International

အင်္ဂလန်နဲ့အရေးကြီးပွဲမတိုင်ခင် လူစာရင်းကနေ ထုတ်ခံခဲ့ရတဲ့ အဓိကကစားသမား ၂ ဦး

ဆန်ဒရို တိုနာလီနဲ့ နီကိုလို ဇာနီအိုလိုတို့ဟာ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ မေးမြန်းခြင်းကို ခံခဲ့ရပြီးနောက် အင်္ဂလန်နဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲမတိုင်ခင် အီတလီလက်ရွေးစင်လူစာရင်းကနေ ထုတ်ခံလိုက်ရပြီဖြစ်ပါတယ်။

တိုနာလီနဲ့ ဇာနီအိုလိုတို့ဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့ကြသူတွေဖြစ်ပြီး တိုနာလီက နယူးကာဆယ်ကို ပေါင် ၅၅ သန်းနဲ့ အေစီမီလန်ကနေ ပြောင်းရွှေ့ခဲ့သလို ဇာနီအိုလိုကလည်း ဂလာတာဆာရေးကနေ အက်စတန် ဗီလာကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အီတလီလက်ရွေးစင်ကြယ်ပွင့် ၂ ဦးဟာ အီတလီမှာ ရှိခဲ့တဲ့ကာလအတွင်း ဘောလုံးပွဲလောင်းခဲ့ကြတယ်လို့ စွပ်စွဲခံခဲ့ရပြီး အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့မယ်ဆိုရင် ၃ နှစ်အထိ ပွဲကစားခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။ ဒီကစားသမား ၂ ဦးဟာ ကနဦးမှာ စနေနေ့ မော်လ်တာနဲ့ ကစားရမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲနဲ့ လာမယ့် အင်္ဂါနေ့ ဝင်ဘလေမှာ အင်္ဂလန်နဲ့ ကစားရမယ့် ပွဲစဉ်တွေအတွက် အီတလီလူစာရင်းထဲမှာ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကြာသပတေးနေ့မှာ ရဲတပ်ဖွဲ့ရဲ့ မေးမြန်းခြင်းကို ခံခဲ့ရပြီးနောက် အီတလီဘောလုံးအဖွဲ့ချုပ်က တိုနာလီနဲ့ ဇာနီအိုလိုတို့ကို လူစာရင်းကနေ ထုတ်ပယ်လိုက်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပြီး သက်ဆိုင်ရာအသင်းတွေကို ပြန်ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကစားသမား ၂ ဦးစလုံးဟာ အီတလီမှာ မကစားတော့ပေမယ့်လည်း ယူအီးအက်ဖ်အေနဲ့ ဖီဖာ ပြိုင်ပွဲတွေမှာ တားမြစ်ပိတ်ပင်မှုတွေ ခံရနိုင်ပြီး ဂျူဗင်တပ်ကွင်းလယ်လူ နီကိုလို ဖာဂီယိုလီကလည်း လောင်းကစားစည်းမျဉ်းချိုးဖောက်မှုအတွက် အီတလီ အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆန္ဒ႐ို တိုနာလီနဲ႔ နီကိုလို ဇာနီအိုလိုတို႔ဟာ ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈနဲ႔ပတ္သက္ၿပီး ရဲတပ္ဖြဲ႕ရဲ႕ ေမးျမန္းျခင္းကို ခံခဲ့ရၿပီးေနာက္ အဂၤလန္နဲ႔ ကစားရမယ့္ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲမတိုင္ခင္ အီတလီလက္ေ႐ြးစင္လူစာရင္းကေန ထုတ္ခံလိုက္ရၿပီျဖစ္ပါတယ္။

တိုနာလီနဲ႔ ဇာနီအိုလိုတို႔ဟာ ယခုေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ခဲ့ၾကသူေတြျဖစ္ၿပီး တိုနာလီက နယူးကာဆယ္ကို ေပါင္ ၅၅ သန္းနဲ႔ ေအစီမီလန္ကေန ေျပာင္းေ႐ႊ႕ခဲ့သလို ဇာနီအိုလိုကလည္း ဂလာတာဆာေရးကေန အက္စတန္ ဗီလာကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အီတလီလက္ေ႐ြးစင္ၾကယ္ပြင့္ ၂ ဦးဟာ အီတလီမွာ ရွိခဲ့တဲ့ကာလအတြင္း ေဘာလုံးပြဲေလာင္းခဲ့ၾကတယ္လို႔ စြပ္စြဲခံခဲ့ရၿပီး အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့မယ္ဆိုရင္ ၃ ႏွစ္အထိ ပြဲကစားခြင့္ ပိတ္ပင္ခံရႏိုင္ပါတယ္။ ဒီကစားသမား ၂ ဦးဟာ ကနဦးမွာ စေနေန႔ ေမာ္လ္တာနဲ႔ ကစားရမယ့္ ယူ႐ို ၂၀၂၄ ေျခစစ္ပြဲနဲ႔ လာမယ့္ အဂၤါေန႔ ဝင္ဘေလမွာ အဂၤလန္နဲ႔ ကစားရမယ့္ ပြဲစဥ္ေတြအတြက္ အီတလီလူစာရင္းထဲမွာ ေခၚယူျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ၾကာသပေတးေန႔မွာ ရဲတပ္ဖြဲ႕ရဲ႕ ေမးျမန္းျခင္းကို ခံခဲ့ရၿပီးေနာက္ အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္က တိုနာလီနဲ႔ ဇာနီအိုလိုတို႔ကို လူစာရင္းကေန ထုတ္ပယ္လိုက္ျဖစ္တယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ၿပီး သက္ဆိုင္ရာအသင္းေတြကို ျပန္ခြင့္ျပဳလိုက္ၿပီျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီကစားသမား ၂ ဦးစလုံးဟာ အီတလီမွာ မကစားေတာ့ေပမယ့္လည္း ယူအီးအက္ဖ္ေအနဲ႔ ဖီဖာ ၿပိဳင္ပြဲေတြမွာ တားျမစ္ပိတ္ပင္မႈေတြ ခံရႏိုင္ၿပီး ဂ်ဴဗင္တပ္ကြင္းလယ္လူ နီကိုလို ဖာဂီယိုလီကလည္း ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈအတြက္ အီတလီ အာဏာပိုင္ေတြရဲ႕ စုံစမ္းစစ္ေဆးမႈေတြ ခံေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.