International

ဒတ်ချ်တွေကို ကြောက်မက်ဖွယ် ကန်ချက်နဲ့ဂိုးသွင်းပြီး မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ သောကြာနေ့ညက ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပြင်သစ်က နယ်သာလန်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ် သွင်းဂိုးကို သွင်းယူပြီး မှော်ဆန်တဲ့အခိုက်အတန့်ကို ဖန်တီးခဲ့ပါတယ်။

အမ်ဘာပေဟာ ပထမပိုင်း ၇ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပြီးတဲ့နောက် ဒုတိယပိုင်းမှာ ရင်သပ်ရှုမောဖွယ်ပုံစံနဲ့ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းဖော်ဟောင်း အက်ဒရီယန် ရာဘီယိုနဲ့ ဝမ်းတူးရိုက်ပြီးနောက် ဘောလုံးကို အားပါပြင်းထန်တဲ့ ကန်ချက်နဲ့အတူ နယ်သာလန်ဂိုးပေါက်ထဲကို တရှိန်ထိုး ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဒတ်ချ်ဂိုးသမား ဗာဘရပ်ဂျန်ဘယ်လိုမှ တားဆီးဖို့ အခွင့်အရေး မရခဲ့ဘဲ ခွင့်ပြုခဲ့ရတာဖြစ်ပြီး ပြင်သစ်တွေဟာ နယ်သာလန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် လာမယ့်နွေရာသီ ဂျာမနီက ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာကို ရရှိခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘာပေဟာ နယ်သာလန်ဘက်ကို သွင်းယူခဲ့တဲ့သွင်းဂိုးကြောင့် ၁၉၉၉ ခုနှစ်တုန်း မာဆယ် ဒက်ဆဲယီနောက်ပိုင်း ပြင်သစ်အသင်းခေါင်းဆောင်အဖြစ်နဲ့ ပထမဆုံး ၆ ပွဲစလုံးမှာ အနိုင်ရရှိခဲ့တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်ရဲ့ စတုတ္ထမြောက် တသက်တာ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ပလာတီနီရဲ့ ဂိုးသွင်းစံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ သွင်းဂိုး ၄၂ ဂိုးနဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် အိုလီဗီယေး ဂျီရူးရဲ့နောက် ၁၂ ဂိုးအကွာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ ေသာၾကာေန႔ညက ယူ႐ို ၂၀၂၄ ေျခစစ္ပြဲမွာ ျပင္သစ္က နယ္သာလန္ကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အံ့အားသင့္ဖြယ္ သြင္းဂိုးကို သြင္းယူၿပီး ေမွာ္ဆန္တဲ့အခိုက္အတန႔္ကို ဖန္တီးခဲ့ပါတယ္။

အမ္ဘာေပဟာ ပထမပိုင္း ၇ မိနစ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ၿပီးတဲ့ေနာက္ ဒုတိယပိုင္းမွာ ရင္သပ္ရႈေမာဖြယ္ပုံစံနဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ အမ္ဘာေပဟာ ပီအက္စ္ဂ်ီအသင္းေဖာ္ေဟာင္း အက္ဒရီယန္ ရာဘီယိုနဲ႔ ဝမ္းတူး႐ိုက္ၿပီးေနာက္ ေဘာလုံးကို အားပါျပင္းထန္တဲ့ ကန္ခ်က္နဲ႔အတူ နယ္သာလန္ဂိုးေပါက္ထဲကို တရွိန္ထိုး ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဒတ္ခ်္ဂိုးသမား ဗာဘရပ္ဂ်န္ဘယ္လိုမွ တားဆီးဖို႔ အခြင့္အေရး မရခဲ့ဘဲ ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး ျပင္သစ္ေတြဟာ နယ္သာလန္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ လာမယ့္ေႏြရာသီ ဂ်ာမနီက ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ဝင္ခြင့္တစ္ေနရာကို ရရွိခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉး အမ္ဘာေပဟာ နယ္သာလန္ဘက္ကို သြင္းယူခဲ့တဲ့သြင္းဂိုးေၾကာင့္ ၁၉၉၉ ခုႏွစ္တုန္း မာဆယ္ ဒက္ဆဲယီေနာက္ပိုင္း ျပင္သစ္အသင္းေခါင္းေဆာင္အျဖစ္နဲ႔ ပထမဆုံး ၆ ပြဲစလုံးမွာ အႏိုင္ရရွိခဲ့တဲ့ ပထမဆုံး ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

အမ္ဘာေပဟာ ျပင္သစ္ရဲ႕ စတုတၳေျမာက္ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္တဲ့ ပလာတီနီရဲ႕ ဂိုးသြင္းစံခ်ိန္ကိုလည္း ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ သြင္းဂိုး ၄၂ ဂိုးနဲ႔ တသက္တာထိပ္တန္းဂိုးသြင္းရွင္ အိုလီဗီေယး ဂ်ီ႐ူးရဲ႕ေနာက္ ၁၂ ဂိုးအကြာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.