MLS Messi Saudi League

ရော်နယ်လ်ဒိုနဲ့ ထိပ်တိုက်ယှဉ်ပြိုင်ရမယ့် အခွင့်အရေးရရှိတော့မယ့် မက်ဆီ

ဆော်ဒီ အာရေဗျဟာ လာလီဂါမှာ ကမ္ဘာကျော်ခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ အာဂျင်တီးနားကြယ်ပွင့်တို့ရဲ့ ယှဉ်ပြိုင်မှုကို ပြန်လည်အသက်သွင်းပေးဖို့ မက်ဆီကို အငှားနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ ယခုနွေရာသီမှာ ဒေးဗစ် ဘက်ဟမ်းရဲ့ အင်တာ မိုင်ယာမီကို ပြောင်းရွှေ့ပြီးကတည်းက အကောင်းဆုံးပုံစံ ပြသနေသူဖြစ်ပြီး အဖွင့် ၁၁ ပွဲမှာ ၁၁ ဂိုးသွင်းယူပြီးနောက် မေဂျာလိဂ်ကလပ်ကို ပထမဆုံးသော ဆုဖလားရရှိအောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါ ၇ ဆုရှင်ဟာ စက်တင်ဘာလက ဖလော်ရီဒါမှာ အမေရိကန်ဒေါ်လာ ၁၀.၈ သန်းတန်ဖိုးရှိတဲ့ စံအိမ်ကြီးတစ်ခုကို ဝယ်ယူခဲ့ပြီး နောက်လာမယ့် ကာလတစ်ခုအထိ အင်တာ မိုင်ယာမီနဲ့ ဆက်ရှိနေမှာဖြစ်တယ်ဆိုတာကို သဲလွန်စပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆော်ဒီ အာရေဗျက အာဂျင်တီးနားဂန္တဝင်ကို ခေါ်ယူဖို့ကို လက်မလျှော့ဘဲ ယခုဆောင်းရာသီမှာ အငှားနဲ့ အရှေ့အလယ်ပိုင်း ခေါ်ယူနိုင်မယ့် ရွေးချယ်စရာကို ရှာဖွေနေတယ်လို့ သိရပါတယ်။

Sky Sports သတင်းထောက် ရူဒီ ဂါလက်တီရဲ့ ပြောကြားချက်အရ အတွင်းပိုင်းအကဲဖြတ်မှုတွေက ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို တိုးတက်မှုတွေကို မကြာမီအချိန်အတွင်း မျှော်မှန်းနိုင်တယ်လို့ သိရပြီး တကယ်လို့ မက်ဆီသာ ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် အယ်လ်နာဆာအတွက်ကစားပေးနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ကာလရှည်ကြာ ယှဉ်ပြိုင်မှုကို ပြန်လည်အသက်သွင်းနိုင်မှာဖြစ်ပါတယ်။

သီအိုရီအရဆိုရင်လည်း မေဂျာလိဂ်ဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြီးဆုံးတော့မှာဖြစ်ပြီး ဖေဖော်ဝါရီလအထိ ပြန်ကစားရဦးမှာမဟုတ်တာကြောင့် မက်ဆီအနေနဲ့ ၅ လနီးပါး အားလပ်ချိန် ရရှိနေမှာဖြစ်တာကြောင့် ဖြစ်နိုင်ခြေ တော်တော်လေးများနေတာဖြစ်ပါတယ်။

ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်ဟီလာလ်က ပြီးခဲ့တဲ့နွေရာသီတုန်းက ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ ကြိုးပမ်းနေတဲ့ မက်ဆီကို တစ်နှစ်လုပ်ခလစာ ယူရိုသန်း ၄၀၀ တန်ကြေးရှိတဲ့ ကြီးမားတဲ့ စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အာဂျင်တီးနားကြယ်ပွင့်က မေဂျာလိဂ်ကို ပြောင်းရွှေ့သွားခဲ့တဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဆာ္ဒီ အာေရဗ်ဟာ လာလီဂါမွာ ကမာၻေက်ာ္ခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ အာဂ်င္တီးနားၾကယ္ပြင့္တို႔ရဲ႕ ယွဥ္ၿပိဳင္မႈကို ျပန္လည္အသက္သြင္းေပးဖို႔ မက္ဆီကို အငွားနဲ႔ ေခၚယူသြားဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မက္ဆီဟာ ယခုေႏြရာသီမွာ ေဒးဗစ္ ဘက္ဟမ္းရဲ႕ အင္တာ မိုင္ယာမီကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက အေကာင္းဆုံးပုံစံ ျပသေနသူျဖစ္ၿပီး အဖြင့္ ၁၁ ပြဲမွာ ၁၁ ဂိုးသြင္းယူၿပီးေနာက္ ေမဂ်ာလိဂ္ကလပ္ကို ပထမဆုံးေသာ ဆုဖလားရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါ ၇ ဆုရွင္ဟာ စက္တင္ဘာလက ဖေလာ္ရီဒါမွာ အေမရိကန္ေဒၚလာ ၁၀.၈ သန္းတန္ဖိုးရွိတဲ့ စံအိမ္ႀကီးတစ္ခုကို ဝယ္ယူခဲ့ၿပီး ေနာက္လာမယ့္ ကာလတစ္ခုအထိ အင္တာ မိုင္ယာမီနဲ႔ ဆက္ရွိေနမွာျဖစ္တယ္ဆိုတာကို သဲလြန္စေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဆာ္ဒီ အာေရဗ်က အာဂ်င္တီးနားဂႏၲဝင္ကို ေခၚယူဖို႔ကို လက္မေလွ်ာ့ဘဲ ယခုေဆာင္းရာသီမွာ အငွားနဲ႔ အေရွ႕အလယ္ပိုင္း ေခၚယူႏိုင္မယ့္ ေ႐ြးခ်ယ္စရာကို ရွာေဖြေနတယ္လို႔ သိရပါတယ္။

Sky Sports သတင္းေထာက္ ႐ူဒီ ဂါလက္တီရဲ႕ ေျပာၾကားခ်က္အရ အတြင္းပိုင္းအကဲျဖတ္မႈေတြက ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္သလို တိုးတက္မႈေတြကို မၾကာမီအခ်ိန္အတြင္း ေမွ်ာ္မွန္းႏိုင္တယ္လို႔ သိရၿပီး တကယ္လို႔ မက္ဆီသာ ေဆာ္ဒီ ပ႐ိုလိဂ္ကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ အယ္လ္နာဆာအတြက္ကစားေပးေနတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ ကာလရွည္ၾကာ ယွဥ္ၿပိဳင္မႈကို ျပန္လည္အသက္သြင္းႏိုင္မွာျဖစ္ပါတယ္။

သီအိုရီအရဆိုရင္လည္း ေမဂ်ာလိဂ္ဟာ ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ ၿပီးဆုံးေတာ့မွာျဖစ္ၿပီး ေဖေဖာ္ဝါရီလအထိ ျပန္ကစားရဦးမွာမဟုတ္တာေၾကာင့္ မက္ဆီအေနနဲ႔ ၅ လနီးပါး အားလပ္ခ်ိန္ ရရွိေနမွာျဖစ္တာေၾကာင့္ ျဖစ္ႏိုင္ေျခ ေတာ္ေတာ္ေလးမ်ားေနတာျဖစ္ပါတယ္။

ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္ အယ္လ္ဟီလာလ္က ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ပီအက္စ္ဂ်ီကေန ထြက္ခြာဖို႔ ႀကိဳးပမ္းေနတဲ့ မက္ဆီကို တစ္ႏွစ္လုပ္ခလစာ ယူ႐ိုသန္း ၄၀၀ တန္ေၾကးရွိတဲ့ ႀကီးမားတဲ့ စာခ်ဳပ္နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း အာဂ်င္တီးနားၾကယ္ပြင့္က ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕သြားခဲ့တျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.