International

ဩစတြေးလျကို ဝပ်ကင်းစ်ရဲ့ သွင်းဂိုးနဲ့ ဝင်ဘလေမှာ အနိုင်ယူတဲ့ အင်္ဂလန်

အင်္ဂလန်ဟာ လာမယ့်အပတ် အီတလီနဲ့ ကြီးမားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်ခင် ဝင်ဘလေကွင်းမှာ ဩစတြေးလျနဲ့ ခြေစမ်းပွဲကစားခဲ့ရာမှာ ၁-၀ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အင်္ဂလန်ဟာ ဂိုးသမားနေရာမှာ ဂျွန်စတုန်းကို အသုံးပြုခဲ့ပြီး ခံစစ်မှာ အာနိုး၊ တိုမိုရီ၊ ဒမ့်ခ်၊ လီဗိုင်း ကိုဝီလ်၊ ကွင်းလယ်မှာ ဂယ်လေဂါ၊ ဟန်ဒါဆန်၊ မက်ဒီဆင်၊ တိုက်စစ်မှာ ဝပ်ကင်းစ်၊ ဘိုဝင်၊ ဂရီးလစ်ရှ်တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက အင်္ဂလန်က ဩစတြေးလျကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဝပ်ကင်းစ်ရဲ့ ဂိုးကန်သွင်းချက် တိုင်ထိသွားခဲ့တာကြောင့် ပထမပိုင်းကတည်းက ဦးဆောင်ဂိုး ရရှိမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဩစတြေးလျကလည်း အင်္ဂလန်ကို မာမာထန်ထန်ပဲ ပြန်လည်တုံ့ပြန်ခဲ့ပြီး ဂျွန်စတုန်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် ဆောက်ဂိတ်ရဲ့အသင်း ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ပြီး ၁၂ မိနစ်အကြာမှာတော့ အင်္ဂလန်အသင်းက ဝပ်ကင်းစ်ရဲ့ သွင်းဂိုးကြောင့် ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကို ညာတောင်ပံခြမ်းကနေ အာနိုးဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဂရီးလစ်ရှ်က ဂိုးတိုင်ပေးပို့ခဲ့ရာမှာ ဝပ်ကင်းစ်က လျှောထိုးပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဟာ ဝပ်ကင်းစ်ရဲ့ သွင်းဂိုးကြောင့် ဝင်ဘလေမှာ ကာလရှည် ခြေစမ်းပွဲတွေမှာရှုံးပွဲမရှိစံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ခဲ့ပြီဖြစ်ပြီး ဆောက်ဂိတ်ရဲ့အသင်းဟာ လာမယ့် အင်္ဂါနေ့ည အီတလီနဲ့ပွဲမှာ အနိုင်ယူပြီး ယူရို ၂၀၂၄ ဝင်ခွင့်ကို အတည်ပြုဖို့ အာရုံစိုက်သွားတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္ဟာ လာမယ့္အပတ္ အီတလီနဲ႔ ႀကီးမားတဲ့ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲမတိုင္ခင္ ဝင္ဘေလကြင္းမွာ ဩစေၾတးလ်နဲ႔ ေျခစမ္းပြဲကစားခဲ့ရာမွာ ၁-၀ နဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

အဂၤလန္ဟာ ဂိုးသမားေနရာမွာ ဂြၽန္စတုန္းကို အသုံးျပဳခဲ့ၿပီး ခံစစ္မွာ အာႏိုး၊ တိုမိုရီ၊ ဒမ့္ခ္၊ လီဗိုင္း ကိုဝီလ္၊ ကြင္းလယ္မွာ ဂယ္ေလဂါ၊ ဟန္ဒါဆန္၊ မက္ဒီဆင္၊ တိုက္စစ္မွာ ဝပ္ကင္းစ္၊ ဘိုဝင္၊ ဂရီးလစ္ရွ္တို႔ကို ပြဲထုတ္ခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက အဂၤလန္က ဩစေၾတးလ်ကို ဖိအားေပးကစားႏိုင္ခဲ့ၿပီး ဝပ္ကင္းစ္ရဲ႕ ဂိုးကန္သြင္းခ်က္ တိုင္ထိသြားခဲ့တာေၾကာင့္ ပထမပိုင္းကတည္းက ဦးေဆာင္ဂိုး ရရွိမယ့္အခြင့္အေရးနဲ႔ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဩစေၾတးလ်ကလည္း အဂၤလန္ကို မာမာထန္ထန္ပဲ ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ဂြၽန္စတုန္း လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ေဆာက္ဂိတ္ရဲ႕အသင္း ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။ ဒုတိယပိုင္းျပန္လည္စတင္ၿပီး ၁၂ မိနစ္အၾကာမွာေတာ့ အဂၤလန္အသင္းက ဝပ္ကင္းစ္ရဲ႕ သြင္းဂိုးေၾကာင့္ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး ဒီဂိုးကို ညာေတာင္ပံျခမ္းကေန အာႏိုးျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကို ဂရီးလစ္ရွ္က ဂိုးတိုင္ေပးပို႔ခဲ့ရာမွာ ဝပ္ကင္းစ္က ေလွ်ာထိုးၿပီး တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဂၤလန္ဟာ ဝပ္ကင္းစ္ရဲ႕ သြင္းဂိုးေၾကာင့္ ဝင္ဘေလမွာ ကာလရွည္ ေျခစမ္းပြဲေတြမွာရႈံးပြဲမရွိစံခ်ိန္ကို ဆက္လက္တိုးျမႇင့္ႏိုင္ခဲ့ၿပီျဖစ္ၿပီး ေဆာက္ဂိတ္ရဲ႕အသင္းဟာ လာမယ့္ အဂၤါေန႔ည အီတလီနဲ႔ပြဲမွာ အႏိုင္ယူၿပီး ယူ႐ို ၂၀၂၄ ဝင္ခြင့္ကို အတည္ျပဳဖို႔ အာ႐ုံစိုက္သြားေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.