Premier League

ပွဲအပြီး ဂန်းနားနည်းပြအဖွဲ့ဝင်နဲ့ အချင်းများခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ဝေါ်ကာနဲ့ ဟာလန်း

အာဆင်နယ်က မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းပယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေနဲ့ ဥမင်လျှောက်လမ်းထဲမှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ကိုင်လီ ဝေါ်ကာ ပါဝင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ မန်ချက်စတာစီးတီးကို ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရစေတာဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဒေါသတွေက ပွက်ပွက်ဆူနေပြီး ဝေါ်ကာနဲ့ အသင်းဖော် ဟာလန်းတို့ဟာ ဥမင်လျှောက်လမ်းဆီကို သွားနေတဲ့ အုပ်စုကို ထိပ်တိုက်ရင်ဆိုင်နေတာ မြင်တွေ့ခဲ့ရပါတယ်။ မန်စီးတီးနောက်ခံလူက မန်ချက်စတာကလပ်အတွက် ၂၀၁၉ ကနေ ၂၀၂၁ အထိ အလုပ်လုပ်ပေးခဲ့ဖူးတဲ့ အာဆင်နယ်တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာရဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ကမ်းလှမ်းမှုကို လစ်လျူရှုခဲ့ပြီးနောက် ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။

ဟာလန်းက အသင်းဖော် ဝေါ်ကာကို ဆွဲဖို့ ကြိုးပမ်းခဲ့ပြီးနောက် နောက်ထပ် နည်းပြအဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတွေ ရောက်လာခဲ့ပြီး နောက်ဆုံးမှာတော့ မန်စီးတီးနောက်ခံလူဟာ ဒေါသတကြီးနဲ့ ဥမင်လျှောက်လမ်းထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ ဂွါဒီယိုလာက ဘာတွေဖြစ်ခဲ့လဲဆိုတာ သိပေမယ့်လည်း ဘာမှ ပြောမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပြီး အာတီတာကတော့ ပြဿနာတက်နေတာကို မမြင်တွေ့ခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီးနောက်ခံလူဟောင်း မီကာ ရစ်ချက်က “ကြည့်ရတာ သူက သူ့လက်ကို လက်ဆွဲနှုတ်ဆက်ခဲ့ပုံပါပဲ။ ဒါပေမယ့် ကိုင်လီက အဲဒီလို မလုပ်ချင်ခဲ့ဘူး။ ကျွန်တော်တို့က အောက်တိုဘာလထဲမှာပါ။ တကယ်လို့ မတ်လ ဒါမှမဟုတ် ဧပြီလထဲဆိုရင် စိတ်ပျက်မှုကို နားလည်ပေးနိုင်ပါတယ်။ သူတို့တွေ အာဆင်နယ်ကို ရှုံးချင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကမ္ဘာကြီး အဆုံးသတ်သွားတာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္က မန္ခ်က္စတာစီးတီးကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ လက္ဆြဲႏႈတ္ဆက္ဖို႔ ျငင္းပယ္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အာဆင္နယ္နည္းျပအဖြဲ႕ဝင္ေတြနဲ႔ ဥမင္ေလွ်ာက္လမ္းထဲမွာ ျဖစ္ပြားခဲ့တဲ့ ရန္ပြဲမွာ ကိုင္လီ ေဝၚကာ ပါဝင္ခဲ့ပါတယ္။

အာဆင္နယ္ဟာ မန္ခ်က္စတာစီးတီးကို ၂ ပြဲဆက္တိုက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေစတာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕အသင္းဟာ ၅ ႏွစ္အတြင္းမွာ ပထမဆုံးအႀကိမ္ ၂ ပြဲဆက္တိုက္ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ ေဒါသေတြက ပြက္ပြက္ဆူေနၿပီး ေဝၚကာနဲ႔ အသင္းေဖာ္ ဟာလန္းတို႔ဟာ ဥမင္ေလွ်ာက္လမ္းဆီကို သြားေနတဲ့ အုပ္စုကို ထိပ္တိုက္ရင္ဆိုင္ေနတာ ျမင္ေတြ႕ခဲ့ရပါတယ္။ မန္စီးတီးေနာက္ခံလူက မန္ခ်က္စတာကလပ္အတြက္ ၂၀၁၉ ကေန ၂၀၂၁ အထိ အလုပ္လုပ္ေပးခဲ့ဖူးတဲ့ အာဆင္နယ္တည္ကန္ေဘာနည္းျပ နီကိုးလတ္စ္ ဂ်ိဳဗာရဲ႕ လက္ဆြဲႏႈတ္ဆက္ဖို႔ ကမ္းလွမ္းမႈကို လစ္လ်ဴရႈခဲ့ၿပီးေနာက္ ျပႆနာတက္ခဲ့တာျဖစ္ပါတယ္။

ဟာလန္းက အသင္းေဖာ္ ေဝၚကာကို ဆြဲဖို႔ ႀကိဳးပမ္းခဲ့ၿပီးေနာက္ ေနာက္ထပ္ နည္းျပအဖြဲ႕ဝင္ေတြနဲ႔ လုံၿခဳံေရးေတြ ေရာက္လာခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ မန္စီးတီးေနာက္ခံလူဟာ ေဒါသတႀကီးနဲ႔ ဥမင္ေလွ်ာက္လမ္းထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဂြါဒီယိုလာက ဘာေတြျဖစ္ခဲ့လဲဆိုတာ သိေပမယ့္လည္း ဘာမွ ေျပာမွာမဟုတ္ဘူးလို႔ တုံ႔ျပန္ခဲ့ၿပီး အာတီတာကေတာ့ ျပႆနာတက္ေနတာကို မျမင္ေတြ႕ခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးေနာက္ခံလူေဟာင္း မီကာ ရစ္ခ်က္က “ၾကည့္ရတာ သူက သူ႔လက္ကို လက္ဆြဲႏႈတ္ဆက္ခဲ့ပုံပါပဲ။ ဒါေပမယ့္ ကိုင္လီက အဲဒီလို မလုပ္ခ်င္ခဲ့ဘူး။ ကြၽန္ေတာ္တို႔က ေအာက္တိုဘာလထဲမွာပါ။ တကယ္လို႔ မတ္လ ဒါမွမဟုတ္ ဧၿပီလထဲဆိုရင္ စိတ္ပ်က္မႈကို နားလည္ေပးႏိုင္ပါတယ္။ သူတို႔ေတြ အာဆင္နယ္ကို ရႈံးခ်င္မွာမဟုတ္ပါဘူး။ ဒါေပမယ့္ ဒါက ကမာၻႀကီး အဆုံးသတ္သြားတာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.