Premier League

မာလို ဂူစတိုရဲ့အနီကတ် အသံဖိုင်ကို ဖွင့်ပြခဲ့ပြီးနောက် ဒေါသထွက်ခဲ့တဲ့ ချဲလ်ဆီးပရိသတ်များ

PGMOL ဥက္ကဌ ဟောင်းဝက် ဝက်ဘ်က အက်စတန် ဗီလာနဲ့ပွဲစဉ်က မာလို ဂူစတိုရဲ့ ထုတ်ပယ်ခံခဲ့ရမှုကို ‘Match Officials Mic’d Up’ ရှိုးမှာ ရှင်းလင်းခဲ့ပြီး ချဲလ်ဆီး ပရိသတ်တွေက မပျော်မရွှင်ဖြစ်ခဲ့ကြပါတယ်။

အဲဒီရှိုးကို TNT Sports နဲ့ Sky Sports တို့မှာ ထုတ်လွှင့်ပြသနေတာဖြစ်ပြီး ဟောင်းဝက် ဝက်ဘ်က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ရှင်းလင်းပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟောင်းဝက် ဝက်ဘ်က စပါးစ်နဲ့ပွဲမှာ လူးဝစ္စ ဒီယက်ဇ်ရဲ့ မှားယွင်းပယ်ဖျက်ခံခဲ့ရတဲ့သွင်းဂိုး၊ ဝုလ်ဗ်ကွင်းလယ်လူ ဂျာအို ဂိုးမက်စ်ရဲ့ လူတန်နဲ့ပွဲက လက်ထိဘောအပါအဝင် အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို အစီအစဉ်တင်ဆက်သူ မိုက်ကယ် အိုဝင်နဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဟောင်းဝက် ဝက်ဘ်ဟာ ချဲလ်ဆီးညာနောက်ခံလူ မာလို ဂူစတို ပါဝင်ပတ်သက်ခဲ့တဲ့ ဖြစ်စဉ်ကိုလည်း ပြန်လည် သုံးသပ်ခဲ့ပြီး ချဲလ်ဆီးက စက်တင်ဘာ ၂၄ ရက်နေ့က အက်စတန် ဗီလာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီး ဂျားရတ် ဂီးလတ်က ကနဦးမှာ ပြင်သစ်နောက်ခံလူကို လူးကပ်စ် ဒီညီအပေါ် ပြစ်ဒဏ်ကျူးလွန်မှုအတွက် အဝါကတ်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း VAR က ကြားဝင်ခဲ့ပြီး ဂီးလတ်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ ထောက်ခံချက်ပေးခဲ့တာကြောင့် အဝါကတ်အစား အနီကတ်ပြသခဲ့တာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ ချဲလ်ဆီးအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုကို ဖြစ်စေခဲ့ပြီး ဂူစတိုဟာ ရီးစ် ဂျိမ်းစ် ဒဏ်ရာရရှိနေတာကြောင့် ချဲလ်ဆီးညာနောက်ခံနေရာအတွက် တစ်ဦးတည်းသော စီနီယာကစားသမားအဖြစ် ရှိနေချိန်မှာ ၃ ပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။

VAR ဒိုင်လူကြီးတွေက အဲဒီဆုံးဖြတ်ချက်ကို ဘယ်လိုမျိုး ပြောင်းလဲစေခဲ့လဲဆိုတာကို ပြသခဲ့တဲ့ အသံဖိုင်ထဲမှာ ဂီးလတ်ကို မော်နီတာ သွားမကြည့်ခိုင်းခင် ခြေကျင်းဝတ်ကို နင်းတယ်လို့ ပြောဆိုခဲ့ကြပြီး အဲဒါကြောင့်ပဲ ဂူစတိုဟာ အနီကတ်နဲ့ ထွက်သွားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂီးလတ်က ကနဦးပိုင်းမှာ ပြစ်ဒဏ်ကျူးလွန်ခြင်းမရှိခဲ့ဘူးလို့ ယုံကြည်ခဲ့တာဖြစ်ပြီး VAR လက်ထောက်ဒိုင်က ချဲလ်ဆီးနောက်ခံလူကို အနီကတ်ပြသဖို့ ထောက်ခံချက်ပေးခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးပရိသတ်တွေဟာ ဂူစတိုရဲ့ ဖျက်ထုတ်မှုဟာ တနင်္ဂနွေနေ့ မာတင် အော်ဒီဂွါဒ်ကို မတ်တီအို ကိုဗာချစ် ဖျက်ထုတ်ခဲ့တာနဲ့ ဆင်တူတယ်လို့ ငြင်းခုံခဲ့ကြပြီး ဟောင်းဝက် ဝက်ဘ်က ဘာကြောင့် ခရိုအေးရှားကွင်းလယ်လူကိုကျ မထုတ်ပယ်ခဲ့တာလဲဆိုတာကို ရှင်းလင်းခဲ့ပါတယ်။

“ထိတွေ့မှုက ခြေထောက်ဘေးဘက်ပိုင်းကို နည်းနည်းရောက်ခဲ့ပြီး ဂူစတိုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြင်ခဲ့တာရဲ့ ဆန့်ကျင်ဘက် အပိုင်းပါ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: PGMOL ဥကၠဌ ေဟာင္းဝက္ ဝက္ဘ္က အက္စတန္ ဗီလာနဲ႔ပြဲစဥ္က မာလို ဂူစတိုရဲ႕ ထုတ္ပယ္ခံခဲ့ရမႈကို ‘Match Officials Mic’d Up’ ရႈိးမွာ ရွင္းလင္းခဲ့ၿပီး ခ်ဲလ္ဆီး ပရိသတ္ေတြက မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၾကပါတယ္။

အဲဒီရႈိးကို TNT Sports နဲ႔ Sky Sports တို႔မွာ ထုတ္လႊင့္ျပသေနတာျဖစ္ၿပီး ေဟာင္းဝက္ ဝက္ဘ္က ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ေတြကို ခြဲျခမ္းစိတ္ျဖာၿပီး ရွင္းလင္းေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ေဟာင္းဝက္ ဝက္ဘ္က စပါးစ္နဲ႔ပြဲမွာ လူးဝစၥ ဒီယက္ဇ္ရဲ႕ မွားယြင္းပယ္ဖ်က္ခံခဲ့ရတဲ့သြင္းဂိုး၊ ဝုလ္ဗ္ကြင္းလယ္လူ ဂ်ာအို ဂိုးမက္စ္ရဲ႕ လူတန္နဲ႔ပြဲက လက္ထိေဘာအပါအဝင္ အျငင္းပြားဖြယ္ ျဖစ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ေတြကို အစီအစဥ္တင္ဆက္သူ မိုက္ကယ္ အိုဝင္နဲ႔ ေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

ေဟာင္းဝက္ ဝက္ဘ္ဟာ ခ်ဲလ္ဆီးညာေနာက္ခံလူ မာလို ဂူစတို ပါဝင္ပတ္သက္ခဲ့တဲ့ ျဖစ္စဥ္ကိုလည္း ျပန္လည္ သုံးသပ္ခဲ့ၿပီး ခ်ဲလ္ဆီးက စက္တင္ဘာ ၂၄ ရက္ေန႔က အက္စတန္ ဗီလာကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဒိုင္လူႀကီး ဂ်ားရတ္ ဂီးလတ္က ကနဦးမွာ ျပင္သစ္ေနာက္ခံလူကို လူးကပ္စ္ ဒီညီအေပၚ ျပစ္ဒဏ္က်ဴးလြန္မႈအတြက္ အဝါကတ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း VAR က ၾကားဝင္ခဲ့ၿပီး ဂီးလတ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေျပာင္းလဲဖို႔ ေထာက္ခံခ်က္ေပးခဲ့တာေၾကာင့္ အဝါကတ္အစား အနီကတ္ျပသခဲ့တာျဖစ္ပါတယ္။ အဲဒီဆုံးျဖတ္ခ်က္ဟာ ခ်ဲလ္ဆီးအတြက္ ႀကီးမားတဲ့ နစ္နာဆုံးရႈံးမႈကို ျဖစ္ေစခဲ့ၿပီး ဂူစတိုဟာ ရီးစ္ ဂ်ိမ္းစ္ ဒဏ္ရာရရွိေနတာေၾကာင့္ ခ်ဲလ္ဆီးညာေနာက္ခံေနရာအတြက္ တစ္ဦးတည္းေသာ စီနီယာကစားသမားအျဖစ္ ရွိေနခ်ိန္မွာ ၃ ပြဲပယ္ခံခဲ့ရတာျဖစ္ပါတယ္။

VAR ဒိုင္လူႀကီးေတြက အဲဒီဆုံးျဖတ္ခ်က္ကို ဘယ္လိုမ်ိဳး ေျပာင္းလဲေစခဲ့လဲဆိုတာကို ျပသခဲ့တဲ့ အသံဖိုင္ထဲမွာ ဂီးလတ္ကို ေမာ္နီတာ သြားမၾကည့္ခိုင္းခင္ ေျခက်င္းဝတ္ကို နင္းတယ္လို႔ ေျပာဆိုခဲ့ၾကၿပီး အဲဒါေၾကာင့္ပဲ ဂူစတိုဟာ အနီကတ္နဲ႔ ထြက္သြားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂီးလတ္က ကနဦးပိုင္းမွာ ျပစ္ဒဏ္က်ဴးလြန္ျခင္းမရွိခဲ့ဘူးလို႔ ယုံၾကည္ခဲ့တာျဖစ္ၿပီး VAR လက္ေထာက္ဒိုင္က ခ်ဲလ္ဆီးေနာက္ခံလူကို အနီကတ္ျပသဖို႔ ေထာက္ခံခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးပရိသတ္ေတြဟာ ဂူစတိုရဲ႕ ဖ်က္ထုတ္မႈဟာ တနဂၤေႏြေန႔ မာတင္ ေအာ္ဒီဂြါဒ္ကို မတ္တီအို ကိုဗာခ်စ္ ဖ်က္ထုတ္ခဲ့တာနဲ႔ ဆင္တူတယ္လို႔ ျငင္းခုံခဲ့ၾကၿပီး ေဟာင္းဝက္ ဝက္ဘ္က ဘာေၾကာင့္ ခ႐ိုေအးရွားကြင္းလယ္လူကိုက် မထုတ္ပယ္ခဲ့တာလဲဆိုတာကို ရွင္းလင္းခဲ့ပါတယ္။

“ထိေတြ႕မႈက ေျခေထာက္ေဘးဘက္ပိုင္းကို နည္းနည္းေရာက္ခဲ့ၿပီး ဂူစတိုနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ျမင္ခဲ့တာရဲ႕ ဆန႔္က်င္ဘက္ အပိုင္းပါ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.