ချဲလ်ဆီးအသင်းရဲ့ ဂန္ထဝင်ကစားသမားအဖြစ် သူတို့ပရိသတ်တွေက သတ်မှတ်ထားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး အီဒင် ဟာဇတ်ကတော့ သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရှာဖွေမှုမှာ မအောင်မြင်ခဲ့တော့တဲ့နောက်ပိုင်း အောက်တိုဘာလ ၁၀ ရက်နေ့၊ ဒီနေ့မှာပဲ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားခဲ့ပြီး ဘောလုံးချစ်သူတွေကို စိတ်ပျက်ဝမ်းနည်းစေခဲ့ပြီဖြစ်ပါတယ်။
ဘယ်လ်ဂျီယမ်သားအနေနဲ့ အသက် ၃၂ နှစ်အရွယ်မှာပဲ ရှိနေသေးပြီး သူ့ရဲ့ ခေတ်ပြိုင်တွေနဲ့ သူ့ထက် အသက်ကြီးတဲ့ ရော်နယ်လ်ဒို၊ မက်ဆီ၊ မိုဒရစ်ချ်၊ ဒီဘရိုင်းနားတို့လို ကစားသမားတွေ အကောင်းဆုံး ကစားနေဆဲအချိန်မှာ ကြံ့ခိုင်မှု မပြည့်နိုင်တော့သလို အားကစားသမားတစ်ယောက်ထက် ဝနေတဲ့ ခန္ဓာကိုယ်ကြောင့်လည်း အနားယူဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်နိုင်ပါတယ်။
ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုနဲ့ တစ်ဦးချင်း ဆုတံဆိပ်များစွာကို ရယူခဲ့တဲ့ ဟာဇတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကို ၂၀၁၉-၂၀ ရာသီမှာ ပြောင်းရွှေ့သွားခဲ့ပြီး ထင်သလို ခြေစွမ်းမပြနိုင်ဘဲ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့သလို ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကြောင့်လည်း ဘာနေဗျူးပရိသတ်တွေ ငြိုငြင်ခံခဲ့ရတာပါ။
ရီးရဲလ်မက်ဒရစ်နဲ့ လေးရာသီမှာ လာလီဂါပွဲ ၅၄ ပွဲသာ ကစားနိုင်ခဲ့ပြီး ၄ ဂိုးသာ ရခဲ့သလို ပြိုင်ပွဲစုံမှာတော့ ၇၆ ပွဲကစားပြီး ၇ ဂိုးသာ ရခဲ့တာဖြစ်လို့ သူ့လို ကစားသမားတစ်ဦးအတွက် ကြီးမားတဲ့ ကျရှုံးမှုဖြစ်ခဲ့ပြီး အဆီတက်လွယ်တဲ့ ဟမ်ဘာဂါနဲ့ Fast Food တွေကို ကြိုက်တတ်တဲ့ ဟာဇတ်အတွက်တော့ အစားမတော် တစ်လုပ်ထက် အလုပ်ပေါင်းများစွာကို မျိုချခဲ့ရာမှာ ဝဖီးနေတဲ့ ကိုယ်လုံးကိုလည်း ထရိန်နင်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ကစားသမားဘဝမှာ လီလ်၊ ချဲလ်ဆီး၊ ရီးရဲလ်တို့နဲ့ ပြိုင်ပွဲစုံ ၆၃၅ ပွဲမှာ ၁၆၈ ဂိုး၊ ဘယ်လ်ဂျီယမ်လက်ရွေးစင်နဲ့ ၁၂၆ ပွဲမှာ ၃၃ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဟာဇတ်ကတော့ စကားပုံပေါင်းများစွာကို ကိုယ်စားပြုခဲ့ပြီး အစားမတော် တစ်လုပ်၊ အသွားမတော် တစ်လှမ်းနဲ့ သေချင်တဲ့ကျား တောပြောင်းဆိုတဲ့ အဖြစ်တွေက သူနဲ့ တိုက်ရိုက်ပတ်သက်နေခဲ့သလို ချဲလ်ဆီးမှာသာ ဆက်နေခဲ့ရင်ဆိုတဲ့ ဒုတိယ အတွေးက အားလုံးကို နှမြောတသစေခဲ့မှာပါ။
ဟာဇတ်က သူ့ရဲ့ အင်စတာဂရမ်ကနေ “၁၆ နှစ်နဲ့ ပွဲ ၇၀၀ ကျော် ကစားခဲ့အပြီးမှာ အနားယူဖို့ အချိန်ရောက်လာခဲ့ပါပြီ။ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့သလို ကစားသမားဘဝမှာ နည်းပြကောင်း၊ အသင်းကောင်း၊ အသင်းဖော်ကောင်းတွေနဲ့ တွေ့ဆုံခွင့်ရခဲ့သလို အားလုံးကိုလည်း လွမ်းနေတော့မှာ အသေအချာပါပဲ”လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် “လီလ်၊ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘယ်လ်ဂျီယမ် ဘောလုံးအဖွဲ့ချုပ်တို့ကို ကျေးဇူးတင်ကြောင်း ပြောလိုပြီး ကျွန်တော့်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ အကြံပေးသူတွေကိုလည်း ခက်ခဲတဲ့ အချိန်တွေမှာ ရှိနေခဲ့တဲ့အတွက် ကျေးဇူးတင်မိပါတယ်။ ပရိသတ်တွေကိုလည်း အမြဲတစေ ထောက်ခံ အားပေးပြီး နောက်ကနေ ရှိပေးခဲ့တာအတွက် ကြီးကြီးမားမား ကျေးဇူးတင်ပါရစေ။ ခုချိန်ကတော့ အတွေ့အကြုံသစ်တွေကို ရှာဖွေဖို့ပါပဲ”လို့ နည်းပြဘဝကို ဝင်ရောက်နိုင်ခြေကိုလည်း တစ်စွန်းတစ်စ ချပြသွားခဲ့တာပါ။
ဟာဇတ်ဆိုတာနဲ့ ချဲလ်ဆီးအသင်းနဲ့ တွဲမြင်ပြီး သူ့ကို အမြဲတစေ လွမ်းဆွတ်တသခဲ့ရတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်က ပရိသတ်တွေအတွက်တော့ ဒီနေ့က အသည်းကွဲတဲ့နေ့လည်းဖြစ်ခဲ့သလို သူ့ရဲ့ အကောင်းဆုံးအချိန်တွေကို ပြန်မရနိုင်တော့တဲ့အတွက်၊ သူပြန်ကစားပေးတာကို အားပေးခွင့် မရတော့တဲ့အတွက် ကံတရားရဲ့ ရက်စက်မှုကိုပဲ အပြစ်တင်ရတော့မှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ခ်ဲလ္ဆီးအသင္းရဲ႕ ဂႏၴဝင္ကစားသမားအျဖစ္ သူတို႔ပရိသတ္ေတြက သတ္မွတ္ထားခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး အီဒင္ ဟာဇတ္ကေတာ့ သူ႔ရဲ႕ အေကာင္းဆုံးပုံစံကို ျပန္လည္ရွာေဖြမႈမွာ မေအာင္ျမင္ခဲ့ေတာ့တဲ့ေနာက္ပိုင္း ေအာက္တိုဘာလ ၁၀ ရက္ေန႔၊ ဒီေန႔မွာပဲ ကစားသမားဘဝကေန အနားယူေၾကာင္း ေၾကညာသြားခဲ့ၿပီး ေဘာလုံးခ်စ္သူေတြကို စိတ္ပ်က္ဝမ္းနည္းေစခဲ့ၿပီျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ အသက္ ၃၂ ႏွစ္အ႐ြယ္မွာပဲ ရွိေနေသးၿပီး သူ႔ရဲ႕ ေခတ္ၿပိဳင္ေတြနဲ႔ သူ႔ထက္ အသက္ႀကီးတဲ့ ေရာ္နယ္လ္ဒို၊ မက္ဆီ၊ မိုဒရစ္ခ်္၊ ဒီဘ႐ိုင္းနားတို႔လို ကစားသမားေတြ အေကာင္းဆုံး ကစားေနဆဲအခ်ိန္မွာ ႀကံ့ခိုင္မႈ မျပည့္ႏိုင္ေတာ့သလို အားကစားသမားတစ္ေယာက္ထက္ ဝေနတဲ့ ခႏၶာကိုယ္ေၾကာင့္လည္း အနားယူဖို႔ ဆုံးျဖတ္ခဲ့ရတာျဖစ္ႏိုင္ပါတယ္။
ခ်ဲလ္ဆီးအသင္းနဲ႔ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ခဲ့ၿပီး အေကာင္းဆုံးကစားသမားဆုနဲ႔ တစ္ဦးခ်င္း ဆုတံဆိပ္မ်ားစြာကို ရယူခဲ့တဲ့ ဟာဇတ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းကို ၂၀၁၉-၂၀ ရာသီမွာ ေျပာင္းေ႐ႊ႕သြားခဲ့ၿပီး ထင္သလို ေျခစြမ္းမျပႏိုင္ဘဲ မွန္းခ်က္နဲ႔ ႏွမ္းထြက္ မကိုက္ခဲ့သလို ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ိုသန္း ၁၀၀ ေၾကာင့္လည္း ဘာေနဗ်ဴးပရိသတ္ေတြ ၿငိဳျငင္ခံခဲ့ရတာပါ။
ရီးရဲလ္မက္ဒရစ္နဲ႔ ေလးရာသီမွာ လာလီဂါပြဲ ၅၄ ပြဲသာ ကစားႏိုင္ခဲ့ၿပီး ၄ ဂိုးသာ ရခဲ့သလို ၿပိဳင္ပြဲစုံမွာေတာ့ ၇၆ ပြဲကစားၿပီး ၇ ဂိုးသာ ရခဲ့တာျဖစ္လို႔ သူ႔လို ကစားသမားတစ္ဦးအတြက္ ႀကီးမားတဲ့ က်ရႈံးမႈျဖစ္ခဲ့ၿပီး အဆီတက္လြယ္တဲ့ ဟမ္ဘာဂါနဲ႔ Fast Food ေတြကို ႀကိဳက္တတ္တဲ့ ဟာဇတ္အတြက္ေတာ့ အစားမေတာ္ တစ္လုပ္ထက္ အလုပ္ေပါင္းမ်ားစြာကို မ်ိဳခ်ခဲ့ရာမွာ ဝဖီးေနတဲ့ ကိုယ္လုံးကိုလည္း ထရိန္နင္မွာ ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။
ကစားသမားဘဝမွာ လီလ္၊ ခ်ဲလ္ဆီး၊ ရီးရဲလ္တို႔နဲ႔ ၿပိဳင္ပြဲစုံ ၆၃၅ ပြဲမွာ ၁၆၈ ဂိုး၊ ဘယ္လ္ဂ်ီယမ္လက္ေ႐ြးစင္နဲ႔ ၁၂၆ ပြဲမွာ ၃၃ ဂိုး သြင္းယူႏိုင္ခဲ့တဲ့ ဟာဇတ္ကေတာ့ စကားပုံေပါင္းမ်ားစြာကို ကိုယ္စားျပဳခဲ့ၿပီး အစားမေတာ္ တစ္လုပ္၊ အသြားမေတာ္ တစ္လွမ္းနဲ႔ ေသခ်င္တဲ့က်ား ေတာေျပာင္းဆိုတဲ့ အျဖစ္ေတြက သူနဲ႔ တိုက္႐ိုက္ပတ္သက္ေနခဲ့သလို ခ်ဲလ္ဆီးမွာသာ ဆက္ေနခဲ့ရင္ဆိုတဲ့ ဒုတိယ အေတြးက အားလုံးကို ႏွေျမာတသေစခဲ့မွာပါ။
ဟာဇတ္က သူ႔ရဲ႕ အင္စတာဂရမ္ကေန “၁၆ ႏွစ္နဲ႔ ပြဲ ၇၀၀ ေက်ာ္ ကစားခဲ့အၿပီးမွာ အနားယူဖို႔ အခ်ိန္ေရာက္လာခဲ့ပါၿပီ။ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္ခဲ့သလို ကစားသမားဘဝမွာ နည္းျပေကာင္း၊ အသင္းေကာင္း၊ အသင္းေဖာ္ေကာင္းေတြနဲ႔ ေတြ႕ဆုံခြင့္ရခဲ့သလို အားလုံးကိုလည္း လြမ္းေနေတာ့မွာ အေသအခ်ာပါပဲ”လို႔ ေရးသားခဲ့ပါတယ္။
ဒါ့အျပင္ “လီလ္၊ ခ်ဲလ္ဆီး၊ ရီးရဲလ္မက္ဒရစ္နဲ႔ ဘယ္လ္ဂ်ီယမ္ ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ကို ေက်းဇူးတင္ေၾကာင္း ေျပာလိုၿပီး ကြၽန္ေတာ့္ရဲ႕ မိသားစု၊ သူငယ္ခ်င္းေတြ၊ အႀကံေပးသူေတြကိုလည္း ခက္ခဲတဲ့ အခ်ိန္ေတြမွာ ရွိေနခဲ့တဲ့အတြက္ ေက်းဇူးတင္မိပါတယ္။ ပရိသတ္ေတြကိုလည္း အၿမဲတေစ ေထာက္ခံ အားေပးၿပီး ေနာက္ကေန ရွိေပးခဲ့တာအတြက္ ႀကီးႀကီးမားမား ေက်းဇူးတင္ပါရေစ။ ခုခ်ိန္ကေတာ့ အေတြ႕အႀကဳံသစ္ေတြကို ရွာေဖြဖို႔ပါပဲ”လို႔ နည္းျပဘဝကို ဝင္ေရာက္ႏိုင္ေျခကိုလည္း တစ္စြန္းတစ္စ ခ်ျပသြားခဲ့တာပါ။
ဟာဇတ္ဆိုတာနဲ႔ ခ်ဲလ္ဆီးအသင္းနဲ႔ တြဲျမင္ၿပီး သူ႔ကို အၿမဲတေစ လြမ္းဆြတ္တသခဲ့ရတဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္က ပရိသတ္ေတြအတြက္ေတာ့ ဒီေန႔က အသည္းကြဲတဲ့ေန႔လည္းျဖစ္ခဲ့သလို သူ႔ရဲ႕ အေကာင္းဆုံးအခ်ိန္ေတြကို ျပန္မရႏိုင္ေတာ့တဲ့အတြက္၊ သူျပန္ကစားေပးတာကို အားေပးခြင့္ မရေတာ့တဲ့အတြက္ ကံတရားရဲ႕ ရက္စက္မႈကိုပဲ အျပစ္တင္ရေတာ့မွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.