International Match Report

ဒီတစ်ခါ တုတ်ကြီးလဲ မကယ်နိုင်တော့တဲ့ စကော့တလန်ကို အိမ်ကွင်းနိုင်ပွဲယူတဲ့ စပိန်

စပိန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ လူနော်မွန်၊ လာပေါ့တ်၊ ကာဗာဟယ်လ်နဲ့ ဘာလ်ဒီတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ မယ်ရီနိုနဲ့ ဂါဗီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖယ်ရန် တောရက်စ်၊ အိုယာဇာဘယ်လ်နဲ့ မိုရာတာတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် စကော့တလန်တို့ကတော့ ဂိုးသမား ဂန်း၊ ခံစစ်မှာ ဟင်ဒရီ၊ ပေါ်တီးယပ်စ်၊ မက်ကင်နာ၊ ဟစ်ကီနဲ့ ရောဘတ်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ မက်ဂရီဂါ၊ မက်တော်မီနေး၊ မက်ဂင်းနဲ့ ခရစ္စတီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒိုက်ခ်စ်တစ်ဦးတည်းကို အထောင်ထားခဲ့တာပါ။

ပွဲစတာနဲ့ စပိန်တို့ ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ဖိကစားခဲ့ပြီး အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပေမယ့် မိုရာတာတို့အဖွဲ့ အသုံးမချနိုင်ခဲ့ချိန်မှာ စကော့တလန်တို့ကတော့ ခံစစ်မကောင်းလှပေမယ့်လည်း ကံကောင်းနေခဲ့ပြီး မယ်ရီနိုရဲ့ ကန်ချက် တိုင်ထိရုံတင် မဟုတ်ဘဲ ဂိုးစည်းပေါ် ကန့်လန့်ဖြတ်ပြီး ထွက်သွားခဲ့တာက တော်တော်လေး ခံစားရက်ခဲ့တာပါ။

ပွဲချိန် ၄၃ မိနစ်မှာ လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန် နာသွားခဲ့လို့ သူ့နေရာကို ပက်တာဆန် ဝင်လာခဲ့ပြီး ဟစ်ကီက ဘယ်ခြမ်းကို ပြောင်းကစားခဲ့ရာမှာကတော့ ဒါက သူတို့အတွက် ဆိုးရွားတဲ့ အလှည့်အပြောင်းဖြစ်ခဲ့ပြီး စပိန်တိုက်စစ်ကို ထိန်းနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ကံကောင်းလို့သာ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ စကော့တလန်တို့ ကောင်တာကိုပဲ အားပြုနေခဲ့ပြီး ပွဲချိန်မိနစ် ၆၀ မှာ မက်တော်မီနေးရဲ့ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းမှုက ဂိုးဝင်သွားခဲ့ပေမယ့် စပိန်ဂိုးသမား အူနိုင်း ဆီမွန်ရှေ့မှာ ကန့်လန့်ကန့်လန့်လုပ်ပြီး အထူအပါး နားမလည်တဲ့ ဟင်ဒရီကို VAR နဲ့ ပြစ်ဒဏ်ဘော သတ်မှတ်ခံခဲ့ရတာကြောင့် ဧည့်သည်တွေ နစ်နာခဲ့ရတာပါ။

ပွဲချိန် ၇၃ မိနစ်မှာတော့ စပိန်တို့ အဖွင့်ဂိုး စတင်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဖယ်ရန် တောရက်စ်နဲ့ အပေးအယူလုပ်ပြီး ရလာခဲ့တဲ့ လူစားဝင်နောက်ခံလူ ဟေဆူးစ် နာဗက်စ်ရဲ့ ဖြတ်တင်ဘောကို အသင်းခေါင်းဆောင် တိုက်စစ်မှူး မိုရာတာက နှေးကွေးလေးလံနေတဲ့ စကော့တလန်ခံစစ်ကြားကနေ ဒိုက်ဗင်ထိုး ခေါင်းတိုက်ပြီး ရယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ စပိန်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဘောလုံးထိန်းဖို့ ကြိုးစားရင်း ချော်လဲတဲ့ စကော့ ဘယ်နောက်ခံလူ ဟစ်ကီရဲ့ အမှားကနေ ဟိုဆေးလူးက ရယူသွားနိုင်ခဲ့ပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးရာမှာ ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ အွိုင်ဟန် ဆန်ဆေးက ကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ စပိန်တို့က ဒီပွဲမတိုင်ခင်အထိ ငါးပွဲဆက်တိုက်နိုင်ထားပြီး ရာနှုန်းပြည့်မှတ်တမ်းကို ပိုင်ဆိုင်ထားတဲ့ စကော့တလန်တို့ကို ပထမဆုံး ရှုံးပွဲနဲ့ ပါကင်ဖွင့်ပေးနိုင်ခဲ့ပြီး အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ ခြေစစ်ပွဲအောင်ဖို့ လမ်းကြောင်းပေါ်ကို ရောက်ရှိသွားနိုင်ခဲ့သလို အုပ်စုအေမှာတော့ သူတို့နှစ်သင်းစလုံးနဲ့ ကစားရဦးမယ့် နော်ဝေတို့ကြောင့် စိတ်လှုပ်ရှားစရာတွေ ဖြစ်လာခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: စပိန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အူႏိုင္း ဆီမြန္၊ ခံစစ္မွာ လူေနာ္မြန္၊ လာေပါ့တ္၊ ကာဗာဟယ္လ္နဲ႔ ဘာလ္ဒီတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ မယ္ရီႏိုနဲ႔ ဂါဗီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖယ္ရန္ ေတာရက္စ္၊ အိုယာဇာဘယ္လ္နဲ႔ မိုရာတာတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ စေကာ့တလန္တို႔ကေတာ့ ဂိုးသမား ဂန္း၊ ခံစစ္မွာ ဟင္ဒရီ၊ ေပၚတီးယပ္စ္၊ မက္ကင္နာ၊ ဟစ္ကီနဲ႔ ေရာဘတ္ဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ မက္ဂရီဂါ၊ မက္ေတာ္မီေနး၊ မက္ဂင္းနဲ႔ ခရစၥတီးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဒိုက္ခ္စ္တစ္ဦးတည္းကို အေထာင္ထားခဲ့တာပါ။

ပြဲစတာနဲ႔ စပိန္တို႔ ေဘာလုံးပိုင္ဆိုင္မႈအသာစီးနဲ႔ ဖိကစားခဲ့ၿပီး အခြင့္အေရးေတြ အႀကိမ္ႀကိမ္ ရခဲ့ေပမယ့္ မိုရာတာတို႔အဖြဲ႕ အသုံးမခ်ႏိုင္ခဲ့ခ်ိန္မွာ စေကာ့တလန္တို႔ကေတာ့ ခံစစ္မေကာင္းလွေပမယ့္လည္း ကံေကာင္းေနခဲ့ၿပီး မယ္ရီႏိုရဲ႕ ကန္ခ်က္ တိုင္ထိ႐ုံတင္ မဟုတ္ဘဲ ဂိုးစည္းေပၚ ကန႔္လန႔္ျဖတ္ၿပီး ထြက္သြားခဲ့တာက ေတာ္ေတာ္ေလး ခံစားရက္ခဲ့တာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာ လီဗာပူးလ္ေနာက္ခံလူ ေရာဘတ္ဆန္ နာသြားခဲ့လို႔ သူ႔ေနရာကို ပက္တာဆန္ ဝင္လာခဲ့ၿပီး ဟစ္ကီက ဘယ္ျခမ္းကို ေျပာင္းကစားခဲ့ရာမွာကေတာ့ ဒါက သူတို႔အတြက္ ဆိုး႐ြားတဲ့ အလွည့္အေျပာင္းျဖစ္ခဲ့ၿပီး စပိန္တိုက္စစ္ကို ထိန္းႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရသလို ကံေကာင္းလို႔သာ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ စေကာ့တလန္တို႔ ေကာင္တာကိုပဲ အားျပဳေနခဲ့ၿပီး ပြဲခ်ိန္မိနစ္ ၆၀ မွာ မက္ေတာ္မီေနးရဲ႕ ဖရီးကစ္ကို တိုက္႐ိုက္ကန္သြင္းမႈက ဂိုးဝင္သြားခဲ့ေပမယ့္ စပိန္ဂိုးသမား အူႏိုင္း ဆီမြန္ေရွ႕မွာ ကန႔္လန႔္ကန႔္လန႔္လုပ္ၿပီး အထူအပါး နားမလည္တဲ့ ဟင္ဒရီကို VAR နဲ႔ ျပစ္ဒဏ္ေဘာ သတ္မွတ္ခံခဲ့ရတာေၾကာင့္ ဧည့္သည္ေတြ နစ္နာခဲ့ရတာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ စပိန္တို႔ အဖြင့္ဂိုး စတင္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဖယ္ရန္ ေတာရက္စ္နဲ႔ အေပးအယူလုပ္ၿပီး ရလာခဲ့တဲ့ လူစားဝင္ေနာက္ခံလူ ေဟဆူးစ္ နာဗက္စ္ရဲ႕ ျဖတ္တင္ေဘာကို အသင္းေခါင္းေဆာင္ တိုက္စစ္မႉး မိုရာတာက ေႏွးေကြးေလးလံေနတဲ့ စေကာ့တလန္ခံစစ္ၾကားကေန ဒိုက္ဗင္ထိုး ေခါင္းတိုက္ၿပီး ရယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ စပိန္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ေဘာလုံးထိန္းဖို႔ ႀကိဳးစားရင္း ေခ်ာ္လဲတဲ့ စေကာ့ ဘယ္ေနာက္ခံလူ ဟစ္ကီရဲ႕ အမွားကေန ဟိုေဆးလူးက ရယူသြားႏိုင္ခဲ့ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ရႈပ္ယွက္ခတ္ေနတဲ့ အေနအထားကေန အြိဳင္ဟန္ ဆန္ေဆးက ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ စပိန္တို႔က ဒီပြဲမတိုင္ခင္အထိ ငါးပြဲဆက္တိုက္ႏိုင္ထားၿပီး ရာႏႈန္းျပည့္မွတ္တမ္းကို ပိုင္ဆိုင္ထားတဲ့ စေကာ့တလန္တို႔ကို ပထမဆုံး ရႈံးပြဲနဲ႔ ပါကင္ဖြင့္ေပးႏိုင္ခဲ့ၿပီး အိမ္ကြင္းမွာ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ ေျခစစ္ပြဲေအာင္ဖို႔ လမ္းေၾကာင္းေပၚကို ေရာက္ရွိသြားႏိုင္ခဲ့သလို အုပ္စုေအမွာေတာ့ သူတို႔ႏွစ္သင္းစလုံးနဲ႔ ကစားရဦးမယ့္ ေနာ္ေဝတို႔ေၾကာင့္ စိတ္လႈပ္ရွားစရာေတြ ျဖစ္လာခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.