MLS Messi Saudi League

မက်ဆီနဲ့ ရော်နယ်လ်ဒို အငြင်းအခုံကို ပြီးပြည့်စုံတဲ့အဖြေပေးခဲ့တဲ့ မော်ရင်ညို

ဂျိုဆေး မော်ရင်ညိုဟာ ကာလရှည်ကြာရှိနေခဲ့တဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ထဲက ဘယ်သူက တသက်တာအကောင်းဆုံးကစားသမားလဲဆိုတဲ့ အငြင်းအခုံကို ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု ပြုလုပ်ခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကြာတဲ့အချိန်အထိ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ထိပ်တန်းအဆင့်မှာ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ၎င်းတို့ကြားက တိုက်ပွဲဟာ လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့အတွက် ကိုယ်စားပြု ကစားပေးခဲ့ကြတုန်းက အပြင်းထန်ဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအတွက် ရယူပေးနိုင်ခဲ့ပြီးကတည်းက ပရိသတ်အများစုက အာဂျင်တီးနားကြယ်ပွင့်ဟာ ဘောလုံးလောကရဲ့ GOAT နေရာကို အခိုင်အမာ ရယူနိုင်ခဲ့ပြီလို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒို ပရိသတ်တွေကလည်း အဲဒါနဲ့ပတ်သက်ပြီး ပြောစရာတစ်ခုခုက အမြဲတမ်း ရှိနေမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက မော်ရင်ညိုက အာဂျင်တီးနားကြယ်ပွင့်နဲ့ ပေါ်တူဂီကြယ်ပွင့်တို့ကြား တစ်ဦးကို ရွေးချယ်မယ့်အစား နှစ်ဦးစလုံးကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ထင်တာက သူတို့တွေက တူညီတဲ့မျိုးဆက်တစ်ခုထဲမှာ ရှိနေတာက ကံကောင်းသလို ကံလည်း ဆိုးပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိင်နိုင်တာကြောင့် ကံကောင်းပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အပြုသဘောဆောင်တဲ့ ပုံစံနဲ့ ကြည့်ပြီး စိတ်ဓာတ်ခွန်အားအပိုရယူနိုင်တယ်။ သူတို့ထဲက တစ်ယောက်ပဲ ရှိခဲ့မယ်ဆိုရင် သူတို့တွေ ရွှေဖိနပ် ၁၀ ခုလောက်ရှိပါလိမ့်မယ်။ အခု သူတို့တွေက အဆင့်အတန်းကို တကယ်ကို မြင့်မြင့်မားမား သတ်မှတ်ထားလိုက်ပြီလို့ ထင်တယ်။ သူတို့နောက်မှာ ပေါ်ထွက်လာတဲ့ ကစားသမားတွေကို ကျွန်တော်ကတော့ မွန်းစတားလေးတွေလို့ ခေါ်တယ်။ အဆင့်အတန်းက မြင့်မားနေရမယ်။ အဲဒီတော့ နေမာ၊ အမ်ဘာပေ၊ ဂရစ်ဇ်မန်းတို့အတွက် မယုံနိုင်စရာ တွန်းအားဖြစ်ပါလိမ့်မယ်။ ကံဆိုးစွာနဲ့ ခရစ္စတီယာနိုနဲ့ မက်ဆီတို့က တသက်လုံး ကစားနိုင်မှာမဟုတ်ပါဘူး။”

မော်ရင်ညိုက ဘောလုံးလောကမှာ ထွက်ပေါ်ခဲ့တဲ့ ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားအဖြစ် ဘရာဇီးလ်ဂန္တဝင် ရိုနာလ်ဒိုကို သတ်မှတ်ထားတယ်လို့ Corriere dello Sport က ဖော်ပြခဲ့ပါတယ်။

“ရိုနာလ်ဒိုက အကောင်းဆုံးကစားသမားပါ။ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့က ပိုပြီးရှည်လျားတဲ့ ကစားသမားဘဝရှိခဲ့ကြပါတယ်။ သူတို့တွေက ၁၅ နှစ်လောက်အထိ နေ့တိုင်း ထိပ်တန်းအဆင့်မှာ ရှိနေအောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ပါရမီနဲ့ အရည်အချင်းအပိုင်းအကြောင်းပဲ ပြောမယ်ဆိုရင် ဘယ်သူကမှ ရိုနာလ်ဒိုကို ကျော်ဖြတ်နိုင်မှာမဟုတ်ပါဘူး။ သူ ဘာစီလိုနာမှာ ဘရိုင်ယန် ရော့ဘ်ဆင်နဲ့အတူ ကစားခဲ့တဲ့အချိန်တုန်းက ကျွန်တော် ကွင်းထဲမှာ မြင်တွေ့ခဲ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံးဆိုတာကို သိခဲ့ရတယ်။ ဒဏ်ရာပြဿနာတွေက ကစားသမားဘဝကို သတ်ခဲ့ပြီး အဲဒီလိုသာ မဟုတ်ခဲ့ရင် ဒီထက်တောင် ပိုပြီးတော့ မယုံနိုင်စရာကောင်းခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အသက် ၁၉ နှစ်သား ကောင်လေးတစ်ယောက်ရဲ့ ပါရမီကတော့ မယုံနိုင်စရာကောင်းတဲ့အရာဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ိဳေဆး ေမာ္ရင္ညိဳဟာ ကာလရွည္ၾကာရွိေနခဲ့တဲ့ လီယြန္နယ္ မက္ဆီနဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုတို႔ထဲက ဘယ္သူက တသက္တာအေကာင္းဆုံးကစားသမားလဲဆိုတဲ့ အျငင္းအခုံကို ၿပီးျပည့္စုံတဲ့ တုံ႔ျပန္မႈ ျပဳလုပ္ခဲ့ပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့အခ်ိန္အထိ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ထိပ္တန္းအဆင့္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ ယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ၿပီး ၎တို႔ၾကားက တိုက္ပြဲဟာ လာလီဂါထိပ္သီးအသင္းႀကီးေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔အတြက္ ကိုယ္စားျပဳ ကစားေပးခဲ့ၾကတုန္းက အျပင္းထန္ဆုံးျဖစ္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီက ၂၀၂၂ ကမာၻ႔ဖလားကို အာဂ်င္တီးနားအတြက္ ရယူေပးႏိုင္ခဲ့ၿပီးကတည္းက ပရိသတ္အမ်ားစုက အာဂ်င္တီးနားၾကယ္ပြင့္ဟာ ေဘာလုံးေလာကရဲ႕ GOAT ေနရာကို အခိုင္အမာ ရယူႏိုင္ခဲ့ၿပီလို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေရာ္နယ္လ္ဒို ပရိသတ္ေတြကလည္း အဲဒါနဲ႔ပတ္သက္ၿပီး ေျပာစရာတစ္ခုခုက အၿမဲတမ္း ရွိေနမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္တုန္းက ေမာ္ရင္ညိဳက အာဂ်င္တီးနားၾကယ္ပြင့္နဲ႔ ေပၚတူဂီၾကယ္ပြင့္တို႔ၾကား တစ္ဦးကို ေ႐ြးခ်ယ္မယ့္အစား ႏွစ္ဦးစလုံးကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ထင္တာက သူတို႔ေတြက တူညီတဲ့မ်ိဳးဆက္တစ္ခုထဲမွာ ရွိေနတာက ကံေကာင္းသလို ကံလည္း ဆိုးပါတယ္။ သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ ယွဥ္ၿပိင္ႏိုင္တာေၾကာင့္ ကံေကာင္းပါတယ္။ သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ အျပဳသေဘာေဆာင္တဲ့ ပုံစံနဲ႔ ၾကည့္ၿပီး စိတ္ဓာတ္ခြန္အားအပိုရယူႏိုင္တယ္။ သူတို႔ထဲက တစ္ေယာက္ပဲ ရွိခဲ့မယ္ဆိုရင္ သူတို႔ေတြ ေ႐ႊဖိနပ္ ၁၀ ခုေလာက္ရွိပါလိမ့္မယ္။ အခု သူတို႔ေတြက အဆင့္အတန္းကို တကယ္ကို ျမင့္ျမင့္မားမား သတ္မွတ္ထားလိုက္ၿပီလို႔ ထင္တယ္။ သူတို႔ေနာက္မွာ ေပၚထြက္လာတဲ့ ကစားသမားေတြကို ကြၽန္ေတာ္ကေတာ့ မြန္းစတားေလးေတြလို႔ ေခၚတယ္။ အဆင့္အတန္းက ျမင့္မားေနရမယ္။ အဲဒီေတာ့ ေနမာ၊ အမ္ဘာေပ၊ ဂရစ္ဇ္မန္းတို႔အတြက္ မယုံႏိုင္စရာ တြန္းအားျဖစ္ပါလိမ့္မယ္။ ကံဆိုးစြာနဲ႔ ခရစၥတီယာႏိုနဲ႔ မက္ဆီတို႔က တသက္လုံး ကစားႏိုင္မွာမဟုတ္ပါဘူး။”

ေမာ္ရင္ညိဳက ေဘာလုံးေလာကမွာ ထြက္ေပၚခဲ့တဲ့ ကစားသမားေတြထဲမွာ အေကာင္းဆုံးကစားသမားအျဖစ္ ဘရာဇီးလ္ဂႏၲဝင္ ႐ိုနာလ္ဒိုကို သတ္မွတ္ထားတယ္လို႔ Corriere dello Sport က ေဖာ္ျပခဲ့ပါတယ္။

“႐ိုနာလ္ဒိုက အေကာင္းဆုံးကစားသမားပါ။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔က ပိုၿပီးရွည္လ်ားတဲ့ ကစားသမားဘဝရွိခဲ့ၾကပါတယ္။ သူတို႔ေတြက ၁၅ ႏွစ္ေလာက္အထိ ေန႔တိုင္း ထိပ္တန္းအဆင့္မွာ ရွိေနေအာင္ ထိန္းသိမ္းထားႏိုင္ခဲ့တယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ ပါရမီနဲ႔ အရည္အခ်င္းအပိုင္းအေၾကာင္းပဲ ေျပာမယ္ဆိုရင္ ဘယ္သူကမွ ႐ိုနာလ္ဒိုကို ေက်ာ္ျဖတ္ႏိုင္မွာမဟုတ္ပါဘူး။ သူ ဘာစီလိုနာမွာ ဘ႐ိုင္ယန္ ေရာ့ဘ္ဆင္နဲ႔အတူ ကစားခဲ့တဲ့အခ်ိန္တုန္းက ကြၽန္ေတာ္ ကြင္းထဲမွာ ျမင္ေတြ႕ခဲ့ဖူးသမွ် ကစားသမားေတြထဲမွာ အေကာင္းဆုံးဆိုတာကို သိခဲ့ရတယ္။ ဒဏ္ရာျပႆနာေတြက ကစားသမားဘဝကို သတ္ခဲ့ၿပီး အဲဒီလိုသာ မဟုတ္ခဲ့ရင္ ဒီထက္ေတာင္ ပိုၿပီးေတာ့ မယုံႏိုင္စရာေကာင္းခဲ့ပါလိမ့္မယ္။ ဒါေပမယ့္ အသက္ ၁၉ ႏွစ္သား ေကာင္ေလးတစ္ေယာက္ရဲ႕ ပါရမီကေတာ့ မယုံႏိုင္စရာေကာင္းတဲ့အရာျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.