Saudi League

ပရီးမီးယားလိဂ်ကို ပြန်လာတော့မယ့် ခရစ္စတီယာနို ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကနေ ပရီးမီးယားလိဂ်နဲ့ ဥရောပဘောလုံးလောကဆီကို ပြန်လာဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပြီး အယ်လ်နာဆာကြယ်ပွင့်ဟာ ၂၀၂၄ ခုနှစ်မှာ နယူးကာဆယ်ကို ပြောင်းရွှေ့ချင်ရင် ပြောင်းရွှေ့နိုင်တယ်လို့ အသိပေးခံခဲ့ရကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက်ပိုင်း စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက် အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့တာဖြစ်ပြီး ဝါရင့်တိုက်စစ်မှူးဟာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နာဆာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဆော်ဒီ ပရိုလိဂ်ကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက ၂၄ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသနေဆဲဖြစ်တာကြောင့် အသင်းပိုင်ရှင်တွေကို သဘောကျစေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ နယူးကာဆယ်အသင်းပိုင်ရှင်တွေလည်းဖြစ်တဲ့ အယ်လ်နာဆာအသင်းပိုင်ရှင်တွေဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဥရောပကို ပြန်လည်ပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးလိုက်ပြီဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က လက်ခံမလားဆိုတာ မသိရသေးပေမယ့်လည်း လာမယ့်ရက်သတ္တပတ်တွေမှာတော့ စဉ်းစားသွားဖွယ်ရှိပါတယ်။

ငှက်ကျားတွေဟာ ယခုနွေရာသီမှာ ဆန်ဒရို တိုနာလီကို ကြီးမားတဲ့ ငွေကြေးနဲ့ ခေါ်ယူခဲ့ပြီးနောက် စူပါစတား ကစားသမားအချို့နဲ့ လူစာရင်းကို အင်အားဖြည့်တင်းဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီကို ၄-၁ နဲ့ အနိုင်ရရှိခဲ့မှုက နယူးကာဆယ်တို့ကို ယုံကြည်ချက် ကြီးကြီးမားမား မြင့်တက်စေခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီဝါရင့်တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာပြီးကတည်းက ဥရောပမှာ ရနိုင်သမျှ အောင်မြင်မှုအားလုံး ရယူခဲ့ပြီးဖြစ်တယ်လို့ စကားကုန်ပြောခဲ့တာဖြစ်ပြီး ဆော်ဒီမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ ပြင်ဆင်နေပုံပေါ်ပါတယ်။

နယူးကာဆယ်ဟာ ၂၀၂၁ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယသက်တမ်း ပွဲဦးထွက်အဖြစ် ပါဝင်ကစားပေးခဲ့တဲ့ပွဲမှာ ရော်နယ်လ်ဒိုရဲ့ ၂ ဂိုးအထိ သွင်းယူခြင်းခံခဲ့ရတာဖြစ်ပြီး ငှက်ကျားတွေဟာ အင်္ဂလိပ်ဘောလုံးလောကမှာ သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ အသင်းကြီးဖြစ်သလို အသင်းပိုင်ရှင်သစ်တွေကလည်း ဗင်နီးရှပ်စ် ဂျူနီယာအပါအဝင် ထိပ်တန်းကစားသမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ကြတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေဆာ္ဒီ အာေရဗ်ကေန ပရီးမီးယားလိဂ္နဲ႔ ဥေရာပေဘာလုံးေလာကဆီကို ျပန္လာဖို႔ ကမ္းလွမ္းျခင္းခံခဲ့ရၿပီး အယ္လ္နာဆာၾကယ္ပြင့္ဟာ ၂၀၂၄ ခုႏွစ္မွာ နယူးကာဆယ္ကို ေျပာင္းေ႐ႊ႕ခ်င္ရင္ ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ အသိေပးခံခဲ့ရေၾကာင္း El Nacional က ေဖာ္ျပခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္နဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ပိုင္း စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရၿပီးေနာက္ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာခဲ့တာျဖစ္ၿပီး ဝါရင့္တိုက္စစ္မႉးဟာ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွာ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေဆာ္ဒီ ပ႐ိုလိဂ္ကို ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက ၂၄ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၂၄ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး ထိပ္တန္းအဆင့္ ေျခစြမ္းကို ျပသေနဆဲျဖစ္တာေၾကာင့္ အသင္းပိုင္ရွင္ေတြကို သေဘာက်ေစခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိမွာ နယူးကာဆယ္အသင္းပိုင္ရွင္ေတြလည္းျဖစ္တဲ့ အယ္လ္နာဆာအသင္းပိုင္ရွင္ေတြဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဥေရာပကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔ လမ္းဖြင့္ေပးလိုက္ၿပီျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က လက္ခံမလားဆိုတာ မသိရေသးေပမယ့္လည္း လာမယ့္ရက္သတၱပတ္ေတြမွာေတာ့ စဥ္းစားသြားဖြယ္ရွိပါတယ္။

ငွက္က်ားေတြဟာ ယခုေႏြရာသီမွာ ဆန္ဒ႐ို တိုနာလီကို ႀကီးမားတဲ့ ေငြေၾကးနဲ႔ ေခၚယူခဲ့ၿပီးေနာက္ စူပါစတား ကစားသမားအခ်ိဳ႕နဲ႔ လူစာရင္းကို အင္အားျဖည့္တင္းဖို႔ စိတ္ဝင္စားေနတာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့မႈက နယူးကာဆယ္တို႔ကို ယုံၾကည္ခ်က္ ႀကီးႀကီးမားမား ျမင့္တက္ေစခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီဝါရင့္တိုက္စစ္မႉးဟာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာၿပီးကတည္းက ဥေရာပမွာ ရႏိုင္သမွ် ေအာင္ျမင္မႈအားလုံး ရယူခဲ့ၿပီးျဖစ္တယ္လို႔ စကားကုန္ေျပာခဲ့တာျဖစ္ၿပီး ေဆာ္ဒီမွာ ကစားသမားဘဝကို အဆုံးသတ္ဖို႔ ျပင္ဆင္ေနပုံေပၚပါတယ္။

နယူးကာဆယ္ဟာ ၂၀၂၁ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဒုတိယသက္တမ္း ပြဲဦးထြက္အျဖစ္ ပါဝင္ကစားေပးခဲ့တဲ့ပြဲမွာ ေရာ္နယ္လ္ဒိုရဲ႕ ၂ ဂိုးအထိ သြင္းယူျခင္းခံခဲ့ရတာျဖစ္ၿပီး ငွက္က်ားေတြဟာ အဂၤလိပ္ေဘာလုံးေလာကမွာ သမိုင္းေၾကာင္းအစဥ္အလာႀကီးမားတဲ့ အသင္းႀကီးျဖစ္သလို အသင္းပိုင္ရွင္သစ္ေတြကလည္း ဗင္နီးရွပ္စ္ ဂ်ဴနီယာအပါအဝင္ ထိပ္တန္းကစားသမားေတြကို ေခၚယူဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့ၾကတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.