ဒေးဗစ် ဒဟေးယားဟာ အသင်းအနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေချိန်မှာ မန်ချက်စတာကို ပြန်ရောက်နေတယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ ပြီးခဲ့တဲ့ ဇွန်လမှာ အိုးထရက်ဖို့ဒ်မှာ ရှိနေခဲ့တဲ့ ၁၂ နှစ်တာ ကာလကို အဆုံးသတ်ခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရခဲ့တဲ့နောက် အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။
ဒဟေးယားဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ မန်ချက်စတာယူနိုက်တက်အတွက် လစာလျှော့ယူပြီး စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပေမယ့်လည်း အသင်းတာဝန်ရှိသူတွေက အဲဒီကမ်းလှမ်းချက်ကို ပြန်လည်ရုတ်သိမ်းပြီးနောက် ပိုမိုနည်းပါးတဲ့ လစာနဲ့ ကမ်းလှမ်းခဲ့တာကြောင့် သဘောတူညီမှု မရခဲ့တာဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ဂိုးသမားဟာ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ အသစ်ရောက်လာတဲ့ ဂိုးသမား အိုနာနာက အချိန်တိုအတွင်း ဖုန်းတစ်ဂိုးရှင်အဖြစ် နာမည်ကျော်နေတာဖြစ်ပါတယ်။
ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံး ၂ ပွဲစလုံးမှာ အမှားကျူးလွန်ခဲ့ပြီး ဂလာတာဆာရေးကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ ဘရန့်တ်ဖို့ဒ်ကို မက်တော်မီနေးရဲ့ နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အမှားကျူးလွန်ပြီး ဂိုးတွေ ပေးခဲ့ရတာဖြစ်ပါတယ်။
အိုနာနာဟာ အိုးထရက်ဖို့ဒ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒဟေးယားက အင်္ဂါနေ့မှာ မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိနေကြောင်း အင်စတာဂရမ်ကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပြီး ကောလာဟလတွေ ပိုမိုအရှိန်အဟုန်မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း Daily Mail ရဲ့ ဖော်ပြချက်အရ ဒဟေးယားဟာ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့တုန်းက နေထိုင်ခဲ့တဲ့ ဟေးလ်က အိမ်ကို စီစဉ်စရာရှိတာတွေ စီစဉ်ဖို့အတွက် မန်ချက်စတာမြို့ကို ရက်အနည်းငယ် ပြန်လည်လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။
နွေရာသီအပြောင်းအရွှေ့ကာလတုန်းက သတင်းတွေအရ ဒဟေးယားဟာ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့သလို ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့လ သတင်းတွေအရ စပိန်ဂိုးသမားဟာ ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
ဒဟေးယားဟာ ၎င်းရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး အေးအေးဆေးဆေးရှိနေတယ်လို့ ထင်မြင်ရပြီး ပြိုင်ပွဲတွေရဲ့အဝေး မိသားစုနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို ဖြတ်သန်းနေတာ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်ဂိုးသမားဟောင်းဟာ နှစ်သစ်ကူးပြီးတဲ့အထိ အသင်းသစ်ကို အလျင်စလို ရှာဖွေသွားဖို့ ဆန္ဒမရှိပေမယ့်လည်း နှစ်သစ်မှာတော့ အသင်းသစ်နဲ့အတူ မြင်တွေ့ရဖွယ်ရှိပြီး မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ ဒဟေးယားကို တော်တော်လေး လွမ်းဆွတ်နေကြတာကြောင့် အသင်းကိုတောင် ပြန်လာစေချင်နေကြတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ေဒးဗစ္ ဒေဟးယားဟာ အသင္းအနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြ ထြက္ေပၚေနခ်ိန္မွာ မန္ခ်က္စတာကို ျပန္ေရာက္ေနတယ္လို႔ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။
အသက္ ၃၂ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ၿပီးခဲ့တဲ့ ဇြန္လမွာ အိုးထရက္ဖို႔ဒ္မွာ ရွိေနခဲ့တဲ့ ၁၂ ႏွစ္တာ ကာလကို အဆုံးသတ္ခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ မရခဲ့တဲ့ေနာက္ အသင္းနဲ႔ လမ္းခြဲခဲ့တာျဖစ္ပါတယ္။
ဒေဟးယားဟာ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ လစာေလွ်ာ့ယူၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ နီးစပ္ခဲ့ေပမယ့္လည္း အသင္းတာဝန္ရွိသူေတြက အဲဒီကမ္းလွမ္းခ်က္ကို ျပန္လည္႐ုတ္သိမ္းၿပီးေနာက္ ပိုမိုနည္းပါးတဲ့ လစာနဲ႔ ကမ္းလွမ္းခဲ့တာေၾကာင့္ သေဘာတူညီမႈ မရခဲ့တာျဖစ္ပါတယ္။
စပိန္လက္ေ႐ြးစင္ဂိုးသမားဟာ မန္ခ်က္စတာယူႏိုက္တက္ကေန ထြက္ခြာၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး အိုးထရက္ဖို႔ဒ္မွာ အသစ္ေရာက္လာတဲ့ ဂိုးသမား အိုနာနာက အခ်ိန္တိုအတြင္း ဖုန္းတစ္ဂိုးရွင္အျဖစ္ နာမည္ေက်ာ္ေနတာျဖစ္ပါတယ္။
ကင္မ႐ြန္းလက္ေ႐ြးစင္ဂိုးသမားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေနာက္ဆုံး ၂ ပြဲစလုံးမွာ အမွားက်ဴးလြန္ခဲ့ၿပီး ဂလာတာဆာေရးကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္နဲ႔ ဘရန႔္တ္ဖို႔ဒ္ကို မက္ေတာ္မီေနးရဲ႕ ေနာက္က်သြင္းဂိုးေတြနဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အမွားက်ဴးလြန္ၿပီး ဂိုးေတြ ေပးခဲ့ရတာျဖစ္ပါတယ္။
အိုနာနာဟာ အိုးထရက္ဖို႔ဒ္မွာ ဖိအားေတြနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ဒေဟးယားက အဂၤါေန႔မွာ မန္ခ်က္စတာၿမိဳ႕ကို ျပန္လည္ေရာက္ရွိေနေၾကာင္း အင္စတာဂရမ္ကေနတဆင့္ ပရိသတ္ေတြကို အသိေပးခဲ့တာျဖစ္ၿပီး ေကာလာဟလေတြ ပိုမိုအရွိန္အဟုန္ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ဒေဟးယားဟာ မန္ခ်က္စတာယူႏိုက္တက္မွာ ကစားခဲ့တုန္းက ေနထိုင္ခဲ့တဲ့ ေဟးလ္က အိမ္ကို စီစဥ္စရာရွိတာေတြ စီစဥ္ဖို႔အတြက္ မန္ခ်က္စတာၿမိဳ႕ကို ရက္အနည္းငယ္ ျပန္လည္လာေရာက္တာျဖစ္တယ္လို႔ သိရပါတယ္။
ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတုန္းက သတင္းေတြအရ ဒေဟးယားဟာ အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ဖို႔ ျငင္းဆန္ခဲ့သလို ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ဖို႔လည္း သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့လ သတင္းေတြအရ စပိန္ဂိုးသမားဟာ ကစားသမားဘဝကေန အနားယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။
ဒေဟးယားဟာ ၎ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ေအးေအးေဆးေဆးရွိေနတယ္လို႔ ထင္ျမင္ရၿပီး ၿပိဳင္ပြဲေတြရဲ႕အေဝး မိသားစုနဲ႔အတူ ေပ်ာ္႐ႊင္စရာအခ်ိန္ေတြကို ျဖတ္သန္းေနတာ ျဖစ္ပါတယ္။
အက္သလက္တီကို မက္ဒရစ္ဂိုးသမားေဟာင္းဟာ ႏွစ္သစ္ကူးၿပီးတဲ့အထိ အသင္းသစ္ကို အလ်င္စလို ရွာေဖြသြားဖို႔ ဆႏၵမရွိေပမယ့္လည္း ႏွစ္သစ္မွာေတာ့ အသင္းသစ္နဲ႔အတူ ျမင္ေတြ႕ရဖြယ္ရွိၿပီး မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြကေတာ့ ဒေဟးယားကို ေတာ္ေတာ္ေလး လြမ္းဆြတ္ေနၾကတာေၾကာင့္ အသင္းကိုေတာင္ ျပန္လာေစခ်င္ေနၾကတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.