အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဂျော်ဂျင်ညိုနဲ့ အော်ဒီဂွါဒ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ နကီးတီးယား၊ ဂျေဆူးစ်နဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် မန်ချက်စတာစီးတီးတို့ကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ အာကေ၊ ဝေါ်လ်ကာနဲ့ ဂွါဒီယောလ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ကိုဗာချစ်ချ်၊ ဖိုဒန်၊ ရီကို လူးဝစ္စနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဟားလန်းကို အထောင်ထားလာခဲ့တာပါ။
ပွဲစကတည်းက နှစ်သင်းစလုံး ကွင်းလယ်မှာပဲ အပြိုင်ပိတ်ဆို့နေခဲ့ကြပြီး ဂျော်ဂျင်ညို ပါလာတဲ့ အာဆင်နယ်တို့က ကွင်းလယ်မှာ အရင်ထက် လူတစ်ယောက်ပိုတဲ့ အခင်းအကျင်းကို အသုံးပြုခဲ့တာကြောင့် ခံစစ်မှာ လုံတယ်လို့ ဆိုနိုင်ပေမယ့် တိုက်စစ်ပံ့ပိုးမှုပိုင်းမှာတော့ အားနည်းခဲ့တာကြောင့် မန်စီးတီးတို့နဲ့အပြိုင် အမှားမခံဘဲ စောင့်ကစားခဲ့ကြပြီး ဘယ်အသင်းမှ ဒိန်းဂျားတွေ မလုပ်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။
အာဆင်နယ်ဘက်က MNL အဆင့်နဲ့ ရန်ကုန်ယူနိုက်တက်မှာ လာကစားသင့်တဲ့ နကီးတီးယားကတော့ နေရာယူပုံအလွဲတွေနဲ့ ကြိုးစားအားထုတ်မှုနည်းပြီး ပရိသတ်တွေကို သွေးတက်စေခဲ့သလို တိုက်စစ်မှာ လူတစ်ယောက်ပုပ်ပြီး မန်စီးတီးခံစစ်သမားတွေကို ပျော်ရွှင်စေနိုင်ခဲ့တာကြောင့် တစ်ချိန်လုံး လိုက်ကစားနေရတဲ့ အသင်းဖော်တွေကို အားလျော့စေခဲ့တာပါ။
ဒီနေ့ပွဲမှာလည်း အောက်တန်းစား VAR ရဲ့ ယုတ်မာမှုက မြင်သာခဲ့ပြီး ဒိုင်လူကြီး မိုက်ကယ် အိုလီဗာကလည်း ကြံရာပါဖြစ်ခဲ့တဲ့နောက် ပွဲချိန် ၂၉ မိနစ်မှာ အနီပြရမယ့် ကိုဗာချစ်ချ်ရဲ့ ဖျက်ထုတ်မှုကို အဝါနဲ့ သူခိုးဈေးပေးသွားခဲ့သလို နောက်တစ်ကြိမ် ဒက်ကလန် ရိုက်စ်ကို ခြေထိုးခံရာမှာလည်း ဘာမှ မလုပ်ခဲ့တာကြောင့် အာဆင်နယ်ကစားသမားတွေ စောဒကတက်ခဲ့ကြသလို အမ်းမရိတ်တစ်ကွင်းလုံးကလည်း အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်း ပြန်စချိန်မှာ ထရော့ဆတ်အစား မာတီနယ်လီ ဝင်လာခဲ့ပေမယ့် ကွင်းထဲမှာ လူတစ်ယောက် အပိုရအောင် ထည့်ထားတဲ့ အာတီတာရဲ့ ဂျော်ကြီးကလည်း တဖြည်းဖြည်းနဲ့ လမ်းအလျှောက်နိုင်ဆုံးဆုကို ဆွတ်ခူးဖို့ ကြိုးစားလာတာကြောင့် မန်စီးတီးတို့ ဘောလုံးပိုရလာခဲ့သလို အာဆင်နယ်တို့ကတော့ မမှားအောင်ပဲ ကြိုးစားနေခဲ့ရတာပါ။
မာတီနယ်လီကတော့ သွေးပူအောင်နဲ့ ပုံမှန်ခြေ ပြန်ရအောင် ကြိုးစားနေခဲ့ရသလို ဒဏ်ရာကို ပြန်ထိမှာ စိုးတာကြောင့် ဝေါ်လ်ကာကို မကျော်နိုင်ဘဲဖြစ်နေခဲ့ချိန်မှာ မန်စီးတီးတို့ဘက်က ရီကို လူးဝစ္စ၊ ကိုဗာချစ်ချ်နဲ့ အယ်လ်ဗာရက်ဇ်တို့အစား ဂျွန်စတုန်းစ်၊ မက်သီယူးစ် နူးနက်စ်နဲ့ ဒိုကူးတို့ကို ထည့်ခဲ့ပြီး အာဆင်နယ်တို့ကတော့ ဇင်ချန်ကို၊ ဂျော်ဂျင်ညိုနဲ့ နကီးတီးယားတို့အစား တိုမီယာစု၊ ပါတေးနဲ့ ဟာဗတ်ဇ်တို့ကို လူစားလဲလာခဲ့ပါတယ်။
ပါတေးနဲ့ ရိုက်စ်အတွဲကို မန်စီးတီးတိုက်စစ်က ကျော်ဖို့ ခက်နေခဲ့ပြီး ဖိုဒန်နဲ့ ဒိုကူးတို့ကို သူတို့နဲ့ တောင်ပံတွေက ပိတ်ဆို့ထားနိုင်ခဲ့တဲ့နောက်မှာတော့ အာဆင်နယ်တို့ ဗျူဟာပြောင်းပြီး တိုက်စစ်ကို အဝေးဘောတွေ တိုက်ရိုက်ပေးပို့ဖို့ ကြိုးစားလာခဲ့ရာမှာ တစ်ယောက်မှ လဲမထားတဲ့ နောက်တန်းလေးယောက်က ရုန်းကန်ခဲ့ရတာပါ။
ပွဲချိန် ၈၆ မိနစ်မှာတော့ အာဆင်နယ်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပါတေးက ဧရိယာထိပ်ကို လှမ်းမ,ပေးတဲ့ အဝေးဘောကို တိုက်စစ်လိုက်ကစားနေတဲ့ တိုမီယာစုက ခေါင်းတိုက်ချပေးရာမှာ ဟာဗတ်ဇ် ရခဲ့ပေမယ့် မကန်သာလို့ နောက်ပြန်ချပေးတဲ့ ဘောလုံးကို မာတီနယ်လီက အပြင်းကန်သွင်းရာမှာ အာကေနဲ့ ရှပ်ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ အီဒါဆန် ငုတ်တုတ်မေ့ခဲ့ရပါတယ်။
လက်ကျန်ပွဲချိန်တွေကိုတော့ အာဆင်နယ်တို့ ပါးပါးနပ်နပ် ကစားပြီး နိုင်ပွဲရယူသွားခဲ့သလို အာတီတာလက်ထက်မှာ မန်စီးတီးကို ပရီးမီးယားလိဂ်နိုင်ပွဲ မရဖူးသေးတဲ့ မှတ်တမ်းဆိုးကိုလည်း ချိုးဖျက်သွားနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ဂန်းနားတွေအနေနဲ့ စပါးစ်နဲ့ အမှတ်တူ ဂိုးကွာခြားချက်တူ သွင်းဂိုးအနည်းနဲ့ ဒုတိယနေရာကို ရယူသွားခဲ့ချိန်မှာ နှစ်ပွဲဆက်ရှုံးတဲ့ စီတီဇင်တွေကတော့ တတိယနေရာကို ကျဆင်းသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ နကီးတီးယား၊ ေဂ်ဆူးစ္နဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ မန္ခ်က္စတာစီးတီးတို႔ကေတာ့ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ အာေက၊ ေဝၚလ္ကာနဲ႔ ဂြါဒီေယာလ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား၊ ကိုဗာခ်စ္ခ်္၊ ဖိုဒန္၊ ရီကို လူးဝစၥနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟားလန္းကို အေထာင္ထားလာခဲ့တာပါ။
ပြဲစကတည္းက ႏွစ္သင္းစလုံး ကြင္းလယ္မွာပဲ အၿပိဳင္ပိတ္ဆို႔ေနခဲ့ၾကၿပီး ေဂ်ာ္ဂ်င္ညိဳ ပါလာတဲ့ အာဆင္နယ္တို႔က ကြင္းလယ္မွာ အရင္ထက္ လူတစ္ေယာက္ပိုတဲ့ အခင္းအက်င္းကို အသုံးျပဳခဲ့တာေၾကာင့္ ခံစစ္မွာ လုံတယ္လို႔ ဆိုႏိုင္ေပမယ့္ တိုက္စစ္ပံ့ပိုးမႈပိုင္းမွာေတာ့ အားနည္းခဲ့တာေၾကာင့္ မန္စီးတီးတို႔နဲ႔အၿပိဳင္ အမွားမခံဘဲ ေစာင့္ကစားခဲ့ၾကၿပီး ဘယ္အသင္းမွ ဒိန္းဂ်ားေတြ မလုပ္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။
အာဆင္နယ္ဘက္က MNL အဆင့္နဲ႔ ရန္ကုန္ယူႏိုက္တက္မွာ လာကစားသင့္တဲ့ နကီးတီးယားကေတာ့ ေနရာယူပုံအလြဲေတြနဲ႔ ႀကိဳးစားအားထုတ္မႈနည္းၿပီး ပရိသတ္ေတြကို ေသြးတက္ေစခဲ့သလို တိုက္စစ္မွာ လူတစ္ေယာက္ပုပ္ၿပီး မန္စီးတီးခံစစ္သမားေတြကို ေပ်ာ္႐ႊင္ေစႏိုင္ခဲ့တာေၾကာင့္ တစ္ခ်ိန္လုံး လိုက္ကစားေနရတဲ့ အသင္းေဖာ္ေတြကို အားေလ်ာ့ေစခဲ့တာပါ။
ဒီေန႔ပြဲမွာလည္း ေအာက္တန္းစား VAR ရဲ႕ ယုတ္မာမႈက ျမင္သာခဲ့ၿပီး ဒိုင္လူႀကီး မိုက္ကယ္ အိုလီဗာကလည္း ႀကံရာပါျဖစ္ခဲ့တဲ့ေနာက္ ပြဲခ်ိန္ ၂၉ မိနစ္မွာ အနီျပရမယ့္ ကိုဗာခ်စ္ခ်္ရဲ႕ ဖ်က္ထုတ္မႈကို အဝါနဲ႔ သူခိုးေဈးေပးသြားခဲ့သလို ေနာက္တစ္ႀကိမ္ ဒက္ကလန္ ႐ိုက္စ္ကို ေျခထိုးခံရာမွာလည္း ဘာမွ မလုပ္ခဲ့တာေၾကာင့္ အာဆင္နယ္ကစားသမားေတြ ေစာဒကတက္ခဲ့ၾကသလို အမ္းမရိတ္တစ္ကြင္းလုံးကလည္း ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။
ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္စခ်ိန္မွာ ထေရာ့ဆတ္အစား မာတီနယ္လီ ဝင္လာခဲ့ေပမယ့္ ကြင္းထဲမွာ လူတစ္ေယာက္ အပိုရေအာင္ ထည့္ထားတဲ့ အာတီတာရဲ႕ ေဂ်ာ္ႀကီးကလည္း တျဖည္းျဖည္းနဲ႔ လမ္းအေလွ်ာက္ႏိုင္ဆုံးဆုကို ဆြတ္ခူးဖို႔ ႀကိဳးစားလာတာေၾကာင့္ မန္စီးတီးတို႔ ေဘာလုံးပိုရလာခဲ့သလို အာဆင္နယ္တို႔ကေတာ့ မမွားေအာင္ပဲ ႀကိဳးစားေနခဲ့ရတာပါ။
မာတီနယ္လီကေတာ့ ေသြးပူေအာင္နဲ႔ ပုံမွန္ေျခ ျပန္ရေအာင္ ႀကိဳးစားေနခဲ့ရသလို ဒဏ္ရာကို ျပန္ထိမွာ စိုးတာေၾကာင့္ ေဝၚလ္ကာကို မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့ခ်ိန္မွာ မန္စီးတီးတို႔ဘက္က ရီကို လူးဝစၥ၊ ကိုဗာခ်စ္ခ်္နဲ႔ အယ္လ္ဗာရက္ဇ္တို႔အစား ဂြၽန္စတုန္းစ္၊ မက္သီယူးစ္ ႏူးနက္စ္နဲ႔ ဒိုကူးတို႔ကို ထည့္ခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ ဇင္ခ်န္ကို၊ ေဂ်ာ္ဂ်င္ညိဳနဲ႔ နကီးတီးယားတို႔အစား တိုမီယာစု၊ ပါေတးနဲ႔ ဟာဗတ္ဇ္တို႔ကို လူစားလဲလာခဲ့ပါတယ္။
ပါေတးနဲ႔ ႐ိုက္စ္အတြဲကို မန္စီးတီးတိုက္စစ္က ေက်ာ္ဖို႔ ခက္ေနခဲ့ၿပီး ဖိုဒန္နဲ႔ ဒိုကူးတို႔ကို သူတို႔နဲ႔ ေတာင္ပံေတြက ပိတ္ဆို႔ထားႏိုင္ခဲ့တဲ့ေနာက္မွာေတာ့ အာဆင္နယ္တို႔ ဗ်ဴဟာေျပာင္းၿပီး တိုက္စစ္ကို အေဝးေဘာေတြ တိုက္႐ိုက္ေပးပို႔ဖို႔ ႀကိဳးစားလာခဲ့ရာမွာ တစ္ေယာက္မွ လဲမထားတဲ့ ေနာက္တန္းေလးေယာက္က ႐ုန္းကန္ခဲ့ရတာပါ။
ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ပါေတးက ဧရိယာထိပ္ကို လွမ္းမ,ေပးတဲ့ အေဝးေဘာကို တိုက္စစ္လိုက္ကစားေနတဲ့ တိုမီယာစုက ေခါင္းတိုက္ခ်ေပးရာမွာ ဟာဗတ္ဇ္ ရခဲ့ေပမယ့္ မကန္သာလို႔ ေနာက္ျပန္ခ်ေပးတဲ့ ေဘာလုံးကို မာတီနယ္လီက အျပင္းကန္သြင္းရာမွာ အာေကနဲ႔ ရွပ္ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ အီဒါဆန္ ငုတ္တုတ္ေမ့ခဲ့ရပါတယ္။
လက္က်န္ပြဲခ်ိန္ေတြကိုေတာ့ အာဆင္နယ္တို႔ ပါးပါးနပ္နပ္ ကစားၿပီး ႏိုင္ပြဲရယူသြားခဲ့သလို အာတီတာလက္ထက္မွာ မန္စီးတီးကို ပရီးမီးယားလိဂ္ႏိုင္ပြဲ မရဖူးေသးတဲ့ မွတ္တမ္းဆိုးကိုလည္း ခ်ိဳးဖ်က္သြားႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ဂန္းနားေတြအေနနဲ႔ စပါးစ္နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္တူ သြင္းဂိုးအနည္းနဲ႔ ဒုတိယေနရာကို ရယူသြားခဲ့ခ်ိန္မွာ ႏွစ္ပြဲဆက္ရႈံးတဲ့ စီတီဇင္ေတြကေတာ့ တတိယေနရာကို က်ဆင္းသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.