International Match Report

ကလပ်မှာ ဂိုးမသွင်းနိုင်လို့ နိုင်ငံမှာ ပေါက်ကွဲတဲ့ ဟားလန်းနဲ့ နိုင်ပွဲယူတဲ့ နော်ဝေ

နော်ဝေအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နီလန်း၊ ခံစစ်မှာ အာယေး၊ အော့စတီဂါဒ်၊ ရိုင်ယာဆန်နဲ့ မဲလင်းတို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ ဆန်ဒါ ဘာဂါ၊ အော့စ်နက်စ်နဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆော်လော့သ်၊ ဆောလ်ဘက်ကင်နဲ့ ဟားလန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဥရောပထိပ်တန်းလိဂ်တွေမှာ ကစားနေခဲ့ကြတဲ့ နော်ဝေသားတွေအတွက် နယူးကာဆယ်လ်တိုက်စစ်မှူးဟောင်း ဂျော်ဂျီယာသား တီမူရ် ကက်စ်ဘိုင်းယားနည်းပြနေခဲ့တဲ့ ဆိုက်ပရပ်စ်ကတော့ ပြိုင်ဘက်ကောင်း မဟုတ်ခဲ့ဘဲ့ အဝေးကွင်းမှာ ကစားခဲ့ရပေမယ့် ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့သလို အလွယ်တကူပဲ နိုင်ပွဲရှာဖွေနိုင်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာ နော်ဝေတို့ အဖွင့်ဂိုး ရယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်တွဲလုံးကနေ အော်ဒီဂွါဒ် ခင်းပေးတာကို ဟားလန်း ဖောက်ထွက်ဖို့ မအောင်မြင်ဘဲ လူငြိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို ညာတောင်ပံသမား ဆော်လော့သ်က အပြင်းကန်သွင်းခဲ့ရာမှာ ဆိုက်ပရပ်စ်နောက်ခံလူနဲ့ထိပြီး လမ်းကြောင်း ပြောင်းဝင်သွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ခံစစ်ပိတ်ကစားနေတဲ့ ဆိုက်ပရပ်စ်တို့ကို ဖြိုခွဲဖို့ ခက်နေခဲ့တဲ့အတွက် နည်းပြ ဆောလ်ဘက်ကင်က သူနဲ့ နာမည်တူပေမယ့် အမျိုးမတော်တဲ့ ရိုးမား တိုက်စစ်မှူး ဆောလ်ဘက်ကင်နဲ့ ဆော်လော့သ်တို့အစား သွက်လက်လျင်မြန်တဲ့ တောင်ပံသမားတွေဖြစ်ကြတဲ့ နူဆာနဲ့ အော်စကာ ဘော့ဘ်တို့ကို ထည့်သွင်းပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ နော်ဝေတို့ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကနေ အော့စ်နက်စ် ခေါင်းတိုက်တာက ရှပ်ထိရုံထိပြီး အဝေးတိုင်ဘက်ကို ကျလာခဲ့တဲ့ ဘောလုံးကို ဟားလန်းက တစ်ချက်ထိန်းပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ နော်ဝေတို့ပဲ အနိုင်ပြတ်သားစေမယ့် တတိယဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ မဲလင်း ခင်းပေးတဲ့ ဘောလုံးကို ဘယ်တောင်ပံကနေ တစ်ကိုယ်တော်ခြေစွမ်းနဲ့ ထိုးဖောက်သွားခဲ့တဲ့ နူဆာက ဂိုးစည်းနားကနေ ဖြတ်တင်ပေးရာမှာ အဝေးတိုင်ဘက်မှာ ရှိနေတဲ့ ဟားလန်းက ခပ်ညံ့ညံ့ဂိုးသမားကို အပိုင်ခေါင်းတိုက်ပြီး ရယူသွားခဲ့တာပါ။

နော်ဝေတို့အတွက် ပွဲသိမ်း စတုတ္ထဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ အော်စကာ ဘော့ဘ်က ဧရိယာထဲ ချိုးပေးတာကို ဆိုက်ပရပ်စ်နောက်ခံလူတွေ မရှင်းထုတ်နိုင်ဘဲ ခြေကြားထဲက ထွက်လာခဲ့တဲ့ ဘောလုံးကို ခြေစွမ်းပြနေတဲ့ အော့စ်နက်စ်က ဂိုးရှေ့ကနေ အနီးကပ် ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နော်ဝေတို့က ဆိုက်ပရပ်စ်တို့ကို အဝေးကွင်းမှာ မန်စီးတီးနဲ့ ဂိုးမသွင်းရသမျှ လာပေါက်ကွဲတဲ့ ဟားလန်းရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့အတူ လေးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ကြပြီး လက်ကျန်နှစ်ပွဲမှာ စကော့တလန်နဲ့ စပိန်တို့ကို ခြေချော်ခဲ့ရင်၊ ဒါမှမဟုတ် ကိုယ်တိုင် အနိုင်ယူနိုင်ခဲ့ရင် ခြေစစ်ပွဲ အောင်မြင်ခွင့်အတွက် ပြင်ဆင်နိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေနာ္ေဝအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နီလန္း၊ ခံစစ္မွာ အာေယး၊ ေအာ့စတီဂါဒ္၊ ႐ိုင္ယာဆန္နဲ႔ မဲလင္းတို႔ကို အသုံးျပဳခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဆန္ဒါ ဘာဂါ၊ ေအာ့စ္နက္စ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေဆာ္ေလာ့သ္၊ ေဆာလ္ဘက္ကင္နဲ႔ ဟားလန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဥေရာပထိပ္တန္းလိဂ္ေတြမွာ ကစားေနခဲ့ၾကတဲ့ ေနာ္ေဝသားေတြအတြက္ နယူးကာဆယ္လ္တိုက္စစ္မႉးေဟာင္း ေဂ်ာ္ဂ်ီယာသား တီမူရ္ ကက္စ္ဘိုင္းယားနည္းျပေနခဲ့တဲ့ ဆိုက္ပရပ္စ္ကေတာ့ ၿပိဳင္ဘက္ေကာင္း မဟုတ္ခဲ့ဘဲ့ အေဝးကြင္းမွာ ကစားခဲ့ရေပမယ့္ ပြဲကို ထိန္းခ်ဳပ္ကစားႏိုင္ခဲ့သလို အလြယ္တကူပဲ ႏိုင္ပြဲရွာေဖြႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ေနာ္ေဝတို႔ အဖြင့္ဂိုး ရယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္တြဲလုံးကေန ေအာ္ဒီဂြါဒ္ ခင္းေပးတာကို ဟားလန္း ေဖာက္ထြက္ဖို႔ မေအာင္ျမင္ဘဲ လူၿငိၿပီး က်န္ခဲ့တဲ့ ေဘာလုံးကို ညာေတာင္ပံသမား ေဆာ္ေလာ့သ္က အျပင္းကန္သြင္းခဲ့ရာမွာ ဆိုက္ပရပ္စ္ေနာက္ခံလူနဲ႔ထိၿပီး လမ္းေၾကာင္း ေျပာင္းဝင္သြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ခံစစ္ပိတ္ကစားေနတဲ့ ဆိုက္ပရပ္စ္တို႔ကို ၿဖိဳခြဲဖို႔ ခက္ေနခဲ့တဲ့အတြက္ နည္းျပ ေဆာလ္ဘက္ကင္က သူနဲ႔ နာမည္တူေပမယ့္ အမ်ိဳးမေတာ္တဲ့ ႐ိုးမား တိုက္စစ္မႉး ေဆာလ္ဘက္ကင္နဲ႔ ေဆာ္ေလာ့သ္တို႔အစား သြက္လက္လ်င္ျမန္တဲ့ ေတာင္ပံသမားေတြျဖစ္ၾကတဲ့ ႏူဆာနဲ႔ ေအာ္စကာ ေဘာ့ဘ္တို႔ကို ထည့္သြင္းေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေနာ္ေဝတို႔ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကေန ေအာ့စ္နက္စ္ ေခါင္းတိုက္တာက ရွပ္ထိ႐ုံထိၿပီး အေဝးတိုင္ဘက္ကို က်လာခဲ့တဲ့ ေဘာလုံးကို ဟားလန္းက တစ္ခ်က္ထိန္းၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ ေနာ္ေဝတို႔ပဲ အႏိုင္ျပတ္သားေစမယ့္ တတိယဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန မဲလင္း ခင္းေပးတဲ့ ေဘာလုံးကို ဘယ္ေတာင္ပံကေန တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ထိုးေဖာက္သြားခဲ့တဲ့ ႏူဆာက ဂိုးစည္းနားကေန ျဖတ္တင္ေပးရာမွာ အေဝးတိုင္ဘက္မွာ ရွိေနတဲ့ ဟားလန္းက ခပ္ညံ့ညံ့ဂိုးသမားကို အပိုင္ေခါင္းတိုက္ၿပီး ရယူသြားခဲ့တာပါ။

ေနာ္ေဝတို႔အတြက္ ပြဲသိမ္း စတုတၳဂိုးကိုေတာ့ ပြဲခ်ိန္ ၈၁ မိနစ္မွာ ရရွိခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတြဲလုံးကေန ေအာ္စကာ ေဘာ့ဘ္က ဧရိယာထဲ ခ်ိဳးေပးတာကို ဆိုက္ပရပ္စ္ေနာက္ခံလူေတြ မရွင္းထုတ္ႏိုင္ဘဲ ေျခၾကားထဲက ထြက္လာခဲ့တဲ့ ေဘာလုံးကို ေျခစြမ္းျပေနတဲ့ ေအာ့စ္နက္စ္က ဂိုးေရွ႕ကေန အနီးကပ္ ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေနာ္ေဝတို႔က ဆိုက္ပရပ္စ္တို႔ကို အေဝးကြင္းမွာ မန္စီးတီးနဲ႔ ဂိုးမသြင္းရသမွ် လာေပါက္ကြဲတဲ့ ဟားလန္းရဲ႕ သြင္းဂိုး ႏွစ္ဂိုးနဲ႔အတူ ေလးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး လက္က်န္ႏွစ္ပြဲမွာ စေကာ့တလန္နဲ႔ စပိန္တို႔ကို ေျခေခ်ာ္ခဲ့ရင္၊ ဒါမွမဟုတ္ ကိုယ္တိုင္ အႏိုင္ယူႏိုင္ခဲ့ရင္ ေျခစစ္ပြဲ ေအာင္ျမင္ခြင့္အတြက္ ျပင္ဆင္ႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.