MLS Messi Saudi League

အချက်အလက်လေ့လာဆန်းစစ်သူရဲ့ ဖော်ပြချက်အရ မက်ဆီထက် သာလွန်နေတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာဟာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးအသင်းစာရင်းထဲမှာ လီယွန်နယ် မက်ဆီရဲ့ အင်တာ မိုင်ယာမီထက် ပိုမိုမြင့်မားတဲ့ အဆင့်မှာရပ်တည်နေပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလမှာ အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ ကမ္ဘာကျော် ဘောလုံးသမား အများအပြားကို အရှေ့အလယ်ပိုင်း ပြောင်းရွှေ့လာဖို့အတွက် လမ်းသစ်ဖောက်ပေးခဲ့တာ ဖြစ်ပါတယ်။

မက်ဆီကလည်း ဇူလိုင်လမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တသက်တာအကောင်းဆုံးကစားသမား ၂ ဦးစလုံးဟာ အသင်းသစ်တွေမှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတွေကို ပြသထားနိုင်ခဲ့ကြပြီးဖြစ်ပါတယ်။

မက်ဆီက အင်တာ မိုင်ယာမီနဲ့ လိဂ်ဖလားကို ကိုင်မြှောက်ထားနိုင်ခဲ့ပြီးဖြစ်သလို ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း အာရပ်ကလပ်ဖလားကို ကိုင်မြှောက်ထားနိုင်ခဲ့ပြီး ပေါ်တူဂီကြယ်ပွင့်ဟာ ဆော်ဒီ ပရိုလိဂ်မှာ ၂၄ ပွဲကစား ၂၄ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ၂ ဦးစလုံးဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုအပြင်ဘက်က လိဂ်တွေကို သွားရောက်ခဲ့ကြတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်ကြောင့် ဆော်ဒီပရိုလိဂ်က ဘက်စုံဖွံ့ဖြိုးတိုးတက်လာခဲ့သလို အာဂျင်တီးနားကြယ်ပွင့်ကြောင့်လည်း မေဂျာလိဂ်ဟာ မယုံနိုင်စရာနှုန်းနဲ့ တိုးတက်လာနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပတ်စဥ် အသစ်တက်နေတဲ့ Opta Power Rankings က နောက်ဆုံးထုတ်ပြန်ချက်အရ ရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာဟာ မက်ဆီရဲ့ အင်တာ မိုင်ယာမီနဲ့ယှဉ်ရင် ထိပ်ရောက်နေတယ်လို့ သိရပြီး ဆော်ဒီကလပ်က အဆင့် ၈၆ နေရာမှာ ရပ်တည်နေချိန်မှာ မေဂျာလိဂ်ကလပ်က အဆင့် ၂၃၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့အသင်းဟာ ဆော်ဒီပရိုလိဂ်မှာ ထိပ်ဆုံးက ရပ်တည်နေတဲ့အသင်းတော့မဟုတ်ဘဲ ယခုနွေရာသီမှာ နေမာကို ခေါ်ယူနိုင်ခဲ့တဲ့ အယ်လ်ဟီလာလ်က ရပ်တည်နေတာဖြစ်ပြီး ၎င်းတို့ကတော့ အဆင့် ၇၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နှစ်သင်းစလုံးက လီဂူးဝမ်းကလပ် လီယွန်၊ စကော့တလန် ထိပ်သီးအသင်းကြီး ဆဲလ်တစ်တို့ထက် သာလွန်တဲ့အဆင့်မှာ ရပ်တည်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် ဘန်လေထကလည်း သာလွန်နေတာဖြစ်ပါတယ်။ တတိယမြောက်အဆင့်အမြင့်ဆုံး ဆော်ဒီအသင်းကတော့ အယ်လ် အစ်တီဟတ်(၉၇)ဖြစ်ပြီး ကာရင် ဘန်ဇီးမား၊ ဖာဘင်ညို၊ အန်ဂိုလို ကွန်တေတို့လို ကစားသမားတွေကို ခေါ်ယူထားနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕ အေကာင္းဆုံးအသင္းစာရင္းထဲမွာ လီယြန္နယ္ မက္ဆီရဲ႕ အင္တာ မိုင္ယာမီထက္ ပိုမိုျမင့္မားတဲ့ အဆင့္မွာရပ္တည္ေနပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ၂၀၂၃ ဇန္နဝါရီလမွာ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး ယခုေႏြရာသီမွာ ကမာၻေက်ာ္ ေဘာလုံးသမား အမ်ားအျပားကို အေရွ႕အလယ္ပိုင္း ေျပာင္းေ႐ႊ႕လာဖို႔အတြက္ လမ္းသစ္ေဖာက္ေပးခဲ့တာ ျဖစ္ပါတယ္။

မက္ဆီကလည္း ဇူလိုင္လမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ ေမဂ်ာလိဂ္ကလပ္ အင္တာ မိုင္ယာမီကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးစလုံးဟာ အသင္းသစ္ေတြမွာ သိသာထင္ရွားတဲ့ အက်ိဳးသက္ေရာက္မႈေတြကို ျပသထားႏိုင္ခဲ့ၾကၿပီးျဖစ္ပါတယ္။

မက္ဆီက အင္တာ မိုင္ယာမီနဲ႔ လိဂ္ဖလားကို ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီးျဖစ္သလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း အာရပ္ကလပ္ဖလားကို ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီး ေပၚတူဂီၾကယ္ပြင့္ဟာ ေဆာ္ဒီ ပ႐ိုလိဂ္မွာ ၂၄ ပြဲကစား ၂၄ ဂိုးအထိ သြင္းယူထားတာ ျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ ၂ ဦးစလုံးဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုအျပင္ဘက္က လိဂ္ေတြကို သြားေရာက္ခဲ့ၾကတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္ေၾကာင့္ ေဆာ္ဒီပ႐ိုလိဂ္က ဘက္စုံဖြံ႕ၿဖိဳးတိုးတက္လာခဲ့သလို အာဂ်င္တီးနားၾကယ္ပြင့္ေၾကာင့္လည္း ေမဂ်ာလိဂ္ဟာ မယုံႏိုင္စရာႏႈန္းနဲ႔ တိုးတက္လာေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အပတ္စဥ္ အသစ္တက္ေနတဲ့ Opta Power Rankings က ေနာက္ဆုံးထုတ္ျပန္ခ်က္အရ ေရာ္နယ္လ္ဒိုရဲ႕ အယ္လ္နာဆာဟာ မက္ဆီရဲ႕ အင္တာ မိုင္ယာမီနဲ႔ယွဥ္ရင္ ထိပ္ေရာက္ေနတယ္လို႔ သိရၿပီး ေဆာ္ဒီကလပ္က အဆင့္ ၈၆ ေနရာမွာ ရပ္တည္ေနခ်ိန္မွာ ေမဂ်ာလိဂ္ကလပ္က အဆင့္ ၂၃၆ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒိုရဲ႕အသင္းဟာ ေဆာ္ဒီပ႐ိုလိဂ္မွာ ထိပ္ဆုံးက ရပ္တည္ေနတဲ့အသင္းေတာ့မဟုတ္ဘဲ ယခုေႏြရာသီမွာ ေနမာကို ေခၚယူႏိုင္ခဲ့တဲ့ အယ္လ္ဟီလာလ္က ရပ္တည္ေနတာျဖစ္ၿပီး ၎တို႔ကေတာ့ အဆင့္ ၇၅ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႏွစ္သင္းစလုံးက လီဂူးဝမ္းကလပ္ လီယြန္၊ စေကာ့တလန္ ထိပ္သီးအသင္းႀကီး ဆဲလ္တစ္တို႔ထက္ သာလြန္တဲ့အဆင့္မွာ ရပ္တည္ေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ ဘန္ေလထကလည္း သာလြန္ေနတာျဖစ္ပါတယ္။ တတိယေျမာက္အဆင့္အျမင့္ဆုံး ေဆာ္ဒီအသင္းကေတာ့ အယ္လ္ အစ္တီဟတ္(၉၇)ျဖစ္ၿပီး ကာရင္ ဘန္ဇီးမား၊ ဖာဘင္ညိဳ၊ အန္ဂိုလို ကြန္ေတတို႔လို ကစားသမားေတြကို ေခၚယူထားႏိုင္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.