Premier League

တစ်လတစ်ပွဲလောက်နဲ့ ထိုင်မနေနိုင်ဘူးလို့ သတိပေးခံလိုက်ရတဲ့ တန်ဟက်

ဟာရီ မက်ဂွိုင်းယားက ပထမအသင်းမှာ ပါဝင်ကစားခွင့် ပိုမိုပေးအပ်ခြင်းမခံရဘူးဆိုရင် ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာနိုင်တယ်လို့ သတိပေးခဲ့ပြီး ၎င်းရဲ့ ရယ်စရာကောင်းလောက်အောင် မြင့်မားတဲ့ နိုင်ပွဲရရာခိုင်နှုန်းကို ထောက်ပြပြီး စိတ်ပျက်ဖွယ် ခြေစွမ်းကို ကာကွယ်ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာယူနိုက်တက်အတွက် ၈ ပွဲသာ ပွဲထွက်ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင်ရာထူးကနေပါ ဖယ်ရှားခံခဲ့ရပြီးနောက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာမယ်လို့ မျှော်မှန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဝက်စ်ဟမ်းက မန်ယူနိုက်တက်နောက်ခံလူကို ခေါ်ယူချင်ခဲ့ပေမယ့်လည်း နှစ်သင်းကြားမှာ ပြောင်းရွှေ့ကြေးကို သဘောတူညီမှု မရခဲ့တဲ့နောက် အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ခံစစ်ဟာ ရာသီအဖွင့်လပိုင်းတွေမှာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရပြီး လီဆန်ဒရို မာတီနက်ဇ်ဟာ ဒီဇင်ဘာအထိ အနားယူရနိုင်ချိန်မှာ ရာဖေးလ် ဗာရွမ်းကလည်း ကြံ့ခိုင်မှု ရရှိဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဒါကြောင့် မက်ဂွိုင်းယားဟာ စနေနေ့က ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ယခုရာသီ ပထမဆုံးပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး စကော့ မက်တော်မီနေးရဲ့ နောက်ကျ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲရစ် တန်ဟက်က ခံစစ်မှာ လင်ဒီလော့ဖ်ကို ပိုမို အသုံးပြုချင်နေတာကြောင့် ဗာရွမ်း ကြံ့ခိုင်မှု ပြန်ရလာတာနဲ့ မက်ဂွိုင်းယားအနေနဲ့ အရန်ခုံပြန်ထိုင်ရဖွယ်ရှိပြီး ဂျွန်နီ အီဗန်ကလည်း ပွဲထွက်ခွင့်ရဖို့ အသင့်စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ လာမယ့်နွေရာသီ ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်ခင် အင်္ဂလန်လက်ရွေးစင်အသင်းက နေရာကို ထိန်းသိမ်းထားနိုင်ဖို့ ဆုံးဖြတ်ထားပုံရပြီး တစ်လတစ်ပွဲ ကစားနေရတာကို သည်းခံနေမှာမဟုတ်ဘဲ အခြေအနေတွေ မတိုးတက်လာဘူးဆိုရင် အသင်းကနေ ပြောင်းရွှေ့ဖို့ ကြိုးပမ်းမယ်လို့ သတိပေးလိုက်တာဖြစ်ပါတယ်။

“ကျွန်တော့်တစ်ဘဝလုံး ဒီမှာ ထိုင်ပြီး တစ်လတစ်ပွဲ ကစားနေမှာမဟုတ်ပါဘူး။ ဒီလိုမျိုး ဆက်ဖြစ်နေမယ်ဆိုရင် ကျွန်တော်နဲ့ အသင်း ထိုင်ပြီး ဖြစ်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး စကားပြောသွားမှာပါ။ ကျွန်တော် ယူနိုက်တက်အတွက် နောက်ပွဲမှာ ပွဲထွက်ပါဝင်ရမလားဆိုတာက ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း ကျွန်တော် ပြန်သွားပြီး အဖြေသိအောင်လုပ်မှာပါ။ ကျွန်တော့်ရဲ့ အရည်အချင်းကို ကျွန်တော် ယုံကြည်မှုရှိပြီး ခက်ခဲခဲ့ပါတယ်။ ကျွန်တော် ပွဲတွေကစားချင်ပြီး အသင်းအတွက် အရေးပါတယ်လို့ ခံစားချင်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ကစားချင်သလောက် မကစားရဘူး။ ဒါက အရမ်းအရေးကြီးပါတယ်”

နည်းပြ တန်ဟက်က ခံစစ်မှာ တခြားနောက်ခံလူတွေကို ပိုမို အသုံးပြုဖို့ ရွေးချယ်ခဲ့ပေမယ့်လည်း မက်ဂွိုင်းယားက ဒတ်ချ်လူမျိုးနည်းပြလက်အောက် ကွင်းထဲမှာရှိနေတဲ့အချိန်မှာ ၎င်းရဲ့ ရယ်စရာကောင်းတဲ့ နိုင်ပွဲရ ရာခိုင်နှုန်းကြောင့် ပွဲထွက်ခွင့် ရရှိသင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော် အခွင့်အရေးတွေ ရလာတဲ့အခါမှာရယူဖို့ အဆင်သင့်ဖြစ်နေအောင် လုပ်ရမှာပါ။ ဒီနည်းပြလက်အောက်က ကျွန်တော့်ရဲ့ မှတ်တမ်းတွေက သူ့ဘာသာ စကားပြောနေပါတယ်။ ကျွန်တော် ပါဝင်ကစားပေးခဲ့တဲ့အချိန်မှာ အနိုင်ရ ရာခိုင်နှုန်းက ရယ်စရာကောင်းလောက်အောင် မြင့်မားပါတယ်။ ခင်ဗျား နောက်ဆုံး ကျွန်တော် ကလပ်နဲ့ နိုင်ငံအတွက် ပွဲထွက်ကစားပေးခဲ့တဲ့ ၁၅ ပွဲ၊ ပွဲ ၂၀ လောက်ကို ကြည့်လိုက်ရင် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တကယ် ပျော်ရွှင်မိပါတယ်။ အခုအချိန်မှာ ကျွန်တော် အင်္ဂလန်အတွက် ပွဲကြီး ၂ ပွဲအပေါ်မှာ အာရုံစိုက်ထားပြီး ပြီးရင်တော့ မန်ချက်စတာယူနိုက်တက်က ကျွန်တော့်နေရာကို ပြန်ရအောင် တိုက်ပွဲဝင်ပြီး အသင်းကို အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်အောင် ကူညီပေးသွားမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီ မက္ဂြိဳင္းယားက ပထမအသင္းမွာ ပါဝင္ကစားခြင့္ ပိုမိုေပးအပ္ျခင္းမခံရဘူးဆိုရင္ ဇန္နဝါရီလမွာ အသင္းကို စြန႔္ခြာႏိုင္တယ္လို႔ သတိေပးခဲ့ၿပီး ၎ရဲ႕ ရယ္စရာေကာင္းေလာက္ေအာင္ ျမင့္မားတဲ့ ႏိုင္ပြဲရရာခိုင္ႏႈန္းကို ေထာက္ျပၿပီး စိတ္ပ်က္ဖြယ္ ေျခစြမ္းကို ကာကြယ္ေျပာဆိုခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေနာက္ခံလူဟာ ၿပီးခဲ့တဲ့ရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၈ ပြဲသာ ပြဲထြက္ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး အသင္းေခါင္းေဆာင္ရာထူးကေနပါ ဖယ္ရွားခံခဲ့ရၿပီးေနာက္ ယခုေႏြရာသီမွာ အသင္းကို စြန႔္ခြာမယ္လို႔ ေမွ်ာ္မွန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဝက္စ္ဟမ္းက မန္ယူႏိုက္တက္ေနာက္ခံလူကို ေခၚယူခ်င္ခဲ့ေပမယ့္လည္း ႏွစ္သင္းၾကားမွာ ေျပာင္းေ႐ႊ႕ေၾကးကို သေဘာတူညီမႈ မရခဲ့တဲ့ေနာက္ အေျပာင္းအေ႐ႊ႕က ပ်က္ျပယ္သြားခဲ့တာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ခံစစ္ဟာ ရာသီအဖြင့္လပိုင္းေတြမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရၿပီး လီဆန္ဒ႐ို မာတီနက္ဇ္ဟာ ဒီဇင္ဘာအထိ အနားယူရႏိုင္ခ်ိန္မွာ ရာေဖးလ္ ဗာ႐ြမ္းကလည္း ႀကံ့ခိုင္မႈ ရရွိဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ဒါေၾကာင့္ မက္ဂြိဳင္းယားဟာ စေနေန႔က ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ယခုရာသီ ပထမဆုံးပြဲထြက္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး စေကာ့ မက္ေတာ္မီေနးရဲ႕ ေနာက္က် အႏိုင္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲရစ္ တန္ဟက္က ခံစစ္မွာ လင္ဒီေလာ့ဖ္ကို ပိုမို အသုံးျပဳခ်င္ေနတာေၾကာင့္ ဗာ႐ြမ္း ႀကံ့ခိုင္မႈ ျပန္ရလာတာနဲ႔ မက္ဂြိဳင္းယားအေနနဲ႔ အရန္ခုံျပန္ထိုင္ရဖြယ္ရွိၿပီး ဂြၽန္နီ အီဗန္ကလည္း ပြဲထြက္ခြင့္ရဖို႔ အသင့္ေစာင့္ဆိုင္းေနတာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ လာမယ့္ေႏြရာသီ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမတိုင္ခင္ အဂၤလန္လက္ေ႐ြးစင္အသင္းက ေနရာကို ထိန္းသိမ္းထားႏိုင္ဖို႔ ဆုံးျဖတ္ထားပုံရၿပီး တစ္လတစ္ပြဲ ကစားေနရတာကို သည္းခံေနမွာမဟုတ္ဘဲ အေျခအေနေတြ မတိုးတက္လာဘူးဆိုရင္ အသင္းကေန ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးပမ္းမယ္လို႔ သတိေပးလိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္တစ္ဘဝလုံး ဒီမွာ ထိုင္ၿပီး တစ္လတစ္ပြဲ ကစားေနမွာမဟုတ္ပါဘူး။ ဒီလိုမ်ိဳး ဆက္ျဖစ္ေနမယ္ဆိုရင္ ကြၽန္ေတာ္နဲ႔ အသင္း ထိုင္ၿပီး ျဖစ္ေနတဲ့အရာေတြနဲ႔ပတ္သက္ၿပီး စကားေျပာသြားမွာပါ။ ကြၽန္ေတာ္ ယူႏိုက္တက္အတြက္ ေနာက္ပြဲမွာ ပြဲထြက္ပါဝင္ရမလားဆိုတာက ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္မဟုတ္ပါဘူး။ ရက္သတၱပတ္အနည္းငယ္အတြင္း ကြၽန္ေတာ္ ျပန္သြားၿပီး အေျဖသိေအာင္လုပ္မွာပါ။ ကြၽန္ေတာ့္ရဲ႕ အရည္အခ်င္းကို ကြၽန္ေတာ္ ယုံၾကည္မႈရွိၿပီး ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္ ပြဲေတြကစားခ်င္ၿပီး အသင္းအတြက္ အေရးပါတယ္လို႔ ခံစားခ်င္ပါတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္ ကစားခ်င္သေလာက္ မကစားရဘူး။ ဒါက အရမ္းအေရးႀကီးပါတယ္”

နည္းျပ တန္ဟက္က ခံစစ္မွာ တျခားေနာက္ခံလူေတြကို ပိုမို အသုံးျပဳဖို႔ ေ႐ြးခ်ယ္ခဲ့ေပမယ့္လည္း မက္ဂြိဳင္းယားက ဒတ္ခ်္လူမ်ိဳးနည္းျပလက္ေအာက္ ကြင္းထဲမွာရွိေနတဲ့အခ်ိန္မွာ ၎ရဲ႕ ရယ္စရာေကာင္းတဲ့ ႏိုင္ပြဲရ ရာခိုင္ႏႈန္းေၾကာင့္ ပြဲထြက္ခြင့္ ရရွိသင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အခြင့္အေရးေတြ ရလာတဲ့အခါမွာရယူဖို႔ အဆင္သင့္ျဖစ္ေနေအာင္ လုပ္ရမွာပါ။ ဒီနည္းျပလက္ေအာက္က ကြၽန္ေတာ့္ရဲ႕ မွတ္တမ္းေတြက သူ႔ဘာသာ စကားေျပာေနပါတယ္။ ကြၽန္ေတာ္ ပါဝင္ကစားေပးခဲ့တဲ့အခ်ိန္မွာ အႏိုင္ရ ရာခိုင္ႏႈန္းက ရယ္စရာေကာင္းေလာက္ေအာင္ ျမင့္မားပါတယ္။ ခင္ဗ်ား ေနာက္ဆုံး ကြၽန္ေတာ္ ကလပ္နဲ႔ ႏိုင္ငံအတြက္ ပြဲထြက္ကစားေပးခဲ့တဲ့ ၁၅ ပြဲ၊ ပြဲ ၂၀ ေလာက္ကို ၾကည့္လိုက္ရင္ ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး တကယ္ ေပ်ာ္႐ႊင္မိပါတယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္ အဂၤလန္အတြက္ ပြဲႀကီး ၂ ပြဲအေပၚမွာ အာ႐ုံစိုက္ထားၿပီး ၿပီးရင္ေတာ့ မန္ခ်က္စတာယူႏိုက္တက္က ကြၽန္ေတာ့္ေနရာကို ျပန္ရေအာင္ တိုက္ပြဲဝင္ၿပီး အသင္းကို အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ေအာင္ ကူညီေပးသြားမွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.