Premier League

မန်ယူနိုက်တက်မှာ ရော်နယ်လ်ဒိုက အဆုံးသတ်အကောင်းဆုံးမဟုတ်ဘူးဆိုတဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က မန်ချက်စတာယူနိုက်တက်က အကောင်းဆုံး အဆုံးသတ်သူကို ရွေးချယ်ရာမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရွေးချယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဖာဒီနန်က လိဒ်စ်ယူနိုက်တက်ကနေ ပေါင်သန်း ၃၀ နဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အင်္ဂလန်နောက်ခံလူဟာ အိုးထရက်ဖို့ဒ်က အောင်မြင်တဲ့ ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

Manutd.com နဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖာဒီနန်က မန်ချက်စတာယူနိုက်တက်မှာ အတူတူ တွဲကစားဖူးတဲ့အထဲက အကောင်းဆုံးအဆုံးသတ်သူကို ရွေးချယ်ဖို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ ရုဒ် ဗန်နစ္စတယ်ရွိုင်းပဲ။ သူနဲ့အတူတူ ကစားခဲ့တဲ့ တခြားတိုက်စစ်မှူးတွေအားလုံးလည်း အဲဒါကို သဘောတူကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အိုလေ ဂန်နာကလည်း ရှိနေပါတယ်။ သူက စဉ်းစားဉာဏ်ရှိတဲ့ အဆုံးသတ်သူပါ။ သူ့ရဲ့ အဆုံးသတ်တွေက အမြဲတမ်း တည်ငြိမ်ခဲ့ပြီး သူက ဂိုးအနံ့ခံတဲ့နေရာမှာ အရမ်းထူးချွန်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ရုဒ်ကိုပဲ ရွေးချယ်ရမှာပါ။ သူက အဆုံးသတ်သေချာပြီး ကျွန်တော် တွဲကစားဖူးသမျှထဲမှာ အညှာအတာအကင်းမဲ့ဆုံး အဆုံးသတ်သူပါ။”လို့ ပြောကြားခဲ့ပါတယ်။

ဒတ်ချ်ဂန္တဝင် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးသမျှ တိုက်စစ်မှူးတွေထဲမှာ ကြောက်မက်ဖွယ် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး မန်ယူနိုက်တက်အတွက် ၂၁၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၅၀ အထိ သွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၀၆ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

နယ်သာလန်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်အတွက် ထိပ်တန်းဂိုးသွင်းရှင် ၁၀ ဦးစာရင်း အပြင်ဘက်မှာ ရပ်တည်နေပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုထက်တော့ ၅ ဂိုး ပိုမို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီယို ဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္က အေကာင္းဆုံး အဆုံးသတ္သူကို ေ႐ြးခ်ယ္ရာမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေ႐ြးခ်ယ္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။

၂၀၀၂ ခုႏွစ္မွာ ဖာဒီနန္က လိဒ္စ္ယူႏိုက္တက္ကေန ေပါင္သန္း ၃၀ နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး အဂၤလန္ေနာက္ခံလူဟာ အိုးထရက္ဖို႔ဒ္က ေအာင္ျမင္တဲ့ ကစားသမားဘဝအတြင္း ပရီးမီးယားလိဂ္ဖလား ၆ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

Manutd.com နဲ႔ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဖာဒီနန္က မန္ခ်က္စတာယူႏိုက္တက္မွာ အတူတူ တြဲကစားဖူးတဲ့အထဲက အေကာင္းဆုံးအဆုံးသတ္သူကို ေ႐ြးခ်ယ္ဖို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္ေတာ့ ႐ုဒ္ ဗန္နစၥတယ္႐ြိဳင္းပဲ။ သူနဲ႔အတူတူ ကစားခဲ့တဲ့ တျခားတိုက္စစ္မႉးေတြအားလုံးလည္း အဲဒါကို သေဘာတူၾကလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အိုေလ ဂန္နာကလည္း ရွိေနပါတယ္။ သူက စဥ္းစားဉာဏ္ရွိတဲ့ အဆုံးသတ္သူပါ။ သူ႔ရဲ႕ အဆုံးသတ္ေတြက အၿမဲတမ္း တည္ၿငိမ္ခဲ့ၿပီး သူက ဂိုးအနံ႔ခံတဲ့ေနရာမွာ အရမ္းထူးခြၽန္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ ႐ုဒ္ကိုပဲ ေ႐ြးခ်ယ္ရမွာပါ။ သူက အဆုံးသတ္ေသခ်ာၿပီး ကြၽန္ေတာ္ တြဲကစားဖူးသမွ်ထဲမွာ အညႇာအတာအကင္းမဲ့ဆုံး အဆုံးသတ္သူပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

ဒတ္ခ်္ဂႏၲဝင္ တိုက္စစ္မႉးဟာ ပရီးမီးယားလိဂ္မွာ ကစားခဲ့ဖူးသမွ် တိုက္စစ္မႉးေတြထဲမွာ ေၾကာက္မက္ဖြယ္ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ၿပီး မန္ယူႏိုက္တက္အတြက္ ၂၁၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၅၀ အထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ၂၀၀၆ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

နယ္သာလန္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ထိပ္တန္းဂိုးသြင္းရွင္ ၁၀ ဦးစာရင္း အျပင္ဘက္မွာ ရပ္တည္ေနေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုထက္ေတာ့ ၅ ဂိုး ပိုမို သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.