International Match Report

ရော်နယ်လ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ ရှာဖွေပေးတဲ့ နိုင်ပွဲကြောင့် ခြေစစ်ပွဲအောင်တဲ့ ပေါ်တူဂီ

အုပ်စု(J)မှာ ဦးဆောင်နေတဲ့ ပေါ်တူဂီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ကန်ဆယ်လို၊ ရူဘင် ဒီယက်စ်၊ အန်တိုနီယို ဆေးလ်ဗားနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗားနဲ့ ရာဖေးလ် လီယာအိုတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရော်နယ်လ်ဒိုနဲ့ ဂွန်ဆာလို ရာမို့စ်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယနေရာကို ရယူဖို့ အခြေအနေကောင်းနေတဲ့ ဆလိုဗက်တွေကတော့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ ဗက်ဗရို၊ ရှကရီညာ၊ ပီကာရစ်ခ်နဲ့ ဟန်ခိုတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဒူဒါနဲ့ ကွတ်ချ်ကာတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ ရှရန့်ဇ်၊ ရောဘတ် မက်ခ်နဲ့ ဘိုဇင်နစ်ခ်တို့ကို ကစားစေခဲ့တာပါ။

ပေါ်တူဂီနည်းပြ ရောဘတ်တို မာတီနက်ဇ်အနေနဲ့ ဒီနေ့ပွဲကို ၄-၄-၂ ထက် ၄-၂-၄ ပိုဆန်တဲ့ ရှေ့တန်းလေးယောက်ပုံစံနဲ့ ချဉ်းကပ်လာခဲ့ပြီး ကွင်းလယ်နဲ့ တိုက်စစ်ကိုတော့ ဘာနာဒို ဆေးလ်ဗားက ညာတောင်ပံနဲ့ ကွင်းလယ်ကို Hybrid Role နဲ့ လိုသလို ကူကစားပေးခဲ့တာကို တွေ့ခဲ့ရပေမယ့် ခုမှ စစမ်းတဲ့ ကစားကွက်က တချို့နေရာတွေမှာ နားလည်မှု လိုအပ်ချက်တွေကိုတော့ မြင်ခဲ့ရပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ ပေါ်တူဂီတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်က အပေးအယူလုပ်လာခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က ဆလိုဗက်ကီးယားခံစစ်တန်းပေါ် ကျော်ပြီး ဧရိယာထဲကို လှမ်းမ,ပေးတဲ့ ဘောလုံးကို ဂွန်ဆာလို ရာမို့စ်က ကျွမ်းကျင်သေသပ်တဲ့ ပုံစံနဲ့ ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၂၉ မိနစ်မှာတော့ ပေါ်တူဂီတို့ ဒုတိယဂိုး ထပ်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ လီယာအို ဖြတ်တင်ပေးတာကို ဆလိုဗက် နောက်ခံလူ ဗက်ဗရိုရဲ့ နောက်ကျန်နေတဲ့ လက်နဲ့ထိတယ်ဆိုပြီး ဒိုင်လူကြီးက မျက်နှာသာပေးခဲ့လို့ ရခဲ့တဲ့ ပင်နယ်တီကို ရော်နယ်လ်ဒိုက ပရီးမီးယားလိဂ် ပြိုင်ဘက်ဟောင်း ဂိုးသမား ဒူဗရက်ဗ်ကာကို လှည့်စားပြီး အလယ်တည့်တည့်ကို ကန်သွင်းယူသွားခဲ့ပါတယ်။

ပထမပိုင်းက နှစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့ပြီး ပေါ်တူဂီတို့က ဦးဆောင်ခဲ့တဲ့နောက်မှာ ဒုတိယနေရာအတွက် ကြိုးစားဖို့ လိုနေတဲ့ ဆလိုဗက်တို့အနေနဲ့ ဒုတိယပိုင်း ပြန်အစမှာ လူစားပြောင်းလဲမှုတွေနဲ့ ကြိုးစားလာခဲ့သလို ဥရောပထိပ်တန်းကလပ်တွေမှာ ကစားနေတဲ့ လိုဘော့တ်ကာ၊ ရှကရီညာတို့လို ကစားသမားတွေရဲ့ ဦးဆောင်မှုနဲ့ ပြန်လာနိုင်ဖို့ ရုန်းကန်လာခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဆလိုဗက်တို့အတွက် မျှော်လင့်ချက်ရှိစေမယ့် ချေပဂိုးကို ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကြောကနေ ဘင်နက်စ်က လူကြားထဲက ထုတ်ပေးတဲ့ ဘောလုံးကို ဘယ်နောက်ခံလူ ဟန်ခိုက ဧရိယာအပြင် ခပ်လှမ်းလှမ်းကနေ အနိမ့်ဘော အပြင်းကန်သွင်းခဲ့ရာမှာ ပေါ်တူဂီခံစစ်မှူး အန်တိုနီယို ဆေးလ်ဗားရဲ့ ခြေထောက်ကို ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဒီယိုဂို ကော်စတာ ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာတော့ ပေါ်တူဂီတို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ ကန်ဆယ်လို ပေးတာကို ဘရူနို ဖာနန်ဒက်စ်က တောင်ပံကနေ ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ ဆလိုဗက်ခံစစ်က မတားနိုင်ဘဲ လွတ်ထွက်လာတဲ့ ဘောလုံးကို ရော်နယ်လ်ဒိုက အဝေးတိုင်ဘက်ကနေ Tap-in ပိတ်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ မှာတော့ ကြိုးစားနေတဲ့ ဆလိုဗက်တို့ ဒုတိယ ချေပဂိုးကို ရယူနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပေါ်တူဂီတို့ ဖိအားပေးခံရတာကြောင့် အပေးအယူပျက်ပြီး ပြန်ရလာတဲ့ ဘောလုံးကို ဒူဒါက ခင်းပေးခဲ့ရာမှာ ဧရိယာထိပ်ကနေ လိုဘော့တ်ကာက ညာဘက် အပေါ်ထောင့်ကို အဝေးကန်ချက်နဲ့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ မိုးရွာနေတဲ့ ကွင်းမှာ ခြေချော်လက်ချော် မဖြစ်စေဖို့ ပေါ်တူဂီတို့ဘက်က ထိန်းကစားသွားခဲ့သလို ပွဲချိန်အပြည့်မှာ သုံးဂိုး-နှစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး တတိယနေရာက လူဇင်ဘတ်ကို ၃ ပွဲအကျန်မှာ ၁၀ မှတ်ဖြစ်နိုင်ခဲ့ပြီဖြစ်လို့ အနည်းဆုံး ဒုတိယနေရာနဲ့ ခြေစစ်ပွဲ အောင်မြင်ဖို့ သေချာသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အုပ္စု(J)မွာ ဦးေဆာင္ေနတဲ့ ေပၚတူဂီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒီယိုဂို ေကာ္စတာ၊ ခံစစ္မွာ ကန္ဆယ္လို၊ ႐ူဘင္ ဒီယက္စ္၊ အန္တိုနီယို ေဆးလ္ဗားနဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပယ္လင္ညာ၊ ဘ႐ူႏို ဖာနန္ဒက္စ္၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ရာေဖးလ္ လီယာအိုတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေရာ္နယ္လ္ဒိုနဲ႔ ဂြန္ဆာလို ရာမို႔စ္တို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယေနရာကို ရယူဖို႔ အေျခအေနေကာင္းေနတဲ့ ဆလိုဗက္ေတြကေတာ့ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ ဗက္ဗ႐ို၊ ရွကရီညာ၊ ပီကာရစ္ခ္နဲ႔ ဟန္ခိုတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဒူဒါနဲ႔ ကြတ္ခ်္ကာတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ ရွရန႔္ဇ္၊ ေရာဘတ္ မက္ခ္နဲ႔ ဘိုဇင္နစ္ခ္တို႔ကို ကစားေစခဲ့တာပါ။

ေပၚတူဂီနည္းျပ ေရာဘတ္တို မာတီနက္ဇ္အေနနဲ႔ ဒီေန႔ပြဲကို ၄-၄-၂ ထက္ ၄-၂-၄ ပိုဆန္တဲ့ ေရွ႕တန္းေလးေယာက္ပုံစံနဲ႔ ခ်ဥ္းကပ္လာခဲ့ၿပီး ကြင္းလယ္နဲ႔ တိုက္စစ္ကိုေတာ့ ဘာနာဒို ေဆးလ္ဗားက ညာေတာင္ပံနဲ႔ ကြင္းလယ္ကို Hybrid Role နဲ႔ လိုသလို ကူကစားေပးခဲ့တာကို ေတြ႕ခဲ့ရေပမယ့္ ခုမွ စစမ္းတဲ့ ကစားကြက္က တခ်ိဳ႕ေနရာေတြမွာ နားလည္မႈ လိုအပ္ခ်က္ေတြကိုေတာ့ ျမင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ ေပၚတူဂီတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္က အေပးအယူလုပ္လာခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ဆလိုဗက္ကီးယားခံစစ္တန္းေပၚ ေက်ာ္ၿပီး ဧရိယာထဲကို လွမ္းမ,ေပးတဲ့ ေဘာလုံးကို ဂြန္ဆာလို ရာမို႔စ္က ကြၽမ္းက်င္ေသသပ္တဲ့ ပုံစံနဲ႔ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ ေပၚတူဂီတို႔ ဒုတိယဂိုး ထပ္ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန လီယာအို ျဖတ္တင္ေပးတာကို ဆလိုဗက္ ေနာက္ခံလူ ဗက္ဗ႐ိုရဲ႕ ေနာက္က်န္ေနတဲ့ လက္နဲ႔ထိတယ္ဆိုၿပီး ဒိုင္လူႀကီးက မ်က္ႏွာသာေပးခဲ့လို႔ ရခဲ့တဲ့ ပင္နယ္တီကို ေရာ္နယ္လ္ဒိုက ပရီးမီးယားလိဂ္ ၿပိဳင္ဘက္ေဟာင္း ဂိုးသမား ဒူဗရက္ဗ္ကာကို လွည့္စားၿပီး အလယ္တည့္တည့္ကို ကန္သြင္းယူသြားခဲ့ပါတယ္။

ပထမပိုင္းက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့ၿပီး ေပၚတူဂီတို႔က ဦးေဆာင္ခဲ့တဲ့ေနာက္မွာ ဒုတိယေနရာအတြက္ ႀကိဳးစားဖို႔ လိုေနတဲ့ ဆလိုဗက္တို႔အေနနဲ႔ ဒုတိယပိုင္း ျပန္အစမွာ လူစားေျပာင္းလဲမႈေတြနဲ႔ ႀကိဳးစားလာခဲ့သလို ဥေရာပထိပ္တန္းကလပ္ေတြမွာ ကစားေနတဲ့ လိုေဘာ့တ္ကာ၊ ရွကရီညာတို႔လို ကစားသမားေတြရဲ႕ ဦးေဆာင္မႈနဲ႔ ျပန္လာႏိုင္ဖို႔ ႐ုန္းကန္လာခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဆလိုဗက္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိေစမယ့္ ေခ်ပဂိုးကို ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ေၾကာကေန ဘင္နက္စ္က လူၾကားထဲက ထုတ္ေပးတဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ ဟန္ခိုက ဧရိယာအျပင္ ခပ္လွမ္းလွမ္းကေန အနိမ့္ေဘာ အျပင္းကန္သြင္းခဲ့ရာမွာ ေပၚတူဂီခံစစ္မႉး အန္တိုနီယို ေဆးလ္ဗားရဲ႕ ေျခေထာက္ကို ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဒီယိုဂို ေကာ္စတာ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ ေပၚတူဂီတို႔ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတြဲလုံးကေန ကန္ဆယ္လို ေပးတာကို ဘ႐ူႏို ဖာနန္ဒက္စ္က ေတာင္ပံကေန ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ ဆလိုဗက္ခံစစ္က မတားႏိုင္ဘဲ လြတ္ထြက္လာတဲ့ ေဘာလုံးကို ေရာ္နယ္လ္ဒိုက အေဝးတိုင္ဘက္ကေန Tap-in ပိတ္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ႀကိဳးစားေနတဲ့ ဆလိုဗက္တို႔ ဒုတိယ ေခ်ပဂိုးကို ရယူႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေပၚတူဂီတို႔ ဖိအားေပးခံရတာေၾကာင့္ အေပးအယူပ်က္ၿပီး ျပန္ရလာတဲ့ ေဘာလုံးကို ဒူဒါက ခင္းေပးခဲ့ရာမွာ ဧရိယာထိပ္ကေန လိုေဘာ့တ္ကာက ညာဘက္ အေပၚေထာင့္ကို အေဝးကန္ခ်က္နဲ႔ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ မိုး႐ြာေနတဲ့ ကြင္းမွာ ေျခေခ်ာ္လက္ေခ်ာ္ မျဖစ္ေစဖို႔ ေပၚတူဂီတို႔ဘက္က ထိန္းကစားသြားခဲ့သလို ပြဲခ်ိန္အျပည့္မွာ သုံးဂိုး-ႏွစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး တတိယေနရာက လူဇင္ဘတ္ကို ၃ ပြဲအက်န္မွာ ၁၀ မွတ္ျဖစ္ႏိုင္ခဲ့ၿပီျဖစ္လို႔ အနည္းဆုံး ဒုတိယေနရာနဲ႔ ေျခစစ္ပြဲ ေအာင္ျမင္ဖို႔ ေသခ်ာသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.