Premier League

ဝိန်း ရူနီနဲ့ ပူးပေါင်းသွားဖွယ်ရှိတဲ့ မန်ယူနိုက်တက်ကြယ်ပွင့် ၃ ဦး

ဝိန်း ရူနီကို ဘာမင်ဟမ်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ချဉ်းကပ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး တကယ်လို့ အင်္ဂလန်ဂန္တဝင်သာ နည်းပြအလုပ်ကို လက်ခံခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ကစားသမားတွေကို ခေါ်ယူသွားဖွယ်ရှိပါတယ်။

အသက် ၃၇ နှစ်အရွယ် မန်ချက်စတာယူနိုက်တက်ဂန္တဝင်ဟာ စနေနေ့မှာ ဒီစီယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပေမယ့်လည်း ချန်ပီယံရှစ်အသင်းကို နည်းပြအဖြစ်နဲ့ ကိုင်တွယ်သွားဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘာမင်ဟမ်ဟာ တနင်္လာနေ့နံနက်မှာ နည်းပြ ဂျွန် အူးစတက်စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ချန်ပီယံရှစ်အသင်းက နည်းပြသစ်ဟာ ဘာမင်ဟမ်စီးတီးအသင်းအားလုံး အသုံးပြုမယ့် ကြောက်ရွံ့မှုမရှိတဲ့ ကစားဟန်ကို သွတ်သွင်းလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ ဘာမင်ဟမ်စီးတီးဟာ ဝိန်း ရူနီကို နည်းပြရာထူးအတွက် ချဉ်းကပ်ခဲ့တယ်လို့ သိရပြီး စိန့် အန်ဒရူးကို ပြောင်းရွှေ့မှုက သရဲနီဂန္တဝင်အတွက် ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ ဒါဘီကောင်တီကို နည်းပြခဲ့ပြီးနောက် အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာဖို့အတွက် အခွင့်အရေးကောင်းတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

တကယ်လို့ ဝိန်း ရူနီသာ ဘာမင်ဟမ်စီးတီးနည်းပြသစ်ဖြစ်လာခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ကစားသမား ၃ ဦးကို ခေါ်ယူသွားဖွယ်ရှိနေပြီး အဲဒီကစားသမားတွေက ဘယ်သူတွေများဖြစ်မလဲ။

ဟန်နီဘယ် မက်ဂျ်ဘရီ

ဘာမင်ဟမ်ကို ပြောင်းရွှေ့နိုင်ခြေအရှိဆုံးကစားသမား ၃ ဦးထဲက ဖြစ်နိုင်ခြေအများဆုံး ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အငှားနဲ့ အချိန်ကုန်ဆုံးခဲ့ဖူးတာဖြစ်ပါတယ်။ မက်ဂျ်ဘရီရဲ့ စိန့် အန်ဒရူးက အောင်မြင်တဲ့ အငှားကစားသမားဘဝကြောင့် အဲရစ်တန်ဟက်ရဲ့ ယခုရာသီ ပထမအသင်းထဲမှာ ထည့်သွင်းဖို့ စဉ်းစားခြင်းခံခဲ့ရတာဖြစ်ပြီး လူငယ်ကြယ်ပွင့်ဟာ မန်ယူနိုက်တက်ကွင်းလယ်မှာ ပွဲအများအပြား ပါဝင်ကစားခွင့် ရရှိခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း တူနီးရှားကွင်းလယ်ကြယ်ပွင့်ရဲ့ရှေ့မှာ ပွဲထွက်ခွင့်အတွက် စီနီယာကစားသမားတွေ အများအပြားရှိနေပြီး မန်ချက်စတာယူနိုက်တက်က အသက် ၂၀ အရွယ်ကစားသမားကို ပွဲကစားချိန်ပိုရအောင် ဇန်နဝါရီမှာ အငှားထပ်ထွက်ခွင့်ပြုသွားနိုင်ပါတယ်။

အာမက် ဂျယ်လို

ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ နောက်ထပ်တောက်ပခဲ့တဲ့ ကစားသမားကတော့ အာမက် ဂျယ်လိုဖြစ်ပြီး ဆန်းဒါးလန်းကို ပလေးအော့ဖ်နေရာရရှိအောင် သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အိုင်ဗရီကို့စ်တောင်ပံကြယ်ပွင့်ဟာ နောက်ထပ် အငှားထွက်ကစားချင်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ အရိပ်အမြွက်ပြခဲ့ပေမယ့်လည်း ရာသီကြိုမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် အစီအစဉ်ပျက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလမှာတော့ ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်မှန်းထားတာကြောင့် မန်ယူနိုက်တက် အာမက်ကို ပွဲကြံ့ခိုင်မှုရအောင် နောက်ထပ်တစ်ကြိမ် အငှားချနိုင်ပါတယ်။ ဝိန်း ရူနီဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ဒီစီယူနိုက်တက်ကို နည်းပြခဲ့ချိန်အတွင်း အာမက် ဂျယ်လိုကို အငှားနဲ့ ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ဖူးပြီး အိုင်ဗရီကို့စ်တောင်ပံကစားသမားကို နှစ်သက်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မေဆန် ဂရင်းဝုဒ်

မေဆန် ဂရင်းဝုဒ်ဟာ လက်ရှိမှာ စပိန်လာလီဂါကလပ် ဂီတာဖေးကို အငှားထွက်ကစားနေပေမယ့်လည်း အသင်းတွင်း စုံစမ်းစစ်ဆေးမှုအပြီး အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲမှာဖြစ်တယ်လို့ ကြေညာခဲ့သူဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ဂီတာဖေးအတွက် ပြီးခဲ့တဲ့ ဆယ်တာဗီဂိုနဲ့ ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ၆၁၃ ရက်အကြာမှာ ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။ Daily Mail ရဲ့သတင်း ဂရင်းဝုဒ်ကို မန်ချက်စတာယူနိုက်တက်က အသင်းနဲ့ ပူးပေါင်းခွင့် ပိတ်ပင်ထားချိန်အတွင်း ချန်ပီယံရှစ်ကလပ် ၂ သင်းက ခေါ်ယူဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပြီး အဲဒီ ၂ သင်းနာမည်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ဂရင်းဝုဒ်အတွက်အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာဖို့က သီအိုရီအရ ဖြစ်နိုင်ခြေရှိပေမယ့်လည်း ကြီးမားတဲ့ အငြင်းပွားစရာတွေ၊ တုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဝိန္း ႐ူနီကို ဘာမင္ဟမ္အသင္းက နည္းျပသစ္အျဖစ္ ခန႔္အပ္ဖို႔အတြက္ ခ်ဥ္းကပ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး တကယ္လို႔ အဂၤလန္ဂႏၲဝင္သာ နည္းျပအလုပ္ကို လက္ခံခဲ့မယ္ဆိုရင္ မန္ယူႏိုက္တက္ကစားသမားေတြကို ေခၚယူသြားဖြယ္ရွိပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ဟာ စေနေန႔မွာ ဒီစီယူႏိုက္တက္နဲ႔ လမ္းခြဲခဲ့ၿပီးေနာက္ လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနေပမယ့္လည္း ခ်န္ပီယံရွစ္အသင္းကို နည္းျပအျဖစ္နဲ႔ ကိုင္တြယ္သြားဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘာမင္ဟမ္ဟာ တနလၤာေန႔နံနက္မွာ နည္းျပ ဂြၽန္ အူးစတက္စ္ကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီး ခ်န္ပီယံရွစ္အသင္းက နည္းျပသစ္ဟာ ဘာမင္ဟမ္စီးတီးအသင္းအားလုံး အသုံးျပဳမယ့္ ေၾကာက္႐ြံ႕မႈမရွိတဲ့ ကစားဟန္ကို သြတ္သြင္းလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ ဘာမင္ဟမ္စီးတီးဟာ ဝိန္း ႐ူနီကို နည္းျပရာထူးအတြက္ ခ်ဥ္းကပ္ခဲ့တယ္လို႔ သိရၿပီး စိန႔္ အန္ဒ႐ူးကို ေျပာင္းေ႐ႊ႕မႈက သရဲနီဂႏၲဝင္အတြက္ ၂၀၂၀ ကေန ၂၀၂၂ ခုႏွစ္အထိ ဒါဘီေကာင္တီကို နည္းျပခဲ့ၿပီးေနာက္ အဂၤလိပ္ေဘာလုံးေလာကကို ျပန္လာဖို႔အတြက္ အခြင့္အေရးေကာင္းတစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။

တကယ္လို႔ ဝိန္း ႐ူနီသာ ဘာမင္ဟမ္စီးတီးနည္းျပသစ္ျဖစ္လာခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူႏိုက္တက္ကစားသမား ၃ ဦးကို ေခၚယူသြားဖြယ္ရွိေနၿပီး အဲဒီကစားသမားေတြက ဘယ္သူေတြမ်ားျဖစ္မလဲ။

ဟန္နီဘယ္ မက္ဂ်္ဘရီ

ဘာမင္ဟမ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခအရွိဆုံးကစားသမား ၃ ဦးထဲက ျဖစ္ႏိုင္ေျခအမ်ားဆုံး ကစားသမားျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အငွားနဲ႔ အခ်ိန္ကုန္ဆုံးခဲ့ဖူးတာျဖစ္ပါတယ္။ မက္ဂ်္ဘရီရဲ႕ စိန႔္ အန္ဒ႐ူးက ေအာင္ျမင္တဲ့ အငွားကစားသမားဘဝေၾကာင့္ အဲရစ္တန္ဟက္ရဲ႕ ယခုရာသီ ပထမအသင္းထဲမွာ ထည့္သြင္းဖို႔ စဥ္းစားျခင္းခံခဲ့ရတာျဖစ္ၿပီး လူငယ္ၾကယ္ပြင့္ဟာ မန္ယူႏိုက္တက္ကြင္းလယ္မွာ ပြဲအမ်ားအျပား ပါဝင္ကစားခြင့္ ရရွိခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္လည္း တူနီးရွားကြင္းလယ္ၾကယ္ပြင့္ရဲ႕ေရွ႕မွာ ပြဲထြက္ခြင့္အတြက္ စီနီယာကစားသမားေတြ အမ်ားအျပားရွိေနၿပီး မန္ခ်က္စတာယူႏိုက္တက္က အသက္ ၂၀ အ႐ြယ္ကစားသမားကို ပြဲကစားခ်ိန္ပိုရေအာင္ ဇန္နဝါရီမွာ အငွားထပ္ထြက္ခြင့္ျပဳသြားႏိုင္ပါတယ္။

အာမက္ ဂ်ယ္လို

ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံရွစ္မွာ ေနာက္ထပ္ေတာက္ပခဲ့တဲ့ ကစားသမားကေတာ့ အာမက္ ဂ်ယ္လိုျဖစ္ၿပီး ဆန္းဒါးလန္းကို ပေလးေအာ့ဖ္ေနရာရရွိေအာင္ သြင္းဂိုး ၁၀ ဂိုးအထိ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္ေတာင္ပံၾကယ္ပြင့္ဟာ ေနာက္ထပ္ အငွားထြက္ကစားခ်င္တယ္လို႔ လူမႈကြန္ရက္ေပၚမွာ အရိပ္အႁမြက္ျပခဲ့ေပမယ့္လည္း ရာသီႀကိဳမွာ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တာေၾကာင့္ အစီအစဥ္ပ်က္ခဲ့တာျဖစ္ၿပီး ဇန္နဝါရီလမွာေတာ့ ျပန္လည္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားတာေၾကာင့္ မန္ယူႏိုက္တက္ အာမက္ကို ပြဲႀကံ့ခိုင္မႈရေအာင္ ေနာက္ထပ္တစ္ႀကိမ္ အငွားခ်ႏိုင္ပါတယ္။ ဝိန္း ႐ူနီဟာ ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလတုန္းက ဒီစီယူႏိုက္တက္ကို နည္းျပခဲ့ခ်ိန္အတြင္း အာမက္ ဂ်ယ္လိုကို အငွားနဲ႔ ေခၚယူႏိုင္ေျခနဲ႔ပတ္သက္ၿပီး ေျပာဆိုခဲ့ဖူးၿပီး အိုင္ဗရီကို႔စ္ေတာင္ပံကစားသမားကို ႏွစ္သက္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေမဆန္ ဂရင္းဝုဒ္

ေမဆန္ ဂရင္းဝုဒ္ဟာ လက္ရွိမွာ စပိန္လာလီဂါကလပ္ ဂီတာေဖးကို အငွားထြက္ကစားေနေပမယ့္လည္း အသင္းတြင္း စုံစမ္းစစ္ေဆးမႈအၿပီး အသင္းနဲ႔ ႏွစ္ဦးသေဘာတူ လမ္းခြဲမွာျဖစ္တယ္လို႔ ေၾကညာခဲ့သူျဖစ္ပါတယ္။ ဂရင္းဝုဒ္ဟာ ဂီတာေဖးအတြက္ ၿပီးခဲ့တဲ့ ဆယ္တာဗီဂိုနဲ႔ ပြဲစဥ္မွာ ပထမဆုံးသြင္းဂိုး သြင္းယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ၆၁၃ ရက္အၾကာမွာ ဂိုးေပါက္ျပန္ေတြ႕ခဲ့တာျဖစ္ပါတယ္။ Daily Mail ရဲ႕သတင္း ဂရင္းဝုဒ္ကို မန္ခ်က္စတာယူႏိုက္တက္က အသင္းနဲ႔ ပူးေပါင္းခြင့္ ပိတ္ပင္ထားခ်ိန္အတြင္း ခ်န္ပီယံရွစ္ကလပ္ ၂ သင္းက ေခၚယူဖို႔ ေဆြးေႏြးခဲ့တယ္လို႔ သိရၿပီး အဲဒီ ၂ သင္းနာမည္ကိုေတာ့ အတည္ျပဳႏိုင္ျခင္းမရွိပါဘူး။ ဂရင္းဝုဒ္အတြက္အဂၤလိပ္ေဘာလုံးေလာကကို ျပန္လာဖို႔က သီအိုရီအရ ျဖစ္ႏိုင္ေျခရွိေပမယ့္လည္း ႀကီးမားတဲ့ အျငင္းပြားစရာေတြ၊ တုံ႔ျပန္မႈေတြနဲ႔ ႀကဳံေတြ႕ရႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.