Ligue1 Premier League UCL&UEL

ချန်ပီယံလိဂ်နိုင်ပွဲအပြီးမှာ PSG ကို မညှာမတာ Troll လိုက်တဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ သူတို့ရဲ့ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို အနိုင်ရရှိခဲ့ပြီးတဲ့နောက်မှာ ပြိုင်ဘက်အသင်းရဲ့ ကြယ်ပွင့် ကစားသမား ခီလီယန် အမ်ဘာပေနဲ့တကွ တစ်သင်းလုံးကို လှောင်ပြောင်သွားခဲ့တာဖြစ်ပြီး ပါရီသားတွေအတွက်တော့ မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။

ငှက်ကျားတွေအနေနဲ့ အင်္ဂလန်မြောက်ပိုင်း ကျောက်မီးသွေး ထွက်ရာဒေသမှာတော့ ဗိုလ်တကာ့ဘုရင်လည်းဖြစ်နေခဲ့ပြီး အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်ကို ဘူမသိ ကိုးမသိနဲ့ အထူအပါး နားမလည်ဘဲ ကွင်းလယ်လူနှစ်ယောက်တည်းပါတဲ့ ၄-၂-၄ ကစားကွက်နဲ့ အလည်လာခဲ့တဲ့ ပီအက်စ်ဂျီတို့ကို အပြတ်အသတ် ကြိတ်လွှတ်လိုက်တာပါ။

ပွဲအပြီးမှာ နယူးကာဆယ်လ်အသင်းရဲ့ ဆိုရှယ်မီဒီယာတွေကနေ ဒီပုံထဲမှာ ပါတဲ့ ကစားသမားနှစ်ဦးဟာ ပြီးခဲ့တဲ့ ညက ဂိုးသွင်းနိုင်ခဲ့ကြတယ်ဆိုပြီး သူတို့ရဲ့ နောက်ခံလူနှစ်ဦးဖြစ်ကြတဲ့ ဒန်ဘန်း၊ ဖာဘီယန် ရှားတို့နဲ့အတူ အမ်ဘာပေတို့ အတူတကွ ရှိနေတဲ့ အခိုက်အတန့်ကို ပုံတင်ခဲ့တာလည်းဖြစ်ပြီး အားပေးမှုတွေ တစ်ခဲနက်ကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ နယူးကာဆယ်လ်တို့အနေနဲ့ ဘောလုံးပိုင်ဆိုင်မှု ၂၆ ရာခိုင်နှုန်းသာ ရရှိခဲ့ပေမယ့် တစ်ဖက်အသင်း ဘောလုံးပျက်တာနဲ့ တိုက်စစ်ကို တိုက်ရိုက်သွားတဲ့ ပုံစံနဲ့ ကစားခဲ့ရာမှာ အက်ဒီဟောင်းရဲ့ လူတွေက ဂိုးပေါက်ကန်သွင်းမှု ၁၂ ကြိမ်မှာ ၈ ကြိမ် ဂိုးပေါက်တည့်ခဲ့ပြီး ၄ ကြိမ် ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်းအတွက်တော့ ဒီရှုံးပွဲက စိတ်ပျက်စရာဖြစ်ခဲ့ရပြီး သူတို့ရဲ့ တိုက်စစ်က ကစားသမားတွေဖြစ်ကြတဲ့ အမ်ဘာပေ၊ အူစမွန် ဒမ်ဘေလေ၊ ဂွန်ဆာလို ရာမို့စ်နဲ့ ရန်ဒယ်လ် ကိုလိုမူအာနီတို့အနေနဲ့ တစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို အသင်းအတွက် တစ်လုံးတည်းသော နှစ်သိမ့်ဂိုးကိုတောင်မှ နောက်ခံလူ လူကာ ဟာနန်ဒက်ဇ်က သွင်းယူပေးခဲ့ရလို့ ပက်ပက်စက်စက် မဖြစ်ခဲ့ရတာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ သူတို႔ရဲ႕ ပီအက္စ္ဂ်ီနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ကို အႏိုင္ရရွိခဲ့ၿပီးတဲ့ေနာက္မွာ ၿပိဳင္ဘက္အသင္းရဲ႕ ၾကယ္ပြင့္ ကစားသမား ခီလီယန္ အမ္ဘာေပနဲ႔တကြ တစ္သင္းလုံးကို ေလွာင္ေျပာင္သြားခဲ့တာျဖစ္ၿပီး ပါရီသားေတြအတြက္ေတာ့ မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရပါတယ္။

ငွက္က်ားေတြအေနနဲ႔ အဂၤလန္ေျမာက္ပိုင္း ေက်ာက္မီးေသြး ထြက္ရာေဒသမွာေတာ့ ဗိုလ္တကာ့ဘုရင္လည္းျဖစ္ေနခဲ့ၿပီး အိမ္ကြင္း စိန႔္ဂ်ိမ္းစ္ပါ့ခ္ကို ဘူမသိ ကိုးမသိနဲ႔ အထူအပါး နားမလည္ဘဲ ကြင္းလယ္လူႏွစ္ေယာက္တည္းပါတဲ့ ၄-၂-၄ ကစားကြက္နဲ႔ အလည္လာခဲ့တဲ့ ပီအက္စ္ဂ်ီတို႔ကို အျပတ္အသတ္ ႀကိတ္လႊတ္လိုက္တာပါ။

ပြဲအၿပီးမွာ နယူးကာဆယ္လ္အသင္းရဲ႕ ဆိုရွယ္မီဒီယာေတြကေန ဒီပုံထဲမွာ ပါတဲ့ ကစားသမားႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ညက ဂိုးသြင္းႏိုင္ခဲ့ၾကတယ္ဆိုၿပီး သူတို႔ရဲ႕ ေနာက္ခံလူႏွစ္ဦးျဖစ္ၾကတဲ့ ဒန္ဘန္း၊ ဖာဘီယန္ ရွားတို႔နဲ႔အတူ အမ္ဘာေပတို႔ အတူတကြ ရွိေနတဲ့ အခိုက္အတန႔္ကို ပုံတင္ခဲ့တာလည္းျဖစ္ၿပီး အားေပးမႈေတြ တစ္ခဲနက္ကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ နယူးကာဆယ္လ္တို႔အေနနဲ႔ ေဘာလုံးပိုင္ဆိုင္မႈ ၂၆ ရာခိုင္ႏႈန္းသာ ရရွိခဲ့ေပမယ့္ တစ္ဖက္အသင္း ေဘာလုံးပ်က္တာနဲ႔ တိုက္စစ္ကို တိုက္႐ိုက္သြားတဲ့ ပုံစံနဲ႔ ကစားခဲ့ရာမွာ အက္ဒီေဟာင္းရဲ႕ လူေတြက ဂိုးေပါက္ကန္သြင္းမႈ ၁၂ ႀကိမ္မွာ ၈ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ၿပီး ၄ ႀကိမ္ ဂိုးအျဖစ္ ေျပာင္းလဲသြားႏိုင္ခဲ့တာပါ။

ပီအက္စ္ဂ်ီအသင္းအတြက္ေတာ့ ဒီရႈံးပြဲက စိတ္ပ်က္စရာျဖစ္ခဲ့ရၿပီး သူတို႔ရဲ႕ တိုက္စစ္က ကစားသမားေတြျဖစ္ၾကတဲ့ အမ္ဘာေပ၊ အူစမြန္ ဒမ္ေဘေလ၊ ဂြန္ဆာလို ရာမို႔စ္နဲ႔ ရန္ဒယ္လ္ ကိုလိုမူအာနီတို႔အေနနဲ႔ တစ္ဂိုးမွ မသြင္းႏိုင္ခဲ့သလို အသင္းအတြက္ တစ္လုံးတည္းေသာ ႏွစ္သိမ့္ဂိုးကိုေတာင္မွ ေနာက္ခံလူ လူကာ ဟာနန္ဒက္ဇ္က သြင္းယူေပးခဲ့ရလို႔ ပက္ပက္စက္စက္ မျဖစ္ခဲ့ရတာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.