Premier League

အာနိုးကို လက်ရွေးစင်ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခဲ့တဲ့ စပါးစ်ကြယ်ပွင့်

ဂျိမ်းစ် မက်ဒီဆင်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းဖော် ဂျိမ်းစ် မက်ဒီဆင်ကို တော့တင်ဟမ်ဟော့စပါးက လီဗာပူးလ်ကို အငြင်းပွားဖွယ် VAR ဆုံးဖြတ်ချက်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် လက်ရွေးစင်အသင်းနဲ့ အတူတူ ပူးပေါင်းချိန်မှာ မျက်နှာပြောင်ခဲ့ပါတယ်။

စပါးစ်ဟာ ပြီးခဲ့တဲ့အပတ်မှာ ယာဂန် ကလော့ပ်ရဲ့အသင်းကို ၂-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး လီဗာပူးလ်က ပထမပိုင်းမှာ လူးဝစ္စ ဒီယက်ဇ်ရဲ့ သွင်းဂိုး မှားယွင်းစွာ ပယ်ဖျက်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီပွဲစဉ်အပြီးမှာ ကလော့ပ်က ပရီးမီးယားလိဂ်ကို ပွဲပြန်ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ဘာမှ မထူးတော့ဘူးလို့ လက်လျှော့သွားခဲ့တာကြောင့် အဲဒီကိစ္စက တော်တော်လေး ငြိမ်သက်လာနေပြီဖြစ်ပါတယ်။

စပါးစ်ကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်က ငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲလုံးနဲ့ ပစ်လိုက်သလို လီဗာပူးလ်နောက်ခံလူ အလက်ဇန်းဒါး-အာနိုးကို ဩစတြေးလျ၊ အီတလီတို့နဲ့ ကစားရမယ့် ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းနဲ့ ပူးပေါင်းဖို့ စိန့်ဂျော့ဂျ်ပါ့ခ်ကို ရောက်ရှိခဲ့ပြီးနောက် နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

မက်ဒီဆင်က အလက်ဇန်းဒါး-အာနိုးက ၎င်းကို လက်ဟန်ခြေဟန်နဲ့ စကားပြောဆိုနေတဲ့ ဓာတ်ပုံကို မျှဝေခဲ့ပြီး “ပြန်ကစားခိုင်းဖို့ တောင်းဆိုနေတုန်းလား”လို့ ရေးသားခဲ့တာဖြစ်ပြီး လီဗာပူးလ်နောက်ခံလူ အာနိုးကတော့ တော်တော်လေး အောင့်သက်သက်ဖြစ်ခဲ့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ိမ္းစ္ မက္ဒီဆင္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းေဖာ္ ဂ်ိမ္းစ္ မက္ဒီဆင္ကို ေတာ့တင္ဟမ္ေဟာ့စပါးက လီဗာပူးလ္ကို အျငင္းပြားဖြယ္ VAR ဆုံးျဖတ္ခ်က္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ လက္ေ႐ြးစင္အသင္းနဲ႔ အတူတူ ပူးေပါင္းခ်ိန္မွာ မ်က္ႏွာေျပာင္ခဲ့ပါတယ္။

စပါးစ္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္းကို ၂-၁ နဲ႔ အႏိုင္ရခဲ့တာျဖစ္ၿပီး လီဗာပူးလ္က ပထမပိုင္းမွာ လူးဝစၥ ဒီယက္ဇ္ရဲ႕ သြင္းဂိုး မွားယြင္းစြာ ပယ္ဖ်က္ခံခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီပြဲစဥ္အၿပီးမွာ ကေလာ့ပ္က ပရီးမီးယားလိဂ္ကို ပြဲျပန္ကစားခြင့္ေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာ ဘာမွ မထူးေတာ့ဘူးလို႔ လက္ေလွ်ာ့သြားခဲ့တာေၾကာင့္ အဲဒီကိစၥက ေတာ္ေတာ္ေလး ၿငိမ္သက္လာေနၿပီျဖစ္ပါတယ္။

စပါးစ္ၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆင္က ၿငိမ္သက္ေနတဲ့ ကန္ေရျပင္ကို ခဲလုံးနဲ႔ ပစ္လိုက္သလို လီဗာပူးလ္ေနာက္ခံလူ အလက္ဇန္းဒါး-အာႏိုးကို ဩစေၾတးလ်၊ အီတလီတို႔နဲ႔ ကစားရမယ့္ ပြဲစဥ္မတိုင္ခင္ အဂၤလန္အသင္းနဲ႔ ပူးေပါင္းဖို႔ စိန႔္ေဂ်ာ့ဂ်္ပါ့ခ္ကို ေရာက္ရွိခဲ့ၿပီးေနာက္ ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။

မက္ဒီဆင္က အလက္ဇန္းဒါး-အာႏိုးက ၎ကို လက္ဟန္ေျခဟန္နဲ႔ စကားေျပာဆိုေနတဲ့ ဓာတ္ပုံကို မွ်ေဝခဲ့ၿပီး “ျပန္ကစားခိုင္းဖို႔ ေတာင္းဆိုေနတုန္းလား”လို႔ ေရးသားခဲ့တာျဖစ္ၿပီး လီဗာပူးလ္ေနာက္ခံလူ အာႏိုးကေတာ့ ေတာ္ေတာ္ေလး ေအာင့္သက္သက္ျဖစ္ခဲ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.