Ligue1

ပီအက်စ်ဂျီနဲ့အနာဂတ်ကို ဆုံးဖြတ်မယ့်အချိန် သတ်မှတ်လိုက်တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ ပဲရစ်က အနာဂတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ရပ်တန့်ထားဖို့ ရွေးချယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

L’Equipe ရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ ယခုရာသီ ပီအက်စ်ဂျီရဲ့ ချန်ပီယံလိဂ်ခရီးစဉ် ပြီးဆုံးတဲ့အထိ စောင့်ဆိုင်းသွားချင်နေတယ်လို့ သိရပြီး ပြင်သစ်တိုက်စစ်မှူးဟာ ယခုနွေရာသီမှာ ပဲရစ်ကို စွန့်ခွာဖို့ စိတ်ပိုင်းဖြတ်ထားပုံပေါ်ခဲ့တာဖြစ်ပေမယ့်လည်း အမှန်တကယ် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း မတိုးဖို့ ရွေးချယ်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးအတွက် ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုက ကြီးမားတဲ့ ဆွဲဆောင်မှုကြီးတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ ကြိုးပမ်းမှု ၂ ကြိမ်အထိ ပီအက်စ်ဂျီက ငြင်းပယ်ခဲ့ပေမယ့်လည်း စပိန်လာလီဂါအသင်းကြီးက လက်မလျှော့သေးဘဲ တတိယမြောက် ကမ်းလှမ်းမှုက နောက်ဆုံးမှာတော့ သဘောတူညီမှု ရရှိနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အမ်ဘာပေကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စာချုပ်သစ်တွေ အများအပြား ကမ်းလှမ်းခဲ့ပြီး နောက်ဆုံးကမ်းလှမ်းချက်ဟာ ပြီးခဲ့တဲ့ စာချုပ်သစ်ထက် ပိုမို မက်လောက်စရာကောင်းပေမယ့်လည်း လက်ရှိမှာတော့ အရာအားလုံးက ၎င်းတို့ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုအပေါ်မှာ မူတည်နေပြီဖြစ်ပါတယ်။

အမ်ဘာပေဟာ ဥရောပ ရာသီပြီးဆုံးတဲ့အထိ ဆုံးဖြတ်ချက် ချမှတ်ဖို့ကိစ္စကို ရပ်ဆိုင်းထားမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်း အရမ်းလိုချင်နေတဲ့ ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရဖို့က အရင်ကထက် ပိုပြီး အရေးကြီးလာပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာ အောက်တိုဘာ ၂၅ ရက်နေ့ ချန်ပီယံလိဂ်မှာ အေစီမီလန်နဲ့ပွဲကို မဖြစ်မနေ အနိုင်ကစားသွားရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နိုင်ပွဲပြန်လည်ရယူနိုင်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ အမ်ဘာပေရဲ့မိခင်ဖြစ်တဲ့ ဖေဇာ လာမာရီက သားဖြစ်သူရဲ့ ကစားသမားဘဝကို ကြီးကြပ်ခဲ့တာဖြစ်ပေမယ့်လည်း ဖီဖာရဲ့ ကစားသမားအေးဂျင့်တွေအနေနဲ့ တရားဝင်လိုင်စင်လိုအပ်တယ်လို့ ပြဌာန်းလိုက်တဲ့ စည်းကမ်းသတ်မှတ်ချက်ကြောင့် လာမာရီအနေနဲ့ ပြင်သစ်တိုက်စစ်မှူးရဲ့အေးဂျင့်အဖြစ် ဆောင်ရွက်လို့မရတော့ဘူးလို့ Marca က ဖော်ပြခဲ့ပါတယ်။

လာမာရီအနေနဲ့ အစောဆုံးအနေနဲ့လာမယ့် မေလလောက်မှသာ အေးဂျင့်လိုင်စင်ကို ရရှိမှာဖြစ်တာကြောင့် အမ်ဘာပေရဲ့ ကစားသမားဘဝ အရေးအကြီးဆုံး ဆုံးဖြတ်ချက် ချမှတ်မယ့်အချိန်မှာ အဓိကပါဝင်ပတ်သက်ခွင့်မရှိတော့ပေမယ့် အကြံဉာဏ်တော့ ပေးလို့ရဦးမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်တုန်းက အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်ပြီး ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ ပဲရစ္က အနာဂတ္နဲ႔ပတ္သက္တဲ့ ဆုံးျဖတ္ခ်က္ေတြကို ရပ္တန႔္ထားဖို႔ ေ႐ြးခ်ယ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

L’Equipe ရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပဟာ ယခုရာသီ ပီအက္စ္ဂ်ီရဲ႕ ခ်န္ပီယံလိဂ္ခရီးစဥ္ ၿပီးဆုံးတဲ့အထိ ေစာင့္ဆိုင္းသြားခ်င္ေနတယ္လို႔ သိရၿပီး ျပင္သစ္တိုက္စစ္မႉးဟာ ယခုေႏြရာသီမွာ ပဲရစ္ကို စြန႔္ခြာဖို႔ စိတ္ပိုင္းျဖတ္ထားပုံေပၚခဲ့တာျဖစ္ေပမယ့္လည္း အမွန္တကယ္ ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္း မတိုးဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ ၂၀၂၄ ခုႏွစ္မွာ အသင္းနဲ႔ လမ္းခြဲေတာ့မွာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးအတြက္ ရီးရဲလ္မက္ဒရစ္ရဲ႕ စိတ္ဝင္စားမႈက ႀကီးမားတဲ့ ဆြဲေဆာင္မႈႀကီးတစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ ႀကိဳးပမ္းမႈ ၂ ႀကိမ္အထိ ပီအက္စ္ဂ်ီက ျငင္းပယ္ခဲ့ေပမယ့္လည္း စပိန္လာလီဂါအသင္းႀကီးက လက္မေလွ်ာ့ေသးဘဲ တတိယေျမာက္ ကမ္းလွမ္းမႈက ေနာက္ဆုံးမွာေတာ့ သေဘာတူညီမႈ ရရွိႏိုင္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ အမ္ဘာေပကို ထိန္းသိမ္းထားႏိုင္ဖို႔အတြက္ စာခ်ဳပ္သစ္ေတြ အမ်ားအျပား ကမ္းလွမ္းခဲ့ၿပီး ေနာက္ဆုံးကမ္းလွမ္းခ်က္ဟာ ၿပီးခဲ့တဲ့ စာခ်ဳပ္သစ္ထက္ ပိုမို မက္ေလာက္စရာေကာင္းေပမယ့္လည္း လက္ရွိမွာေတာ့ အရာအားလုံးက ၎တို႔ရဲ႕ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈအေပၚမွာ မူတည္ေနၿပီျဖစ္ပါတယ္။

အမ္ဘာေပဟာ ဥေရာပ ရာသီၿပီးဆုံးတဲ့အထိ ဆုံးျဖတ္ခ်က္ ခ်မွတ္ဖို႔ကိစၥကို ရပ္ဆိုင္းထားမွာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္း အရမ္းလိုခ်င္ေနတဲ့ ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရဖို႔က အရင္ကထက္ ပိုၿပီး အေရးႀကီးလာၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာ ေအာက္တိုဘာ ၂၅ ရက္ေန႔ ခ်န္ပီယံလိဂ္မွာ ေအစီမီလန္နဲ႔ပြဲကို မျဖစ္မေန အႏိုင္ကစားသြားရမွာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ နယူးကာဆယ္နဲ႔ပြဲမွာ ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ႏိုင္ပြဲျပန္လည္ရယူႏိုင္ဖို႔ အေရးတႀကီးလိုအပ္ေနၿပီျဖစ္ပါတယ္။

လက္ရွိအခ်ိန္အထိ အမ္ဘာေပရဲ႕မိခင္ျဖစ္တဲ့ ေဖဇာ လာမာရီက သားျဖစ္သူရဲ႕ ကစားသမားဘဝကို ႀကီးၾကပ္ခဲ့တာျဖစ္ေပမယ့္လည္း ဖီဖာရဲ႕ ကစားသမားေအးဂ်င့္ေတြအေနနဲ႔ တရားဝင္လိုင္စင္လိုအပ္တယ္လို႔ ျပဌာန္းလိုက္တဲ့ စည္းကမ္းသတ္မွတ္ခ်က္ေၾကာင့္ လာမာရီအေနနဲ႔ ျပင္သစ္တိုက္စစ္မႉးရဲ႕ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္လို႔မရေတာ့ဘူးလို႔ Marca က ေဖာ္ျပခဲ့ပါတယ္။

လာမာရီအေနနဲ႔ အေစာဆုံးအေနနဲ႔လာမယ့္ ေမလေလာက္မွသာ ေအးဂ်င့္လိုင္စင္ကို ရရွိမွာျဖစ္တာေၾကာင့္ အမ္ဘာေပရဲ႕ ကစားသမားဘဝ အေရးအႀကီးဆုံး ဆုံးျဖတ္ခ်က္ ခ်မွတ္မယ့္အခ်ိန္မွာ အဓိကပါဝင္ပတ္သက္ခြင့္မရွိေတာ့ေပမယ့္ အႀကံဉာဏ္ေတာ့ ေပးလို႔ရဦးမွာျဖစ္ပါတယ္။

၂၀၂၂ ခုႏွစ္တုန္းက အမ္ဘာေပဟာ ရီးရဲလ္မက္ဒရစ္ရဲ႕ စိတ္ဝင္စားမႈကို ျငင္းပယ္ၿပီး ပီအက္စ္ဂ်ီမွာ ဆက္ေနဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့တာျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ အသက္ ၂၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ ဘယ္လိုဆုံးျဖတ္ခ်က္ခ်မလဲဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.