Saudi League

တရားဝင် လက်မှတ်မထိုးဘဲနဲ့ ဂျရတ်အတွက် ပါဝင်ကစားပေးခဲ့တဲ့ လင်ဂတ်

ဂျက်ဆီ လင်ဂတ်ဟာ ဆော်ဒီပရိုလိဂ်ကလပ်နဲ့ တရားဝင် လက်မှတ်ရေးထိုးခဲ့ခြင်းမရှိပေမယ့်လည်း အယ်လ် အတ်တီဖတ်အသင်းအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့ပါတယ်။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ကို ဆော်ဒီ ပရိုလိဂ်ကလပ်နဲ့အတူ လေ့ကျင့်ရေး ဆင်းနေခဲ့တာဖြစ်ပြီး အယ်လ် အတ်တီဖတ်က စက်တင်ဘာလနှောင်းပိုင်းမှာ မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်းက အသင်းမှာ တစ်လလောက် အချိန်ကုန်ဆုံးလိမ့်မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဆော်ဒီကလပ်နဲ့ စာချုပ် ချုပ်ဆိုခြင်းမရှိပေမယ့်လည်း ဗုဒ္ဓဟူးနေ့နံနက်က ကစားခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ အယ်လ် အတ်တီဖတ်အတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ယခုရာသီအစောပိုင်းမှာ အသက် ၃၀ အရွယ် ကွင်းလယ်ကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်ကနေ ထွက်ခွာခဲ့ပြီးနောက် ဝက်စ်ဟမ်းယူနိုက်တက်နဲ့ လေ့ကျင့်ရေး ဆင်းနေခဲ့တာဖြစ်ပေမယ့်လည်း လင်ဂတ်ဟာ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ချင်တာကြောင့် လန်ဒန်ကလပ်နဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

လင်ဂတ်ဟာ ဝက်စ်ဟမ်းနဲ့ တစ်လကျော် လေ့ကျင့်ခဲ့ပြီး စက်တင်ဘာလက အစ်ပ်ဆွစ်ချ်တောင်းနဲ့ ကစားခဲ့တဲ့ တံခါးပိတ် ခြေစွမ်းပွဲမှာတောင် ဒေးဗစ် မွိုက်စ်ရဲ့အသင်းအတွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအတွက်ရော အယ်လ် အတ်တီဖတ်အတွက်ပါ ယခုရာသီမှာ ပါဝင်ကစားပေးထားတဲ့ လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ်ကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ကစားသမားဘဝအချိန်အများစုကို မန်ယူနိုက်တက်မှာ ကုန်ဆုံးခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် နွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် စတီဗင် ဂျရတ် နည်းပြနေတဲ့ အယ်လ် အတ်တီဖတ်အသင်းဟာ ယခုနွေရာသီမှာ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဂျက်ဆီ လင်ဂတ်ကိုရော စာချုပ်ချုပ်ဆိုသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်က္ဆီ လင္ဂတ္ဟာ ေဆာ္ဒီပ႐ိုလိဂ္ကလပ္နဲ႔ တရားဝင္ လက္မွတ္ေရးထိုးခဲ့ျခင္းမရွိေပမယ့္လည္း အယ္လ္ အတ္တီဖတ္အသင္းအတြက္ ပြဲထြက္ပါဝင္ကစားေပးခဲ့ပါတယ္။

လင္ဂတ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ကို ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္နဲ႔အတူ ေလ့က်င့္ေရး ဆင္းေနခဲ့တာျဖစ္ၿပီး အယ္လ္ အတ္တီဖတ္က စက္တင္ဘာလေႏွာင္းပိုင္းမွာ မန္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းက အသင္းမွာ တစ္လေလာက္ အခ်ိန္ကုန္ဆုံးလိမ့္မယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

အဂၤလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ေဆာ္ဒီကလပ္နဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုျခင္းမရွိေပမယ့္လည္း ဗုဒၶဟူးေန႔နံနက္က ကစားခဲ့တဲ့ တံခါးပိတ္ ေျခစမ္းပြဲမွာ အယ္လ္ အတ္တီဖတ္အတြက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ယခုရာသီအေစာပိုင္းမွာ အသက္ ၃၀ အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ေနာ္တင္ဟမ္ေဖာရက္စ္ကေန ထြက္ခြာခဲ့ၿပီးေနာက္ ဝက္စ္ဟမ္းယူႏိုက္တက္နဲ႔ ေလ့က်င့္ေရး ဆင္းေနခဲ့တာျဖစ္ေပမယ့္လည္း လင္ဂတ္ဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕ခ်င္တာေၾကာင့္ လန္ဒန္ကလပ္နဲ႔ ဆက္ဆံေရးကို အဆုံးသတ္ဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

လင္ဂတ္ဟာ ဝက္စ္ဟမ္းနဲ႔ တစ္လေက်ာ္ ေလ့က်င့္ခဲ့ၿပီး စက္တင္ဘာလက အစ္ပ္ဆြစ္ခ်္ေတာင္းနဲ႔ ကစားခဲ့တဲ့ တံခါးပိတ္ ေျခစြမ္းပြဲမွာေတာင္ ေဒးဗစ္ မြိဳက္စ္ရဲ႕အသင္းအတြက္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းအတြက္ေရာ အယ္လ္ အတ္တီဖတ္အတြက္ပါ ယခုရာသီမွာ ပါဝင္ကစားေပးထားတဲ့ လင္ဂတ္ဟာ ေနာ္တင္ဟမ္ေဖာရက္စ္ကေန ထြက္ခြာၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး ကစားသမားဘဝအခ်ိန္အမ်ားစုကို မန္ယူႏိုက္တက္မွာ ကုန္ဆုံးခဲ့ၿပီးေနာက္ ၂၀၂၂ ခုႏွစ္ ေႏြရာသီမွာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ဂႏၲဝင္ စတီဗင္ ဂ်ရတ္ နည္းျပေနတဲ့ အယ္လ္ အတ္တီဖတ္အသင္းဟာ ယခုေႏြရာသီမွာ လီဗာပူးလ္အသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ေပါင္ ၁၂ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဂ်က္ဆီ လင္ဂတ္ကိုေရာ စာခ်ဳပ္ခ်ဳပ္ဆိုသြားမလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.