၿမဳိ႕ခံႏွစ္သင္းျဖစ္တဲ့ ေအစီနဲ႔ အင္တာတုိ႔ဆီက ကမ္းလွမ္းမွဳေတြကို ရရွိထားခဲ့ေပမယ့္ ဂ်ာမန္ေနာက္ခံလူ အန္တိုနီယို ႐ူဒီဂါအေနနဲ႔ ခ်ဲလ္ဆီးအသင္းမွာပဲ ဆက္ေနၿပီး ေနရာတစ္ေနရာအတြက္ တုိက္ပြဲဝင္သြားဖို႔ရွိေန။

– ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီရာသီမွာ ေပါင္သန္း ၂၀၀ ေက်ာ္ ေငြသုံးထားခဲ့လို႔ ၿပီးခဲ့တဲ့ ႏွစ္က အသင္းထက္ေတာ့ ပုိေကာင္းေအာင္ ကစားႏုိင္ဖို႔ တာဝန္ရွိေနတယ္လို႔ ေဆာက္သမ္တန္နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တဲလ္က ပြဲႀကဳိစကားနဲ႔ ဖိအားေပးသြားခဲ့။

– ျပင္သစ္အသင္းရဲ႕ လက္ေရြးစင္အသင္းတာဝန္မွာ ကြင္းလယ္လူ အန္ဂိုလို ကြန္ေတတစ္ေယာက္ ဒဏ္ရာရရွိလာၿပီး ခ်ဲလ္ဆီးအသင္း အတြက္ေတာ့ ဒီတစ္ေခါက္ ႏုိင္ငံတကာအသင္းပြဲေတြမွာ ကစားသမား ၃ ဦးအထိ ဆုံးရွဳံးခဲ့ရလို႔ ေဒါသထြက္စရာျဖစ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နည်းပြ ဖရန့် လမ်းပတ်အတွက် အားတက်ဖွယ်ရာ သတင်းကောင်းအဖြစ် ဆေးအဖွဲ့က လာမယ့် ဆောက်သမ်တန်နဲ့ပွဲမှာ တောင်ပံသမား ဟာကင်းမ် ဇီးယက်ရှ်နဲ့ နောက်ခံလူ ဘန် ချေးလ်ဝဲလ်တို့ ပါဝင်နိုင်မယ်လို့ အကြောင်းကြားထား။

– ဒိန်းမတ်နဲ့ပွဲမှာ အကောင်းဆုံးဆုရအောင် ကစားနိုင်ခဲ့ပြီးမှ ပွဲအပြီးမှာ အနီကတ်ပြခံခဲ့ရတဲ့ နောက်ခံလူ ရီးစ် ဂျိမ်းစ်က ပွဲထွက်ခွင့်မှာ ၁၀၀ ရာခိုင်နှုန်း ပေးဆပ်ကစားနိုင်ခဲ့ပြီး ဂုဏ်ယူမိကြောင်းနဲ့ စိတ်လှုပ်ရှားမှုတွေကြောင့် ဒီလိုဖြစ်တတ်ပေမယ့် အနီကတ်အတွက် အပြည့်အဝ တာဝန်ယူမှာဖြစ်ကြောင်းဆို။

– အေဒူယာ မန်ဒီကို ခေါ်ယူထားပေမယ့် အေစီမီလန်အသင်းနဲ့ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ချဲလ်ဆီးတို့ စောင့်ကြည့်နေပြီး လက်ဦးမှု ရယူဆွေးနွေးနိုင်ဖို့ စီစဉ်နေ။

– ဆောက်သမ်တန်နဲ့ပွဲအတွက် ဂိုးသမား အေဒူယာ မန်ဒီ ပါဝင်နိုင်ဖို့ ဖြစ်နိုင်ခြေ အတော်လေး နည်းနေတာကြောင့် လမ်းပတ်အနေနဲ့ စပိန်နဲ့ နောက်ဆုံးပွဲမှာ Clean Sheet ရထားတဲ့ ကီပါ အာရီဇာဘာလာဂါကို ပြန်သုံးဖို့ စဉ်းစားရဖွယ်ရှိနေ။

– စီးရီးအေရဲ့ မီလန်မြို့ခံနှစ်သင်းဖြစ်တဲ့ အေစီနဲ့ အင်တာတို့ဆီက ကမ်းလှမ်းမှုတွေကို ရရှိထားခဲ့ပေမယ့် ဂျာမန်နောက်ခံလူ အန်တိုနီယို ရူဒီဂါအနေနဲ့ ချဲလ်ဆီးအသင်းမှာပဲ ဆက်နေပြီး နေရာတစ်နေရာအတွက် တိုက်ပွဲဝင်သွားဖို့ရှိနေ။

– ချဲလ်ဆီးအသင်းအနေနဲ့ ဒီရာသီမှာ ပေါင်သန်း ၂၀၀ ကျော် ငွေသုံးထားခဲ့လို့ ပြီးခဲ့တဲ့ နှစ်က အသင်းထက်တော့ ပိုကောင်းအောင် ကစားနိုင်ဖို့ တာဝန်ရှိနေတယ်လို့ ဆောက်သမ်တန်နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တဲလ်က ပွဲကြိုစကားနဲ့ ဖိအားပေးသွားခဲ့။

– ပြင်သစ်အသင်းရဲ့ လက်ရွေးစင်အသင်းတာဝန်မှာ ကွင်းလယ်လူ အန်ဂိုလို ကွန်တေတစ်ယောက် ဒဏ်ရာရရှိလာပြီး ချဲလ်ဆီးအသင်း အတွက်တော့ ဒီတစ်ခေါက် နိုင်ငံတကာအသင်းပွဲတွေမှာ ကစားသမား ၃ ဦးအထိ ဆုံးရှုံးခဲ့ရလို့ ဒေါသထွက်စရာဖြစ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.